သက်ရှိတွေ နေထိုင်နိုင်မယ့် ဂြိုဟ်အမျိုးအစားသစ်တခုကို ရှာဖွေတွေ့ရှိ

News Science

ဒီဂြိုဟ်တွေက တခြားကမ္ဘာမှာနေထိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ရှာဖွေမှု မြင်ကွင်းအသစ် ဖွင့်ပေးခဲ့ပါတယ်။

သက်ရှိတွေဆိုတာက နေရာတိုင်းမှာမတူညီနိုင်ပါဘူး။ ဝေးလံတဲ့နေရာတွေမှာ နေထိုင်နိုင်ဖို့ ရှာဖွေတဲ့အခါမှာ အရွယ်အစား၊ ဒြပ်ထု၊ အပူချိန်နဲ့ လေထုဖွဲ့စည်းမှုအရ ကျွန်တော်တို့ ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တွေကို ရှာဖွေလေ့ရှိပါတယ်။

သို့သော်လည်း Cambridge တက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်တွေက ကမ္ဘာကြီးနဲ့ သိသိသာသာ ကွဲပြားခြားနားပြီး လူနေထိုင်နိုင်တဲ့ ကြယ်စင်စု အသစ်တစ်ခုကို မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိမှုက နေအဖွဲ့အစည်း အပြင်ဘက်တွင် ရှင်သန် နေထိုင်နိုင်ဖို့အတွက် လာမည့် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်း သက်ရှိဇီဝလက္ခဏာများကို ရှာဖွေ တွေ့ရှိနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစေပြီး အရှိန်မြှင့်တင် နိုင်ခဲ့ပါတယ်။

ဟိုက်ဒရိုဂျင်နဲ့ သမုဒ္ဒရာကမ္ဘာကြီး

The Astrophysical Journal တွင် ထုတ်ဝေခဲ့သော လေ့လာမှုအရ Hycean ဂြိုဟ်လို့ခေါ်တဲ့ ရှင်သန် နေထိုင်နိုင်တဲ့ ကမ္ဘာ အတန်းအစားသစ်ဟာ ဟိုက်ဒရိုဂျင်ကြွယ်ဝသော လေထုနဲ့အတူ ဂြိုဟ်အနှံ့အပြားရှိ သမုဒ္ဒရာကြီးများတွင် အပူချိန် မြင့်မားစွာဖြင့် ဖုံးလွှမ်းလျက်ရှိပါတယ်။

Hyceanဆိုတာက ဟိုက်ဒရိုဂျင်နဲ့ သမုဒ္ဒရာ ပေါင်းစပ်ထားတဲ့ စကားလုံးပဲဖြစ်ပါတယ်။ Hycean ဂြိုဟ်က ကမ္ဘာနဲ့ နက်ပကျွန်းဂြိုဟ်အကြားဖြစ်လာနိုင်တဲ့ အရာနဲ့ ဆင်တူပါတယ်။

သူတို့ဟာ စကြဝဠာ၌ ပိုမိုပေါများပြီး ကမ္ဘာနဲ့ ဆင်တူတဲ့ဂြိုဟ်တွေထက် သတိပြုမိရန် ပိုမိုလွယ်ကူပါတယ်။

ထို့ကြောင့် လျစ်လျူရှုထားတဲ့ နေစကြာဝဠာ ပြင်ပဂြိုဟ်တွေက ရှင်သန်နေထိုင်နိုင်မယ့် နေရာတွေကို ဆက်လက်ရှာဖွေရာမှာ အလားအလာရှိတဲ့ ဂြိုဟ်တွေ ဖြစ်နိုင်ပါတယ်။

Cambridge Institute of Astronomy မှ Nikku Madhusudhan ဦးဆောင်သော သုတေသီတွေက အဓိက Hycean ဖြစ်နိုင်မယ့် ဂြိုဟ်တွေကို ဖော်ထုတ်ခဲ့ပြီး ဒါတွေက ကမ္ဘာထက် ပိုကြီးပြီး ပိုပူနေပေမယ့် သူတို့ဟာ ကမ္ဘာပေါ်ရှိ အကြမ်းတမ်းဆုံး ရေနေသတ္တဝါများမှာတွေ့ရှိရတဲ့ အချက်တွေနဲ့ညီမျှတဲ့ သေးငယ်သော ပိုးမွှားတွေကို ထောက်ပံ့ပေးနိုင်တဲ့ ပင်လယ်ကြီးတွေ ရှိနိုင်မယ့် လက္ခဏာတွေ ရှိပါနေတယ်။

သုတေသီအဖွဲ့ဟာ နက္ခတ္တဗေဒပညာရှင်တွေ ဒီဂြိုဟ်တွေကို ရှာဖွေနေစဥ် စကြာဝဠာဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ နီးစပ်တဲ့ Hycean ဖြစ်နိုင်မယ့် ဂြိုဟ်စာရင်းတွေကို ကြည့်ရှူသင့်တဲ့ ဇီဝဗေဒလက္ခဏာဆိုင်ရာ တည်ရှိမှုတစ်ခုကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

သုတေသီတွေက အိမ်နီးချင်းကြယ်တွေကိုလှည့်ပတ်နေတဲ့ ဖြစ်နိုင်ချေရှိတဲ့ Hycean ကမ္ဘာ ၁၁ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၎င်းတို့အားလုံးဟာ အလင်းနှစ် ၃၅ နှစ်မှ ၁၅၀ အကြား ကြယ်ပုနီများဖြစ်ကြပြီး ကောင်းမွန်တဲ့ ဇီဝလက္ခဏာအမှတ်အသားများအဖြစ် သတ်မှတ်ထားပါတယ်။

၎င်းတို့အနက်မှ အလားအလာအကောင်းဆုံးမှာ K2-18b ဖြစ်ပြီး ၎င်းကို ယခုနှောင်းပိုင်းတွင် လွှတ်တင်ရန်စီစဉ်ထားတဲ့ James Webb အာကာသအဝေးကြည့်မှန်နဲ့ ကြည့်ရှုလိမ့်မှာဖြစ်ပါတယ်။

ဇီဝလက္ခဏာထောက်လှမ်းမှုဟာ စကြဝဠာထဲတွင် ရှင်သန်နေထိုင်နိုင်မှုအကြောင်း ကျွန်တော်တို့ရဲ့ နားလည်မှုကို ပြောင်းလဲစေပါလိမ့်မယ်။

သဘာဝက မထင်မှတ်ထားတဲ့နည်းလမ်းတွေနဲ့ ကျွန်တော်တို့ကို အံ့သြအောင် ဆက်လုပ်နေတဲ့ အတွက် ကျွန်တော်တို့ ရှင်သန် နေထိုင်နိုင်မယ့် နေရာကို ရှာဖို့ မျှော်လင့်ထားတဲ့နေရာနဲ့ ဘယ်လို ပုံစံမျိုး ယူလို့ရတယ် ဆိုတာကို ပွင့်လင်းဖို့လိုတယ်လို့ ဒေါက်တာ Nikku Madhusudhan ကပြောပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *