ရာသီဥတုပြောင်းလဲမှုကြောင့် နွေရာသီအပူချိန်ကို ဆက်လက် မြင့်မားလာစေတာနှင့် အမျှ ပြင်ပ အပန်းဖြေ အနားယူမှုများလည်း လျော့ပါးလာကြပါတယ်။
ဒါ့ကြောင့် အပန်းဖြေအနားယူဖို့အတွက် ပန်ကာများနှင့် သယ်ဆောင်ရ လွယ်ကူသော လေအေးပေးစက်ကဲ့သို့ အအေးပေး နည်းပညာများကို အသုံးပြုလာကြသော်လည်း စခန်းနေရာများတွင် ရှားရှားပါးပါး ရရှိနိုင်သည့် လျှပ်စစ်ဓာတ်အား လိုအပ်လာပါတယ်။
နည်းပညာ ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုများ (TCS) နှင့် သန့်ရှင်းသော စွမ်းအင် အင်ဂျင်နီယာဌာနတို့နှင့်အတူ လုပ် ဆောင်နေတဲ့ UConn သုတေသီ Al Kasani ဟာ တဲတစ်လုံးရဲ့ အတွင်းအပူချိန်ကို ၂၀ ဒီဂရီ အထိ အေးစေမည့် off-grid နည်းပညာအသစ်ကို တီထွင်ခဲ့ပါတယ်။
လုပ်ငန်းစဥ်က ရေ သာ လိုအပ်ပြီး ရေတစ်ဂါလံက တဲရဲ့အအေးပေးနည်းပညာကို ၂၄ နာရီအထိ စွမ်းအင်ပေးနိုင်ပါတယ်။
Kasani က “သဘာဝ တရားကို စူးစမ်းလေ့လာတာဟာ ကျွန်တော်တို့ရဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်ပါတယ်။ အပင်တွေက မြေပြင်က ရေတွေကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ အေးမြစေဖို့အတွက် နေကနေ လိုအပ်တဲ့ စွမ်းအင်ကို ရယူခဲ့တယ်” လို့ ဆိုပါတယ်။
TCS မှ အကြီးတန်းလိုင်စင်မန်နေဂျာ Michael Invernale က စျေးကွက်မှာ လက်ရှိ အထိရောက်ဆုံး နည်းပညာက အနီအောက် ရောင်ခြည်ရောင်ပြန်ဟပ်သည့် တဲဖြစ်ကြောင်း ရှင်းပြပါတယ်။
Michael က “အနီအောက်ရောင်ခြည် အလင်းပြန်တဲ့ တဲတစ်ခုကနေ အပူတွေအားလုံး ထွက်လာပြီး အကောင်းဆုံး အခြေ အနေကတော့ တဲထဲမှာ အပြင်ကလောက် အပူမရှိတော့တာပါပဲ” ဟု ဆိုပါတယ်။
ဒီ evaporative cooling နည်းပညာအသစ်ကြောင့် အတွင်းအပူချိန်ကို ထိန်းသိမ်းနိုင်ပြီး ၁၅ သို့မဟုတ် ၂၀ ဒီဂရီအထိ အေး စေပါတယ်။
ဒါ့အပြင် ၎င်းတို့ရဲ့ပေါ့ပါးသောအထည်က လျှပ်စစ် ပန်ကာများထက် အဆပေါင်းများစွာ သယ်ဆောင်ရ လွယ်ကူစေပြီး ၎င်းတို့ရဲ့အအေးပေးစနစ်ကို ရေနှင့် တိုက်တေနီယမ် နာနိုအမှုန်များကြားတွင် အဆုံးမရှိသော ထပ်ခါတလဲလဲ တုံ့ပြန်မှုများဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် “စွမ်းအား” ပေးတယ်ဟု ဆိုပါတယ်။
အဆိုပါ တဲဟာ ထုတ်လုပ်သူများအတွက် ကုန်ကျစရိတ်သက်သာပြီး အသုံးပြုသူများအတွက်လည်း တတ်နိုင်မှာဖြစ်ပါတယ်။
နောက်ပြီး အစိုဓာတ်ထိန်းနည်းပညာက ရောဂါပိုးမွှား ကင်းစင်အောင် နာနိုအမှုန်များမှပေးသော လေသန့်စင်မှု ကဲ့သို့ ထပ် လောင်း အကျိုးကျေးဇူးတစ်ခုလည်း ပေးစွမ်းပါတယ်။
နာနိုအမှုန်များက ရေထွက်လာတာနှင့်အမျှ အပြန်ပြန် အလှန်လှန် တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။
ရေက ဓာတ်ပြုပစ္စည်းနှင့် ထိတွေ့ကာ ကူးစက်နိုင်သော အရာများကို ပျက်စီးစေတာကြောင့် လေသန့်စင်မှုလို့ ယူဆနိုင်တယ်ဟု ဆိုပါတယ်။
သုတေသီများက လူ့အဖွဲ့အစည်း အတွက် အကျိုးရှိစေသော ထုတ်ကုန်များနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် တီထွင်ဆန်းသစ်မှုများကိုစီးပွားဖြစ်ပြုလုပ်ရာတွင် အထောက်အကူပြုနိုင်အောင် လုပ်ဆောင်နေပါတယ်။
နောက်ဆုံးအနေနဲ့ အပန်းဖြေ စခန်းချသူများအပြင် တောအုပ်များ နှင့် အေးမြသောနေရာတွင် ခိုနားဖို့ အကျိုးကျေးဇူး ရနိုင်သူများ အားလုံးအတွက် စျေးကွက်တွင် တွေ့မြင်ရတော့မည်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
Credit: University of Connecticut