သိပ္ပံပညာရှင်တွေက ဒီတွေ့ရခဲတဲ့ သတ္ထု နမူနာ တစ်မျိုးကို ရှာဖွေနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြပါတယ်။
ယခင်က လုံးဝမတွေ့ဖူးတဲ့ သတ္ထုတစ်မျိုးကို မြေမျက်နှာပြင်အောက်ခြေ အနက်မှ တူးဖော်ထုတ်ယူထားတဲ့ စိန်တစ်လုံးအတွင်းမှ သိပ္ပံပညာရှင်တွေက ၂၀၂၁ ခုနှစ် အတွင်းက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်များက ကြိုတင် ခန့်မှန်း ထားခဲ့သော်လည်း သိပ္ပံပညာရှင်တွေက ထိုသတ္တုနမူနာတစ်မျိုးကို ရှာဖွေနိုင်မှာ မဟုတ်တော့ဘူး လို့ ထင်ခဲ့ကြပါတယ်။
ဘူမိဗေဒပညာရှင် Ho-Kwang (Dave) Mao ဦးဆောင်ပြီးနောက်ပိုင်း တွေ့ရှိခဲ့တဲ့ davemaoite လို့ အမည်ပေးထားတဲ့ သတ္ထုဟာ ကမ္ဘာမြေပေါ်မှာ တွေ့ရှိဖူးတဲ့ ပထမဆုံးနှင့် တစ်ခုတည်းသော ဖိအားမြင့် calcium silicate perovskite (CaSiO3) ရဲ့ နမူနာဖြစ်ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုဟာ အပြည်ပြည်ဆိုင်ရာ သတ္တုတွင်း အဖွဲ့အစည်းမှ Davemaoite ကို ဓာတ်သတ္တုအသစ်အဖြစ် တရားဝင် အတည်ပြု နိုင်စေခဲ့ပါတယ်။

Image: Courtesy of Aaron Celestian, Natural History Museum of Los Angeles
ကမ္ဘာမြေအောက် နက်နက်ရှိုင်းရှိုင်းအတွင်း ဖြစ်ပေါ်နေသော တွေ့ရခဲသည့် ဓာတ်သတ္တုတစ်မျိုး
ထိုသတ္တုကို ကမ္ဘာမြေ မျက်နှာပြင် အောက် မိုင်ပေါင်း ၄၁၀ (၆၀၀ ကီလိုမီတာ) ခန့်အကွာတွင် ဖြစ်ပေါ်နေသော Botswana တွင် တွေ့ရှိရတဲ့ တွင်းထွက် စိန်တစ်လုံးအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကိုးကားချက်အနေဖြင့် လူသားစက်များဖြင့် တူးထားသည်များမှ အနက်ဆုံးတွင်းမှာ အနက် ၇.၆ မိုင် (၁၂.၂ ကီလိုမီတာ) အ ထိ ရောက်ရှိတဲ့ Kola Superdeep Borehole ဖြစ်ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် စိန်တွေဟာ ကမ္ဘာမြေ မျက်နှာပြင်အောက် နက်နက် ရှိုင်းရှိုင်းတွင် ဖြစ်ပေါ် နေပါတယ်။
CaSiO3 ရဲ့ အခြား ပုံစံဖြစ်သော wollastonite က ကမ္ဘာမြေပေါ်တွင် ပေါများသော်လည်း davemaoite ရဲ့ ပုံဆောင်ခဲ ဖွဲ့ စည်းပုံဟာ ကမ္ဘာမြေကြီးအတွင်းရှိ မယုံနိုင်လောက်အောင် မြင့်မားသော ဖိအားနဲ့ မြင့်မားသော အပူချိန် အောက်တွင်သာ ဖြစ်ပေါ်နိုင်ပါတယ်။
