တရုတ်၏ မိုက်ခရိုဝေ့ဖ်စနစ်က ဂြိုဟ်တုများအတွက် စိုးရိမ် စရာ ဖြစ်လာနိုင်မလား

Knowledge Military

တရုတ်နိုင်ငံရှိ သိပ္ပံပညာရှင်များဟာ ဂြိုဟ်တု ဆက်သွယ်ရေးများကို ဖိဖျက်နိုင် သို့မဟုတ် ဂြိုဟ်တု အာရုံခံ ကိရိယာများကို ထိခိုက်နိုင်စေတဲ့ စွမ်းအင် အလွန်မြင့်မားတဲ့ မိုက်ခရိုဝေ့ဖ် စနစ်ကို ဖန်တီးထားတယ်လို့ သိရပါတယ်။

Relativistic Klystron Amplifier (RKA) လို့ခေါ်တဲ့ ဒီစနစ်ဟာ စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ် ကို အသုံးပြုပြီး အဓိကအားဖြင့် စွမ်းအားမြင့် ရေဒါများနှင့် ဆက်သွယ်ရေး စနစ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါတယ်။

စီချွမ် အခြေစိုက် တရုတ်သုတေသီများ၏ အဆိုအရ Ka-band မှ ၅ မီဂါဝပ် လောက်အထိ စွမ်းအင်နိုင်မယ်လို့ ဆိုပါတယ်။

Ka-band ဟာ အထူးသဖြင့် စစ်ဘက်ဆိုင်ရာ အသုံးချမှုများတွင် အသုံးဝင်ပြီး နောက်ပိုင်းမှာ ပိုမိုသေးငယ်ပြီး၊ ရောင်ခြည်များကို သိပ်သည်းဆကောင်းရန် ချိန်ညှိနိုင်ပြီး

စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်ခြင်း စတဲ့ အချက်အလက် ပမာဏ ကြီးများတဲ့ ISR လုပ်ငန်းများကို လုပ်ဆောင်နိုင်ပါတယ်။

ယခင်က တရုတ်တို့၏ RKA စနစ်ဟာ စမ်းသပ်စဉ်က ကီလိုဝပ် အနည်းငယ်သာ ထုတ်နိုင်တာဖြစ်ပြီး အဲဒီ့နောက် ဒီဇိုင်း ပြန် လည်ဆွဲ ထုတ်လုပ်ရာမှာ သုတေသန အတွင်းမှာ ၅ မီဂါဝပ် လောက်အထိ တိုးတက်လာတာပါ။

ကွန်ပျူတာ ဒီဇိုင်းစနစ်များအရ ဒီထက်လည်း တိုးတက်ဖို့ အလားအလာ ရှိတယ်လို့ ဆိုပါတယ်။

သမားရိုးကျ ဆက်သွယ်ရေး ပစ္စည်းများထက် အဆ ၁၀၀ လောက် စွမ်းအင် ထုတ်လာနိုင်သည့်အတွက် ဒီစနစ်ဟာ ဂြိုဟ်တုများအား တိုက်ခိုက်နိုင်သည့် လက်နက်အဖြစ် အသုံးချလာနိုင်ဖွယ် ရှိပါတယ်။

အမေရိကန် အနေဖြင့်လည်း ၎င်း၏ ဒရုန်းများနှင့် ဂြိုဟ်တုများကို အထက်ပါ စနစ်အား အသုံးပြုပြီး မြေပြင် အခြေစိုက် လက်နက်တခုအဖြစ် အသုံးချလာမှာ စိုးရိမ်နေတာပါ။

တကယ်တော့ မြေပြင် အခြေစိုက် မိုက်ခရိုဝေ့ဖ် လက်နက်ဟာ စွမ်းအင် 1 gigawatt ထက် ပိုမို လိုအပ်တာကြောင့် တရုတ်အနေဖြင့်တော့ အလှမ်းဝေးနေသေးပေမယ့် အနာဂါတ်မှာ‌တော့ ဖြစ်လာနိုင်ချေရှိပါတယ်။

ဒါ့အပြင် RKA ကို ဂြိုဟ်တုများတွင် တိုက်စစ်အတွက်ရော ခုခံစစ် အနေဖြင့်ပါ နှစ်မျိုးလုံး အသုံးပြုနိုင်ပါသေးတယ်။

တိုက်စစ်အနေဖြင့် RKA ဟာ ရန်သူ၏ ဂြိုဟ်တုများကို စွမ်အားမြင့် မိုက်ခရိုဝေ့ဖ်ကို အသုံးပြုပြီး အာရုံခံ ကိရိယာများကို လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

ခုခံစစ်အနေဖြင့် RKA ဟာ မလိုလားအပ်တဲ့ လျှပ်စစ်ကြောင်းများကို သိရှိနိုင်ပြီး ဂြိုဟ်တုအား ထိခိုက်မှု မဖြစ်ခင်မှာ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က လေကြောင်းပြပွဲတွင် ပြသခဲ့သည့် တရုတ်၏ LW-30 လေဆာစနစ်

ဂြိုဟ်တုပေါ်မှာ ဒီလို စနစ်မျိုး တပ်ဆင်တာဟာ အဆိုပါ ဂြိုဟ်တု၏ စွမ်းဆောင်ရည်ကို ထိခိုက်စေပြီး အပူလွန်ကဲခြင်းနှင့် လောင်ကျွမ်းခြင်းတွေကို ဖြစ်စေသည့် အတွက် လွယ်တော့ မလွယ်ကူပါဘူး။

လေဆာစနစ်

ဒီလို မိုက်ခရိုဝေ့ဖ် စနစ်အဖြင့် တရုတ်ဟာ ဂြိုဟ်တုတွင် တပ်ဆင် အသုံးပြုနိုင်သည့် လေဆာလက်နက် တခုကိုလည်း ထုတ် လုပ်နေပါတယ်။

၎င်းဟာ စွမ်းအင် မီဂါဝပ်နှင့်ချီပြီး ထုတ်ပေးနိုင်ကာ တစက္ကန့်လျှင် အချက်ပေါင်း ၁ ရာလောက်ဖြင့် နာရီဝက် ကြာအောင် အ ပူ လွန်ကဲခြင်း မဖြစ်စေဘဲ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

မကြာသေးမီက တိုးတက်လာသည့် နည်းပညာများကြောင့် လေဆာစနစ်များဟာ သေးငယ်လာပြီး ကြေး copper နှင့် မြေရှားသတ္တု idium များကို အသုံးပြုထားသည့် အအေးပေး စနစ်များကိုလည်း ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။

ပိုမို ကြီးမားတဲ့ လေဆာလက်နက်များဟာ သတ္တုများကို အရည်ပျော်စေကာ ရွေ့လျှားနေသည့် ဝေဟင်ပစ်မှတ်များကို သုတ် သင် နိုင်ပါတယ်။

Image: Courtesy of Facebook / Defense One

ဒါ့အပြင် ၎င်းဟာ လျှပ်စစ် အမှုန်များဖြင့် ဒုံးကျည်များတွင် တပ်ဆင်ထားသည့် လမ်းညွှန် အာရုံခံ ကိရိယာများကိုလည်း အ လုပ်မ လုပ်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

ဒါ့ကြောင့် မိုက်ခရိုဝေ့ဖ် နှင့် လေဆာကဲ့သို့ Directed energy လက်နက်များဟာ အနာဂါတ်တွင် တွင်တွင်ကျယ်ကျယ် တွေ့လာရမှာပါ။

လက်ရှိမှာတော့ တရုတ်၏ လေဆာ လက်နက်နှင့် မိုက်ခရိုဝေ့ဖ်များဟာ ကြီးမားတဲ့ သက်ရောက်မှု ရှိလာအောင် မတိုးတက်သေးပေမယ့် အဲဒီ့ လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဆိုတာကတော့ မငြင်းနိုင်ပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.