အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်မှ ထူးဆန်းသော သတ္တဝါ အသစ်များ

Article Nature

CSIRO ရဲ့ အထင်ကရ ရေယာဉ် RV Investigator ဟာ အိန္ဒိယ အရှေ့မြောက်ဘက် အိန္ဒိယသမုဒ္ဒရာသို့ သိပ္ပံနည်းကျ ခရီးစဉ် နှစ်ခုအနက် ဒုတိယမြောက် ခရီးမှ ပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Museums Victoria မှ ဦးဆောင်သည့် ခရီးစဉ်မှာဆိုရင် အသစ်တွေ့ရှိထားတဲ့ ငါးရှဉ့်များ၊ လင်းနို့ငါးများ၊ ပင့်ကူငါးများနှင့် ၁၈၈၃ ခုနှစ် အတွင်း ကရာကာတိုအာ မီးတောင်ပေါက်ကွဲမှုမှ ပျက်စီးဆုံးရှုံးခဲ့တဲ့ မျိုးစိတ် နမူနာတွေကိုလည်း ပြန်လည် ယူ ဆောင် လာခဲ့နိုင်ကြပါတယ်။

ပင်လယ်ကြမ်းပြင်ကိုဖြတ်ကူးဖို့ ၎င်းတို့ရဲ့ လက်မောင်းနှင့်တူသော ခြေလက်များကို အသုံးပြုသည့် ရေနက်ပိုင်းနေ လင်းနို့ ငါး ခေါ် batfish တွေမှာဆိုရင် သားကောင်များကို ဆွဲဆောင်ဖို့အတွက် အခေါင်းပေါက်များ ရှိကြပါတယ်။

Batfish တကောင် Image: Courtesy of Benjamin Healley / Museums Victoria

သိပ္ပံပညာရှင် ဒေါက်တာ Tim O’Hara က ခရစ္စမတ်နှင့် Cocos (Keeling) ကျွန်းများအနီးတဝိုက်တွင် စူးစမ်း လေ့လာသည့် နေရာ အများစုမှာဆိုရင် ယခင်က မမြင်ဖူးတဲ့ မျိုးစိတ် အသစ်တွေကို မြင်တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းတို့က အဆိုပါဧရိယာတစ်ဝိုက်ရှိ သမုဒ္ဒရာကြမ်းပြင်ကို ပထမဆုံးအကြိမ် ပုံဖော်နေပြီး ဂေဟဗေဒပညာရှင်များအတွက်လည်း အပြည့်အဝလုပ်ဆောင်ဖို့ အချိန်ယူရမည့် အချက်အလက်များကို စုဆောင်းလျှက်ရှိပါတယ်။

၎င်းတို့က ယခင်က မသိသေးတဲ့ မျက်မမြင်ငါးရှဉ့် blind eel ကို အနက် ၅ ကီလိုမီတာခန့်တွင် တွေ့ရှိခဲ့ပါတယ်။

ထိုအနက်မှာဆိုရင် အလင်းသိပ်မရှိပါဘူး၊ ဒါ့ကြောင့် ၎င်းမှာ ဖွံ့ဖြိုးမှု နည်းတဲ့မျက်လုံးနှင့် ကြည်လင်တဲ့ အသားအရည် ရှိပါတယ်။

Blind Eel တကောင်အား မြင်ရစဉ် Image: Courtesy of Benjamin Healley / Museums Victoria

အမတွေက ငယ်ရွယ်တဲ့အချိန်မှာတောင် မွေးဖွားကြတာကြောင့် ငါးတွေထဲမှာတော့ အလွန် ရှားပါးပါတယ်။

Sloane ရဲ့ Viperfish ကတော့ ၎င်းရဲ့ သွားများကြောင့် ထင်ရှားပါတယ်။ မေးရိုးပိတ်နေသော်လည်း ၎င်းတို့ကို ရှင်းရှင်း လင်းလင်း မြင်နိုင်ပါတယ်။

Viperfish Image: Courtesy of Benjamin Healley / Museums Victoria

အဆိုပါ ငါးတွေက သားကောင်ကို ဆွဲဆောင်ဖို့ အတွက် ၎င်းတို့ရဲ့အောက်ပိုင်းနှင့် ဆူးတောင်များပေါ်တွင် ဇီဝ အလင်းဖြာ ထွက် နိုင်ကြပါတယ်။

Flatfish တွေကတော့ ဦးခေါင်းရဲ့ တစ်ဖက်ခြမ်းထဲမှာပဲ မျက်လုံးနှစ်ဖက်ပါရှိပါတယ်။

Flatfish Image: Courtesy of Benjamin Healley / Museums Victoria

မျက်လုံးတစ်ဖက်ကို မေးရိုးအထက်တွင် တွေ့မြင်ရပြီး ကျန်တစ်ဖက်က ပင်လယ်ကြမ်းပြင်ပေါ်တွင် ဖုံးကွယ်ထားနိုင်စေဖို့ ရွေ့ပြောင်းနိုင်ကြပါတယ်။

Highfin Lizard ငါးများက ပင်လယ်ရေနက်ပိုင်းနေ သားကောင်များဖြစ်ကြပါတယ်။

Highfin Lizard Image: Courtesy of Benjamin Healley / Museums Victoria

၎င်းတို့က တပြိုင်နက်တည်း ကျားမမျိုးပွားများ ဖြစ်ကြပြီး အထီး နှင့် အမ မျိုးပွားခြင်းဆိုင်ရာ တစ်ရှူးများကို တစ်ချိန်တည်းတွင် လုပ်ဆောင်ပါတယ်။

ဒီငါးကိုတော့ ပင့်ကူငါး Spiderfish တစ်ကောင် ဖြစ်နိုင်တယ်ဟု ဆိုကြပေမည့် သုတေသီတွေက သေချာမသိကြပါဘူး။

ပင့်ကူငါးများက သမုဒ္ဒရာကြမ်းပြင်နေကာ ဆူးတောင်များဖြင့် ရွေ့လျားနေသော ပုစွန်များကို စားသုံးကြပါတယ်။

Spiderfish Image: Courtesy of Benjamin Healley / Museums Victoria

သုတေသီတွေက သက်ရှိသတ္တဝါများကို ရှာဖွေတွေ့ရှိရုံသာမက၊ ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းများစွာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com