ကမ္ဘာမြေကြီးရဲ့ အတွင်းလွှာထဲမှာ Davemaoite တွေ ပေါများနေမယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားသော်လည်း ၎င်းသည် ကမ္ဘာ့မြေ မျက်နှာပြင် သို့ ရောက်ရှိပြီး ဖိအားလျော့နည်းသွားသည့် အခြေအနေများတွင် အခြား သတ္တုတွေအဖြစ်သို့ ကွဲထွက်သွားခြင်းကြောင့် သတ္တု တွင်းတွေမှာ မတွေ့ရှိရခြင်း ဖြစ်ပါတယ်။

အဆင့်မြင့် ခွဲခြမ်းစိတ်ဖြာမှုမှ လျှို့ဝှက် တွင်းထွက်ပစ္စည်းကို တူးဖော်ရရှိခြင်း
အဆင့်မြင့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှု လုပ်ထုံးလုပ်နည်းတွေကို အသုံးပြုပြီး Davemaoite ကို Botswana မှ စိန်အတွင်းတွင် ရှာဖွေတွေ့ရှိခဲ့တယ်လို့ Science ဂျာနယ်တွင် ထုတ်ဝေထားသော စာတမ်းအသစ်တွင် ဖော်ပြထားပါတယ်။
Las Vegas ရှိ Nevada တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့ဟာ Synchrotron X-ray diffraction လို့ခေါ်တဲ့ နည်းပညာကို အ သုံးပြုခဲ့ပါတယ်။
၎င်းသည် စိန်ရဲ့ အတွင်းပိုင်းကို စွမ်းအင်မြင့် X-ray အလင်းတန်းတွေ ကျရောက်စေပြီး ပြန်လာသော အလင်းရဲ့ ထောင့်နဲ့ ပြင်းထန်မှုကို ခွဲခြမ်း စိတ်ဖြာ ခြင်းဖြင့် သိပ္ပံပညာရှင်တွေကို အတွင်းရှိ အရာတွေကို ဖော်ထုတ်နိုင်စေခဲ့တာ ဖြစ်ပါတယ်။
Davemaoite တွင် ယူရေနီယမ်နဲ့ သိုရီယမ်ကဲ့သို့သော နမူနာဒြပ်စင်တွေ ပါ၀င်နိုင်ပြီး ၎င်းသည် ကမ္ဘာ့ဝတ်ရုံလွှာအတွင်း အပူများစွာကို ထုတ်ပေးနိုင်တယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်တွင် နှစ်တစ်သန်းလောက် သက်တမ်းရှိတဲ့ ဥက္ကာခဲ အပိုင်းအစကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး တစ်ခါမှ မမြင်ဖူးသော အခြား သတ္တု တစ်မျိုးကို ဖော်ထုတ် နိုင်ခဲ့တဲ့အခါမှာ သိပ္ပံပညာ အသိုင်းအဝိုင်း အတွက် နောက်ထပ် သတ္တု အမျိုးအစားသစ်ကို ပေးစွမ်းခဲ့ပါတယ်။
Davemaoite နဲ့ပတ်သက်ပြီး Nevada တက္ကသိုလ်မှ သုတေသန အသစ်က ကျွန်တော်တို့ ရှာဖွေ တွေ့ရှိရ လွယ်ကူတဲ့ နေရာတွေ အောက်မှာ အမျိုးအမည် မသိသော တွင်းထွက်ပစ္စည်းတွေ အမြောက်အမြားရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
စိန်တွေဟာ ယခင်က သိပ္ပံပညာရှင်တွေ ထင်ထားတာထက် ကမ္ဘာ့အလွှာအတွင်း ပိုမိုနက်နက် ရှိုင်းရှိုင်းတွင် ဖြစ်ပေါ်နိုင်တာကို ပြသပြီး ဘူမိရူပဗေဒ ပညာရှင်တွေအတွက် စူးစမ်းလေ့လာရန် ကျယ်ပြောလှတဲ့ နယ်ပယ်သစ် တစ်ခုကို ဖွင့်လှစ် ပေး လိုက်တာ ဖြစ်ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 19/11/2021