Resin အများစုက ယနေ့ခေတ်ရဲ့ လိုအပ်သော အသုံးအဆောင်တွေမှာ ကြံ့ခိုင်သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သော်လည်း ကံမကောင်းစွာဖြင့် အဆိုပါ ဓာတု နည်းပညာထုတ် ပလပ်စတစ်တွေကို ပြန်လည် ပြည့်ဖြိုးမြဲ မဟုတ်သော အရင်းအမြစ်များမှ ထုတ်လုပ်ထားပြီး ပြန် လည် အသုံးပြုရန် ခက်ခဲပါတယ်။
ယခုအခါ စတော့ဟုမ်းတက္ကသိုလ်မှ သုတေသီတွေက resin နှင့် ကော်စေးတို့ကို အစားထိုးနိုင်သည့် lignin အခြေခံ ပစ္စည်းအသစ်တွေ ထုတ်လုပ်ရန် အရင်းအမြစ်-ထိရောက်သော နည်းလမ်းကို တီထွင်ခဲ့ကြပါတယ်။
Lignin က သစ်ပင်တွေအပါအဝင် အပင်တွေမှာ အထောက်အကူပြုတစ်ရှူးအများစုကို ဖွဲ့စည်းထားသည့် အော်ဂဲနစ် ပိုလီမာ အမျိုးအစား ဖြစ်ပါတယ်။
၎င်းသည် ဓာတုပစ္စည်းတွေ ပြန်လည်ရယူရန်နှင့် အပူပေးရန်အတွက် အဓိကအားဖြင့် လောင်ကျွမ်းစေတဲ့ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်း၏ ဆင့်ပွားထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။
သို့သော် သူတို့ရဲ့ သက်တမ်းတစ်လျှောက်တွင် ကာဗွန်စတော့တွေအဖြစ် ဆောင်ရွက်ပေးသည့် တန်ဖိုးမြှင့်ပစ္စည်းအသစ်တွေအတွက် lignin ကို အိမ်ဆောက်ပစ္စည်း တစ်ခုအဖြစ် အသုံးပြုရန် စိတ်အားထက်သန်မှုတစ်ခု ရှိပါတယ်။
အဖွဲ့က သမာရိုးကျ resin တွေ ကဲ့သို့သော ထူးခြားသောလက္ခဏာများနှင့် ပစ္စည်းအသစ်တစ်ခုကို ဖန်တီးရန်အတွက် ethylene glycol မှရရှိသော အဆိပ်အတောက် ကင်းစင်သော ဓာတုပစ္စည်းဖြင့် ဓာတ်ကူပစ္စည်း ကင်းစင်သော တုံ့ပြန်မှုတွင် ပြန်လည်ပြည့်ဖြိုးမြဲ ဖြစ်သော ကုန်ကြမ်းအဖြစ် lignin ကို အသုံးပြုခဲ့ပါတယ်။

ရရှိလာသော အနက်ရောင်နှင့် ပလတ်စတစ်လို ပစ္စည်းကို ထိုးသွင်းပုံသွင်းခြင်းကဲ့သို့ သမားရိုးကျ နည်းလမ်းတွေကို အသုံးပြုပြီးတော့ အမျိုးမျိုးသော ပုံသဏ္ဍာန်တွေအဖြစ် သွန်းလုပ်နိုင်ပါတယ်။
ရှိပြီးသား အင်ဂျင်နီယာ ပလတ်စတစ်များနှင့် ယှဉ်နိုင်တယ်လို့ ဖော်ပြထားသည့်အတိုင်း စက်ပိုင်းဆိုင်ရာ ခိုင်ခံ့မှုကို ထိန်းသိမ်း ထားကာ အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။
ထို့အပြင် ဖော်မြူလာတွင် အသုံးပြုသည့် lignin ပမာဏကို ပြောင်းလဲခြင်းဖြင့် ပစ္စည်းစွမ်းဆောင်ရည်ကို မာကြောပြီး ကြွပ်ဆတ်ခြင်းမှ ပျော့ပျောင်းပြီး အကြမ်းခံနိုင်ခြင်းအထိ အံဝင်ခွင်ကျ ဖြစ်စေနိုင်ပါတယ်။
ဤ lignin အခြေခံပစ္စည်းက အလူမီနီယမ်နှင့် သစ်သားကဲ့သို့ မတူညီသော အဖြည့်ပစ္စည်းတွေအတွက် ပြန်လည် ဖြည့်တင်းနိုင်သော ကော်တွေအဖြစ် ထူးခြားသော စွမ်းဆောင်ရည်ကို ပြသပါတယ်။
ထို့အပြင် vitrimer ကော်စေးတွေကို ပြန်လည်အသုံးပြုခြင်းက စေးကပ်မှု စွမ်းဆောင်ရည် ၉၀% ထက်ကျော်လွန်ပြီး ထိန်းသိမ်း ထားနိုင်ကြောင်း ပြသခဲ့ပြီး ဒါဟာ ကြာရှည်ခံ စက်ဝန်း material တွေမှာ သူတို့ကို အသုံးပြုဖို့ အလားအလာကောင်းတစ်ခုကို ညွှန်ပြပါတယ်။
“ဒါက အဖိုးတန်ကုန်ကြမ်းပစ္စည်းအဖြစ် lignin ထိန်းထားနိုင်တဲ့ ဖြစ်နိုင်ခြေတွေရဲ့ ကောင်းမွန်တဲ့ သရုပ်ပြမှုပါပဲ။”
“ကျွန်တော်တို့ တီထွင် ထုတ်လုပ် လိုက်သော ပစ္စည်းက ရေရှည်တည်တံ့သော စက်ဝန်း material တွေဆီသို့ လက်ရှိ ရွေ့လျား နေသည့် လမ်းကြောင်းနှင့်အညီ လုံးဝ ကိုက်ညီပါတယ်။”
“Dynamic covalent bonds ပါဝင်တဲ့ သူ့ရဲ့ ဒီဇိုင်းကြောင့် ပစ္စည်းကို အပျော့စား အပူပေးခြင်းဖြင့် ထပ်ခါထပ်ခါ ပုံသွင်းနိုင်ပါတယ်” လို့ လက်ထောက် ပါမောက္ခ Mika Sipponen က ရှင်းပြထားပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။