တွန်ဂါအနီး ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ကျွန်းတခုလုံး ပျောက်ကွယ်နေတဲ့ အကြောင်း

News World

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ တွန်ဂါမှာ ပြီးခဲ့တဲ့ မကြာသေးမီက ကြီးမားတဲ့ ရေအောက် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီ ခြိမ်းခြောက်မှုဟာ နောက်တနေ့မှတော့ာ ပြန်လည် ကျဆင်းသွားပါတယ်။

ဒါ့ပေမယ့် ပျက်စီးဆုံးရှုံးမှု ပမာဏတွေကတော့ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် တွန်ဂါမှာ အင်တာနက် ချိတ်ဆက်မှု ပြတ်တောက်သွားကာ သူငယ်ချင်း​တွေ​နှင့် မိသားစုဝင်တွေ ထိခိုက် ဒဏ် ရာရရှိမှု ရှိမရှိ သိရှိနိုင်ဖို့အတွက် အချင်းချင်း ဆက်သွယ်မှုရအောင် အသည်းအသန် ကြိုးစားနေခဲ့ကြရပါတယ်။

မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ရက်နေတဲ့ အထိ အစိုးရ ဝက်ဘ်ဆိုဒ်​ တွေနှင့် အခြား တရားဝင် သတင်း ရင်းမြစ်​တွေကိုတောင် မရရှိသေးပါဘူး။

အာဏာပိုင်တွေကတော့ အဆိုပါ ရေအောက် မီးတောင်ပေါက်ကွဲမှုကို ဘယ်အရာက ဖြစ်စေခဲ့တယ်ဆိုတာကို မသိသော်လည်း ဒါဟာ အံ့သြဖွယ်ကောင်းတဲ့ ဘူမိဗေဒဆိုင်ရာ ပညာရှင်များကသာ သိလိမ့်မည်ဟု အလေးပေး ပြောဆိုထားပါတယ်။

၂၀၁၄ ခုနှစ်က ကျွန်းပုံစံ Image: Courtesy of NASA Scientific Visualization Studio

ကျွန်းအသစ်တခု ဖြစ်ပေါ်လာမလား

မီးတောင် ပေါက်ကွဲမှုကြောင့် ကုန်းမြေ ဧရိယာ အသစ်ကို ထပ်တိုး ဖြစ်ပေါ်လာပြီး တစ်နည်းဆိုရသော် ကျွန်းသစ်တစ်ခု မွေးဖွားခြင်း ကို ကျွန်ုပ်တို့ မြင်တွေ့ဖူးပါတယ်။

အဆိုပါ မီးတောင်ဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း ပေါက်ကွဲခဲ့ပြီး Hunga Tonga ကျွန်းကို ဖန်တီးခဲ့ပါတယ်။

ထိုအချိန်က သိပ္ပံပညာရှင်တွေက ဒါဟာ လအနည်းငယ်အတွင်း ပျောက်ကွယ် သွားလိမ့်မည်ဟု ခန့်မှန်းထားပေမည့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာကို ​တွေ့ခဲ့ရပါတယ်။

သိပ္ပံပညာရှင်​တွေရဲ့ ပြောကြားချက်အရ လွန်ခဲ့တဲ့လက အသေးစား မီးတောင်ပေါက်ကွဲမှုကြောင့် အဆိုပါ ကျွန်းရဲ့ အရွယ်အစားမှာ ၅၀ ရာခိုင် နှုန်းအထိ တိုးလာခဲ့တယ် ဟုဆိုပါတယ်။

“အောက်မှာတွေ့မြင်ရတဲ့ပုံဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တုန်းက ကျွန်းသစ် တည်ဆောက်ပုံရဲ့ ပထမဆုံး ရှင်းလင်းတဲ့ မြင်ကွင်းကို ဖမ်းယူနိုင်ခဲ့တာဖြစ်တယ်” ဟု Maryland ရှိ NASA ရဲ့ Goddard Space Flight Center မှ သုတေသနပညာရှင် Dan Slayback က ဆိုပါတယ်။

Hunga Tonga Image: Courtesy of NASA Scientific Visualization Studio

ဒီဇင်ဘာ လလယ်ပိုင်းတုန်းက PlanetScope ပုံရိပ်နဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် လတ်တလော မီးတောင်ပေါက်ကွဲမှု မစတင်မီ ကျွန်းရဲ့ မျက်နှာပြင် ဧရိယာဟာ မီးတောင်ပြာတွေ ​ကျဆင်းမှုကြောင့် ၄၅ ရာခိုင်နှုန်းနီးပါး ကျယ်ပြန့်လာပုံရပါတယ်။

မြေပုံပေါ်တွင် ပျောက်ဆုံးနေ

ဒီလို ကျွန်းရဲ့ ဧရိယာ တိုးလာခဲ့ပေမယ့် မီးတောင်ကြီး ပေါက်ကွဲလို့ အပြီးမှာတော့ United Nations Satellite Centre ၏ ပုံရိပ်များ အရ အခုအချိန်အထိ မြေပုံ ပေါ်တွင် ကျွန်းဟာ ပျောက်ဆုံး နေတာကို တွေ့ရပါတယ်။

မီးတောင် ပေါက်ကွဲမှုမှ ဖြစ်ပေါ်တဲ့ ပျက်စီးမှုဟာ အလွန်ကို ကြီးမားနိုင်လောက်ပြီး ကျွန်းတခုလုံးဟာ အောက်တွင် မြင်ရသလို မြင်ကွင်း မှ ပျောက်ကွယ်လျက် ရှိနေပါတယ်။

Image: Courtesy of United Nations Satellite Centre/Futurism

အင်တာနက်နဲ့ ဂြိုလ်တု ချိတ်ဆက်မှုတွေ မရှိတာကြောင့် အနီးအနားက ကျွန်းသူ ကျွန်းသားတွေရဲ့ အနေအထားကို စောင့်ကြည့်ဖို့ရာ အ တွက် အခုအချိန်မှာတော့ ခက်ခဲနေမှာပဲ ဖြစ်ပါတယ်။

၂၀၁၉ တုန်းကလည်း တွန်ဂါမှာ ရေအောက် ဖိုက်ဘာကေဘယ်ကြိုးနှင့် သင်္ဘောတစ်စင်း၏ ကျောက်ဆူးနှင့် ငြိပြီး နှစ်ပတ်ကြာအောင် အင်တာနက်ချိတ်ဆက်မှု ပြတ်တောက် သွားခဲ့ပါသေးတယ်။

ဘူမိဗေဒပညာရှင်တွေက တွန်ဂါနဲ့ သူ့လူမျိုးကို အလေးထားကြောင်း၊ ဘူမိဗေဒဆိုင်ရာ သတင်းများကို အာရုံစူးစိုက်မှုဟာ သဘာဝ ဘေး ဒဏ် ကို အခံရဆုံးသူများ အနေနဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

Image: Courtesy of Google Earth

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *