ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်ဖွယ်ရှိတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်သုံး ထွန်စက်အကြောင်း

Innovation Tech

လယ်ယာသုံးစက်များတွင် ကိုယ်ပိုင် လျှပ်စစ်စွမ်းအင်သုံးယာဥ်များ ထွက်ပေါ်လာသဖြင့် Monarch ကဲ့သို့​သော ကုမ္ပဏီများကို ကျေးဇူး တင်ရမှာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် အပြည့်အဝ လျှပ်စစ် နှင့် အလိုအလျောက် မောင်းနှင်နိုင်သော ထွန်စက်ဟာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း အ တွက် ပြီးပြည့်စုံသော တီထွင်ဆန်းသစ်မှု ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

စိတ်ကူးယဉ်ဆန်ဆန် Monarch Tractor ဟုခေါ်သည့် ဒီ “စမတ်” ထွန်စက်ဟာ ကမ္ဘာပေါ်တွင် ပထမဆုံးလည်း ဖြစ်ပါတယ်။

ဒီထက်ပိုတာကတော့ ဒီ “e-tractor” လို့ခေါ်တဲ့ လျှပ်စစ်ထွန်စက်တွေဟာ ဒီထက် ပိုကောင်းတဲ့ အချိန်မှာ ရောက်မလာ နိုင်လောက်သေးတာပဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ လယ်သမားများဟာ လုပ်သားရှားပါးမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဘေးကင်းလုံခြုံမှုဆိုင်ရာစိုးရိမ်မှုများ ၊ အစိုးရ၏ စည်းမျဉ်းစည်းကမ်းများမှ တဆင့် ရေရှည် တည်တံ့ခိုင်မြဲမှု အတွက် ဖောက်သည်များအား အသိပညာပေးခြင်း နှင့် အခြား ဓာတု အသုံးစရိတ်များကို တိုးမြှင့်ပေးခြင်း စသည်တို့နှင့် ရုန်းကန်ရင်ဆိုင် နေကြရပါတယ်။

Monarch ကုမ္ပဏီက ထုတ်လုပ်တဲ့ လျှပ်စစ်ထွန်စက်က ဝယ်ယူသူများ ရင်ဆိုင်ရတဲ့ ဒီပြသာနာများကို အတက်နိုင်ဆုံး သက်သာ လျော့ချပေးရန် စီစဥ်ထားပါတယ်။

Monarch ၏အဆိုအရ ၎င်းဟာ“ လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ကူးပြောင်း တွဲဖက်အသုံးပြုခြင်း၊ အလိုအလျောက် လုပ်ဆောင်ခြင်း ၊ စက်ပိုင်းဆိုင်ရာ နှင့် ဒေတာ ခွဲခြမ်းစိတ်ဖြာခြင်းကိုပေါင်းစပ်ပြီး လယ်သမားတွေရဲ့ လက်ရှိလုပ်ငန်းများကိုမြှင့်တင်​ပေးခြင်း ၊ အလုပ်သမားများ၏ ကုန်ထုတ်စွမ်းအား နှင့် လုံခြုံမှုကို မြှင့်တင်၍ ကုန်ကျစရိတ် နှင့် ထုတ်လွှတ်မှုများကို လျှော့ချ​ပြီး အထွက်နှုန်းကို အမြင့်ဆုံးမြှင့်တင်ပေးပါတယ် ” ဟုဆိုပါတယ်။

ကုမ္ပဏီဟာ ၎င်းတို့ရဲ့ လျှပ်စစ်သုံးယာဥ်အတွက် အနာဂတ်မှာ ဝယ်ယူသူတွေရဲ့ရာပေါင်းများစွာသော လယ်ယာမြေတွေမှာ အလုပ်လုပ်နိုင်ဖို့ အာမခံထားပြီဘဲ ဖြစ်ပါတယ်။

သမားရိုးကျလယ်ထွန်စက်များဟာ သဘာဝပတ်ဝန်းကျင်အတွက်မကောင်းတဲ့ လောင်ကျွမ်းရန် အကောင်းဆုံးလောင်စာမဟုတ်တဲ့ ဒီဇယ်ကိုသုံးလေ့ရှိပါတယ်။

၎င်းတို့ဟာ ပျမ်းမျှအရွယ်ကား ၁၄ စီးနဲ့ တူညီသောထုတ်လွှတ်မှု ပမာဏကို tailpipe က​​နေ ထုတ်လွှတ်ပေးပါတယ်။

၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်နိုင်ရန် ထုတ်လုပ်ထားတဲ့ Monarch Tractor ဟာ ၎င်း၏ ယခင်မျိုးဆက်များနှင့် မတူဘဲ tailpipe ထုတ်လွှတ်မှုလုံးဝမရှိပါဘူး။

ထိုမျှသာမက၊ သိုလှောင်ခန်းအပိုပါ၀င်တဲ့ လျှပ်စစ်သုံးထွန်စက်ဟာ ATV တစ်မျိုးအနေ​ဖြင့်လည်း ဆောင်ရွက်နိုင်ပြီး ကွင်းဆင်းအထူး လျှပ်စစ်ဓာတ်အားပေး စက်တစ်ခု အဖြစ်လည်း လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။

ဒါကြောင့် ၎င်းဟာ စျေးနှုန်း တစ်မျိုးထဲနဲ့ လုပ်ငန်း ၃ မျိုး လုပ်ဆောင် နိုင်တာကိုလည်း တွေ့ရပါတယ်။

ထွန်စက်ရဲ့လျှပ်စစ် drivetrain ဟာ ပုံမှန် 40HP (30KW) ပါဝါကို စုပ်ထုတ်နိုင်စွမ်းရှိပါတယ်။ သေးငယ်တဲ့ လယ်ယာတွေအတွက် အချိန်တိုအတွင်းမှာ အမြင့်ဆုံးပါဝါ 70HP (55KW) အထိ မြှင့်တင်နိုင်ပြီး ဘက်စုံသုံးရန် ရည်ရွယ်ထားပါတယ် ။

Monarch ရဲ့ လျှပ်စစ်ထွန်စက်ဟာ အတော်လေးလည်း စမတ်ဖြစ်ပါတယ်

ထွန်စက်၏ နောက်ထပ် စိတ်ဝင်စားစရာ အချက်မှာ အလိုအလျောက် မောင်းနှင်နိုင်မှု စွမ်းရည်ဖြစ်ပါတယ်။

နောက်ဆုံးပေါ် အလိုအလျောက်ဆောင်ရွက်နိုင်တဲ့ နည်းပညာ နဲ့ ဆော့ဝဲလ် တို့ပေါင်းစပ်ထားသဖြင့် ထွန်စက်ဟာ လိုအပ်တဲ့အလုပ်တွေကို အစဥ်လိုက် ဆက်တိုက်ဆိုသလို ပရိုဂရမ်ချ လုပ်ဆောင်နိုင်တာတွေ့ရပါတယ်။

၎င်းကို လယ်ကွင်းအတွင်းရှိ လက်မှုလယ်ယာ အလုပ်များနောက်ကို လိုက်၍ လုပ်ကိုင် ဆောင်ရွက်နိုင်အောင်လည်း ညွှန်ကြားနိုင်ပါတယ်။

ဒီအင်္ဂါရပ်များကြောင့် ထွန်စက်ကို စျေးကွက်ပေါ်မှာ အလုံခြုံဆုံး ထွန်စက်တစ်စီး ဖြစ်နိုင်မယ့် အလားအလာလည်း ရှိပါတယ်။

၎င်းထွန်စက်ဟာ ဘေးကင်း လုံခြုံစေတဲ့ အချက်တွေဟာ အကန့်အသတ်မရှိပါဘူး။

360°ကင်မရာများနှင့် အမြင်အာရုံကို အခြေခံထားပြီး လယ်ထွန်စက်နောက်က PTO ကိုလည်း လုံခြုံစေခြင်း ၊ တိုက်မိခိုက်မိတာတွေ ကာကွယ်ပေးခြင်း၊ လုပ်ငန်းများနေ့ကောညပါ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေး နှင့် ဝန်ထမ်းများလုံခြုံစေရေး စသည်တို့ ပါဝင်တာလည်း တွေ့ရပါတယ်။

Monarch ရဲ့ ထွန်စက် ၏ နောက်ထပ်စိတ်ဝင်စားစရာအချက်မှာ နက်ရှိုင်းတဲ့ လေ့လာမှု နှင့် အာရုံခံကိရိယာတို့ ပေါင်းစပ်၍ လေ့လာအသုံးပြုနိုင်သော စွမ်းရည်ဘဲ ဖြစ်ပါတယ်။

ဤစနစ်ကို အသုံးပြု၍ လယ်ထွန်စက်ဟာ လယ်ကွင်းထဲမှာ တစ်ရက်လျှင် ဒေတာ 250 GB အထိ စုဆောင်းနိုင်တာလည်း တွေ့ရပါတယ်။

