Mitsubishi Electric နှင့် တိုကျို ဘောလုံးကစားသမား Keisuke Honda မှ ကျောထောက်နောက်ခံပြုထားတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းတစ်ခုဟာ အောက်တိုဘာ၂၆၊ အင်္ဂါနေ့တွင် ရောင်းချခဲ့တဲ့ ယန်း ၇၇.၇ သန်း (ဒေါ်လာ ၆၈၀,၀၀၀)တန် Hoverbike ကို မိတ်ဆက် ခဲ့ပါတယ်။
အဆိုပါ Hoverbike အသစ်ဟာ ချမ်းသာတဲ့ ဝယ်ယူတွေရဲ့ စူပါကားနေရာမှာ လဲ လှယ် အသုံးပြုဖို့ အတွက် ဆွဲဆောင်နိုင်မယ်လို့ ကုမ္ပဏီမှ မျှော်လင့် ထားပါတယ်။
တိုကျိုအခြေစိုက် ဒရုန်း စီးပွားရေးလုပ်ငန်းဖြစ်တဲ့ A.L.I. မှ “XTurismo Limited Edition” နည်းပညာများတွင် သမားရိုးကျအင်ဂျင်နှင့် ဘက်ထရီပါဝါသုံး မော်တာလေးလုံးတို့ တပ်ဆင်ထားတဲ့ hoverbike ဟာ တစ်နာရီ ၆၂ မိုင် (၁၀၀ ကီလိုမီတာ) နှုန်းဖြင့် မိနစ် ၄၀ ကြာ ပျံ သန်းနိုင်လိမ့်မည် ဟု ကတိပြုထားပါတယ်။

“အခုအချိန်အထိ ရွေးချယ်ထားတာကတော့ မြေပြင် ဒါမှမဟုတ် ကောင်းကင်မှာ ရွေ့လျားနိုင်ဖို့ပါပဲ။ ရွေ့လျားသွားလာနိုင်မည့် နည်းလမ်းသစ်ကို ကမ်းလှမ်းဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု အမှုဆောင်အရာရှိချုပ် Daisuke Katano က Reuters သို့ ပြောကြားခဲ့ပါတယ်။
အနက်ရောင်နှင့် အနီရောင် hoverbike တွင် ပန်ကာတွေရဲ့ ထိပ်မှာ မော်တော်ဆိုင်ကယ် ကဲ့သို့ ကိုယ်ထည် ပါရှိပါတယ်။
စတင်တည်ထောင်သူများတွင် အကြီးစား စက်မှု ထုတ်လုပ်သူ Mitsubishi Electric နှင့် Kyocera တို့ပါဝင်တဲ့ အဆိုပါ ဆိုင်ကယ်ကို ဖူဂျီတောင်အနီးရှိ အပြေးပြိုင်ကွင်းတစ်ခုတွင် မြေပြင်မှ မီတာအနည်းငယ် ပျံသန်းကာ သရုပ်ပြခဲ့ပါတယ်။
” မဝေးတော့တဲ့ ကာလအတွင်း ၎င်းရဲ့အသုံးပြုမှုများကို ထိုသို့သောနေရာများတွင် ကန့်သတ်ထားမည်ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ပြည့်ကျပ်နေတဲ့လမ်းတွေပေါ်မှာတော့ ပျံသန်းခွင့်မပြုဘူး ”ဟု Katano က ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် သွားလာရခက်ခဲတဲ့ နေရာတွေကို သွားရောက်ဖို့ ကယ်ဆယ်ရေးအဖွဲ့များက အဆိုပါ ဆိုင်ကယ်ကို အသုံးပြုနိုင်တယ် ဟု Katano ကဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့ တင်းကြပ်တဲ့ စည်းမျဥ်းတွေ နှင့် ဘေးကင်းလုံခြုံရေး စိုးရိမ်မှုတွေကြောင့် လမ်းတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်စီးနင်းသွားလာရေး အခန်းကဏ္ဍအတွက် ဟန့်တားမှုတွေ ဖြစ်နေပါတယ်။
A.L.I အတွက် စီးပွားဖြစ် အောင်မြင်မှုကို ထောက်ပံ့ပေးတဲ့ အင်ဂျင် ထုတ်လုပ်သူ Kawasaki Heavy (7012.T) ပါဝင်တဲ့ နည်းပညာတွေဟာ ဂျပန် နိုင်ငံရဲ့စက်မှုလုပ်ငန်းကို အားဖြည့်ပေးနိုင်မည့် အလိုအလျောက်မောင်းနှင်နိုင်ခြင်း နှင့် လျှပ်စစ်ကားများကဲ့သို့သော နည်းပညာသစ်ဆီကို မျိုးဆက်သစ်တွေ ပြောင်းလဲနေသည့်ကြားမှ ကူညီပေးနိုင်မည် ဖြစ်တယ် လို့ ဆိုပါတယ်။

တခုထဲသော အားနည်းချက်ကတော့ Xturismo ၏အင်ဂျင်နှင့် ပန်ကားခြောက်ခုဟာ အလွန် ကျယ်လောင် ဆူညံသောကြောင့် ကြည့်ရှုသူများ၏ အကြား အာရုံ မထိခိုက်စေရန် မပျံသန်းခင်မှား နားကျပ်များကို တပ်ဆင်စေခဲ့ရတာပါ။
အနာဂါတ် ဂျပန်မှာ ဒီလို အဆင့်မြင့် hoverbike တွေ အများအပြား တွေ့ရနိုင်မှာလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
ခေတ်သစ် သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ ကားပျံတွေ ဆိုင်ကယ်ပျံတွေကတော့ ဒီဇိုင်းသစ်တွေ တခုပြီး တခု ထွက်ရှိလာနေပါပြီ။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။