ပန်ကာ ၁၆ လုံးပါတဲ့ ထူးခြားတဲ့ ဒီဇိုင်းနဲ့ Craft Aero ၏ လေယာဉ်သစ် အကြောင်း

Innovation Tech

ဒေသတွင်း ပြေးဆွဲနိုင်သည့် လေယာဉ်အဖြစ် ဒီဇိုင်းထုတ်ထားပြီး ခရီးသည် ၉ ဦး အထိ လိုက်ပါနိုင်တဲ့ Craft Aero တွင် ထူးခြားတဲ့ တောင် ပံ တည်ဆောက်မှုမှာ ပန်ကာ ၁၆ လုံးပါ ရှိပြီး မိုင် 700 အကွာအဝေးထိ သွားနိုင်ပါတယ်။

ကမ္ဘာတွင် eVTOL ၏ လုံးဝမူရင်း အယူအဆ ဆိုတာကို ရှာဖွေရန် ခက်ခဲပါတယ်။ ၂၀၁၆ ခုနှစ်မှ စတင်၍ အယူအဆတွေ၊ အဆိုပြုချက်တွေနဲ့ ဒီဇိုင်းပေါင်း ၄၀၀ ခန့်ကို ကမ္ဘာသို့ မိတ်ဆက်ခဲ့ပါတယ်။

အများစုမှာ အပြင်အဆင် အနည်းငယ်ရှိတဲ့ အနက်မှ ကွဲပြားမှုတွေ ရှိကြပြီး သူတို့ထဲက လက်တစ်ဆုပ်စာ ကိုသာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

သူတို့အကြားမှာ Craft Aero ရဲ့ ခရီးသည် ၉ ဦး လိုက်ပါနိုင်တဲ့ ဒီဆန်းပြားတဲ့ တောင်ပံနဲ့ ခရီးသည်တင်ယာဉ်ကို ထင်ရှားပေါ်လွင်စေပါတယ်။

Photo: Courtesy of Craft Aerospace

အကြီးမားဆုံး ကွာခြားချက်မှာ ကျွန်တော်တို့ရဲ့ VTOL လေယာဉ်ဟာ မိုင် 100 မှ 700 အကွာအဝေးရှိ ဒေသဆိုင်ရာ မစ်ရှင်တွေ အတွက် ဒီဇိုင်းထုတ်ထားပြီး ခရီးအမြန်နှုန်း 300 knots (တစ်နာရီလျှင် ၃၄၅ မိုင်နှုန်း) သွားနိုင်တယ်လို့ Craft Aero ရ​ဲ့ ဥက္ကဌ James Dorris က Robb Report သို့ ပြောကြားခဲ့ပါတယ်။

လေယာဉ်ဗိသုကာနဲ့ နည်းပညာ ရွေးချယ်မှုအားလုံးဟာ ဒီပန်းတိုင်တွေကို ဆောင်ရွက်ပေးတဲ့အပြင် VTOL မှ ပျံသန်းမှု အကူးအပြောင်း ဒိုင်းနမစ်ကို တတ်နိုင်သမျှ ချောမွေ့အောင် ဘယ်လို ပြုလုပ်ရမယ်ဆိုတာကို အာရုံစိုက်ထားပါတယ်။

အောက်တောင်ပံဟာ လေယာဉ်ကိုယ်ထည်ရဲ့ ရှေ့ဘက်တွင် တွယ်ကပ်နေပြီး ပုံမှန်တောင်ပံကဲ့သို့ နောက်သို့ လှည့်ထားပါတယ်။

သို့ပေမယ့် တောင်ပံဟာ ထိပ်ဖျားတွင် အဆုံးသတ်မယ့်အစား ၎င်းဟာ သူ့ကိုယ်သူ ပြန်လည် ရစ်ပတ်ကာ အမြီးဆီသို့ ဆွဲဆန့်ထားပြီး ကွင်းတစ်ခုကို ဖန်တီးပါတယ်။

အရှေ့ဘက်မှကြည့်လျှင် တောင်ပံတွေဟာ ကွေးထားတဲ့ စက္ကူညှပ်နဲ့တူပြီး အပေါ်မှ ကြည့်လျှင် စိန် ပုံသဏ္ဍာန် ရှိပါတယ်။

ခြုံငုံကြည့်လျှင် လေယာဉ်ဟာ eVTOL အများစုထက် ပုံမှန် လေယာဉ်နဲ့ ပိုတူသော်လည်း ဆံပင်မှာ ချည်ထားတဲ့ ဖဲပြားတစ်ခုနဲ့ တူပါတယ်။

Photo: Courtesy of Craft Aerospace

ထိုဒီ ဇိုင်းကနေ ဒေါင်လိုက် ပျံတက်နိုင်ပုံဟာ အသွင်အပြင်ထက် ပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းပါတယ်။

တောင်ပံတွေရဲ့ အနောက်ဘက်ကနေ ဆွဲဆန့်ထားတဲ့ တောင်ပံချပ်တွေဟာ လေကြောင်းကို မြေပြင်သို့ လမ်းကြောင်းပြောင်းရန် အောက်သို့ ကွေးချပြီး ပန်ကာ ၁၆ ခုဟာ တွန်းအားကို ဖန်တီးပါတယ်။

တောင်ပံချပ်တွေကို ပြန်လည်ရုပ်သိမ်းပြီး တွန်းအားကို ရှေ့သို့ ရွှေ့စေပါတယ်။

“ကျွန်တော်တို့ရဲ့ ဟိုက်ဘရစ်လျှပ်စစ်တွန်းကန်အားစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် လူသိများပြီး ယုံကြည်စိတ်ချရတဲ့ တာဘိုရှပ်အင်ဂျင်ကို အသုံးပြုပါမယ်” လို့ Dorris မှ ပြောကြားခဲ့ပါတယ်။

Craft Aero ဟာ ဟိုက်ဘရစ်-လျှပ်စစ် powertrain ခရီးသည်ကိုးဦး သို့မဟုတ် စုစုပေါင်း ပေါင် ၂၅၀၀ ကို လေထဲသို့ သယ်ဆောင်နိုင်ပြီး ကာဗွန်ဖိုက်ဘာ ကိုယ်ထည်အား သူ့ရဲ့အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၃၄၅ မိုင်နှုန်းအထိ တွန်းပို့ပေးနိုင်ဖို့ Craft Aero မှ စီမံထားပါတယ်။

အဆိုပါအကွာအဝေးဟာ အမေရိကန်ရှိ လက်ရှိပြည်တွင်းလမ်းကြောင်းတွေရဲ့ 65 ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး သူ့ရဲ့ ကနဦး ပစ်မှတ် စျေးကွက်ဖြစ်တဲ့ ရှိရင်းစွဲ ရဟတ်ယာဉ်ဆင်းတဲ့နေရာတွေနဲ့ လေဆိပ်တွေကို အသုံးပြုပြီး ဒေသတွင်း တစ်မြို့မှ တစ်မြို့ဆီသို့ သယ်ယူပို့ဆောင်ရေးအတွက် အလွန်သင့်လျော်ပါတယ်။

Photo: Courtesy of Craft Aerospace

ကုမ္ပဏီဟာ မကြာသေးမီက ပြသထားတဲ့ ဒီဇိုင်းပုံစံကိုသုံးပြီး သက်သေပြနိုင် တဲ့ဒရုန်း အသေးစား တစ်ခုကို တည် ဆောက်ပြီးဖြစ်ပါတယ်။

ကုမ္ပဏီဟာ agilityprime.com (eVTOL ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်တဲ့ အမေရိကန်လေတပ်ဆိုဒ်) တွင် စွမ်းဆောင်ရည်မြင့် တာဘိုင်တွေနဲ့ လေခွင်းအားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုချက်ကို တင်ခဲ့ပါတယ်။

ကုမ္ပဏီက ချို့ယွင်းချက်မရှိဘဲ ပိုပြီးသွက်လက်၊ ပိုလုံခြုံပြီး ရယူ လည်ပတ်ဖို့ ကုန်ကျစရိတ်ပိုသက်သာတဲ့ V-22 Osprey ရဲ့ ညီငယ်လို သူတို့ကို စဥ်းစားဖို့ ရေးသားခဲ့ပါတယ်။

ပြီးပြည့်စုံတဲ့ VTOL ရဲ့ ရှေ့ပြေးပုံစံကို ၂၀၂၂ တွင်ထုတ်လွှင့်ပြီး ၂၀၂၅ တွင် အောက်ပါထောက်ခံချက်တွေနဲ့ ၂၀၂၆ တွင် ထုတ်လုပ်မှု မော်ဒယ်တွေ ထွက်ပေါ်လာဖို့ မျှော်မှန်းထားပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *