ဆိုလာပြားများကို အလိုအလျှောက် သန့်ရှင်းပေးနိုင်မည့် အလွှာ တမျိုး

Article Tech

ဆိုလာပြားတွေက ဖုန်ထူနေရင် ထိရောက်စွာ အလုပ် မလုပ်နိုင်သည့်အပြင် ၎င်းတို့ကို ပုံမှန် ဆေးကြောခြင်းကလည်း အချိန် ကုန်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါတယ်။

ယခုအခါ ဂျာမနီရှိ အင်ဂျင်နီယာများက ဆိုလာပြားများနှင့် အခြား မျက်နှာပြင်များကို ကိုယ်တိုင် အလိုအလျှောက် သန့်ရှင်းရေးပြုလုပ်နိုင်သည့် အလွန်ပါးလွှာသော အကာအရံ အသစ်ကို တီထွင်နေပြီ ဖြစ်ပါတယ်။

နေရောင်ခြည်က ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရဲ့ အကြီးမားဆုံး အရင်းအမြစ် ဖြစ်ပြီး ၎င်းကို အသုံးပြုမှုတွေကလည်း လျင် မြန် စွာကြီးထွားလျက်ရှိပါတယ်။

သို့သော် သန်းပေါင်းများစွာသော ဆိုလာပြားများကို သန့်စင်ဖို့အတွက်ကလည်း လုံးဝ မလွယ်ကူပါဘူး။

ဒါ့ကြောင့် ဂျာမနီနိုင်ငံ Fraunhofer Institute မှ သုတေသီများက ဆိုလာပြားတွေကို ၎င်းတို့ကိုယ်တိုင် သန့်ရှင်းအောင် ပြု လုပ်နိုင်ဖို့ဆိုတဲ့ အယူအဆကို အကောင်အထည် ဖော်လိုက်ပါပြီ။

သုတေသီတွေက နေ့ရဲ့အချိန်ပေါ်မူတည်ပြီး ရေအပေါ်တုံ့ပြန်မှုကို ပြောင်းလဲပေးသည့် အကာအရံ တစ်ခုကို ဖန်တီးခဲ့ပြီး ဖုန်မှုန့်များနှင့် အညစ်အကြေးများကို လျင်မြန်စွာ ဖယ်ရှားနိုင်စေတယ်ဟု ဆိုပါတယ်။

အဓိကပါဝင်ပစ္စည်းမှာ တိုက်တေနီယမ်အောက်ဆိုဒ် ဖြစ်ပြီး ၎င်းရဲ့ပုံမှန်အခြေအနေမှာဆိုရင် ရေကို တွန်းလှန်နိုင်ပြီး အလွယ် တကူ စိမ့်ထွက်နိုင်သော အစက်များ ဖြစ်လာပါတယ်။

တိုက်တေနီယမ်အောက်ဆိုဒ်က ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့တဲ့အခါမှာတော့ ဆိုလာမျက်နှာပြင်ကို ရေပါးလွှာသော ရေဖြင့် စိုစွတ်နေစေသည့် မြင့်မားသော ရေဆွဲဆောင်မှုအဖြစ်သို့ ပြောင်းလဲသွားစေပါတယ်။

သရုပ်ပြပုံ Image: Courtesy of Fraunhofer FEP

ဒါဟာ ဆိုလာပြားတွေကို သန့်ရှင်းရေးလုပ်ပေးတဲ့ အကာအရံကို ဖြစ်စေပါတယ်။

နေ့ဘက်မှာ စုပုံနေတဲ့ ဖုန်မှုန့် သို့မဟုတ် အညစ်အကြေးများကို ရေရဲ့ပါးလွှာသောအလွှာက ထိန်းထားနိုင်တဲ့အတွက်ကြောင့် မျက်နှာပြင်တွင် ကပ်မနေပဲ ညဘက်ရောက်မှသာ ရေတွေက အမှုန်အမွှားများအဖြစ်သို့ အလွယ်တကူ ပြောင်းကာ အညစ်အကြေးများကို စုပ်ယူသွားပါတယ်။

ဒါ့အပြင် တိုက်တေနီယမ်အောက်ဆိုဒ်က ခရမ်းလွန်ရောင်ခြည်ဖြင့် ထိတွေ့တဲ့အခါ အော်ဂဲနစ် မော်လီကျူးများကို ဖျက်ဆီးစေပြီး မျက်နှာပြင်ကို ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

ယေဘူယျ အယူအဆကို ကိုယ်တိုင် သန့်ရှင်းရေး လုပ်ပေးတဲ့ ဖန်ခွက် တစ်ခွက်ကို အသုံးပြုပြီး အကောင်အထည်ဖော် စမ်း သပ်ခဲ့တာ ဖြစ်ပါတယ်။

ပိုကောင်းတာက Fraunhofer အဖွဲ့ရဲ့ အကာအရံအသစ်ကို အံ့ဝင်ခွင်ကျဖြစ်အောင် ဒီဇိုင်းထုတ်ထားပြီး ရှိပြီးသား ဆိုလာဆဲလ်တွေ၊ ပြတင်းပေါက်တွေနဲ့ တခြားမျက်နှာပြင်တွေမှာ အသုံးချနိုင်တယ်ဟု ဆိုပါတယ်။

စမ်းသပ်မှုမှာဆိုရင် သုတေသီအဖွဲ့က ဖန်လိပ်များကို အထူ ၁၅၀ နာနိုမီတာ သာရှိသော အကာအရံဖြင့် ဖုံးအုပ်ထားပြီး စမ်း သပ်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အနာဂါတ်မှာဆိုရင် ဆိုလာပြားများကို ကိုယ်တိုင်သန့်ရှင်းလုပ်နိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အရာများဖြင့် စမ်းသပ်မှုတွေ ပြုလုပ်သွားမည်ဟု သိရပါတယ်။

အဆိုပါ သုတေသနကို မြူးနစ်မြို့ရှိ BAU ကုန်စည်ပြပွဲတွင် ဧပြီလအတွင်း ပြသသွားမည်ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com