ဒီလယ်ထွန်စက်ဟာ စိုက်ပျိုးဆိုင်ရာလုပ်ငန်းများကို ပြန်လည်ပြုပြင်ရေး နဲ့ တိုးတက်ရေး တို့အတွက်် သာမက သီးနှံ ထွက်နှုန်းများကိုလည်း လယ်သမားထံ အချိန်နဲ့ တပြေးညီ သတင်းပို့နိုင်တာကို တွေ့ရပါတယ်။

Monarch Tractor ဟာ ဒီဒေတာများကို စုစည်းနိုင်ပြီး လယ်ကွင်းကို ရေရှည်ခွဲခြမ်းစိတ်ဖြာမှု ပေးနိုင်ပါတယ်။ ထို့အပြင် စုဆောင်းထားသော ဒေတာများကို Monarch cloud တွင် လုံခြုံစွာသိမ်းဆည်းထားတယ်” ဟု Monarch ကဆိုပါတယ်။

ဒီလျှပ်စစ်သုံးထွန်စက်ကို စမတ်ဖုန်း သို့မဟုတ် ကိုယ်ပိုင် ကိရိယာတို့ဖြင့် အဝေးမှ ထိန်းချုပ်နိုင်ပြီး သုံးစွဲသူများဟာ ပိုမိုထိရောက်သော လယ်ယာ စီမံချက်အတွက် အဆက်မပြတ် update များ၊ သတိပေးချက်များ ၊ အသေးစားမိုးလေဝသအစီရင်ခံချက်များ ၊ လုပ်ငန်း ဆောင် ရွက် မှုအခြေအနေများ ၊ ခွဲခြမ်းစိတ်ဖြာခြင်းအစီရင်ခံစာများ နှင့် ပိုမိုထိရောက်တဲ့ လယ်ယာစီမံချက်အတွက် သိုလှောင်မှုများ စသည်တို့ကို လက်ခံရရှိ​အောင် ဆောင်ရွက်ပေးပါတယ်။

ယခုအချိန်ထိ Monarch ဟာ လယ်သမားများ နှင့် စက်မှုလက်မှုပညာရှင်များထံမှ တီထွင်ဆန်းသစ်သော ထွန်စက်အတွက် များစွာချီးမွမ်းကိုလည်းခံခဲ့ရပါသေးတယ်။

ဥပမာအားဖြင့် ကုမ္ပဏီဟာ AgTech Breakthrough ဆုပေးပွဲတွင်“ ၂၀၂၀ ခုနှစ်ရဲ့ တစ်နှစ်တာ လယ်ထွန်စက်ဆု” ကိုလက်ခံရရှိခဲ့ပြီး World Ag Expo ၏“ အကောင်းဆုံးထုတ်ကုန်သစ် ၁၀ ခု” တွင်တစ်ခုအနေဖြင့်လည်း ပါ၀င်ခဲ့ပါတယ်။

လျှပ်စစ်အားသုံးလယ်ထွန်စက်၏ စျေးနှုန်းဟာ ဒေါ်လာ ၅၀၀၀၀ ၀ န်းကျင်ရှိပြီး ဝယ်ယူလိုသူတွေအနေနဲ့ ဒေါ်လာ ၅၀၀ အနည်းဆုံးသွင်း၍ ကြိုတင်မှာယူနိုင်ပါတယ်။ ကြိုတင်မှာယူနိုင်မှုကို ယခုနှစ် ဖေ​ဖော်ဝါရီလမှာဘဲ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲရေး နှင့် ထောက်ပံ့ပို့ဆောင်ရေး ရှုထောင့်မှကြည့်လျှင် ဒီလျှပ်စစ်အားသုံးလယ်ထွန်စက်ဟာ စိုက်ပျိုးရေးအတွက် အလားအလာကောင်းတဲ့ အကျိုးသက်ရောက်မှုများနှင့် ပတ်သတ်၍ အမှန်တကယ်လျှော့တွက်လို့မရပါဘူး။

ဒါနဲ့ပတ်သတ်ပြီး သံသယဖြစ်စရာမလိုပါဘူး၊ Monarch ရဲ့ပြိုင်ဘက်တွေက ဒီမြေအောက်လယ်ယာသုံးစက်ပစ္စည်းတွေရဲ့ တိုးတက်မှုကို အမှန်တကယ်ပဲ အနီးကပ်စောင့်ကြည့်နေတာကြောင့်ဘဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *