ဒုံးကျည်မှာ အသုံးပြုတဲ့ သတ္တုများနှင့် တည်ဆောက်ထားတဲ့ ဗီယက်နမ်မှ ဆိုင်ကယ် ဒီဇိုင်းသစ်

Innovation Tech

အောက်ခံကိုယ်ထည်ကို ဒုံးကျည်တွင် အသုံးပြုတဲ့ သတ္တု နဲ့ တည်ဆောက်ထားပါတယ်။

ဗီယက်နမ် မော်တော်ဆိုင်ကယ် တည်ဆောက်တဲ့ Bandit9 ဟာ စက်ပိုင်းဆိုင်ရာက sci-fi anime ပုံစံတည်ဆောက်ထားတဲ့ Supermarine မော်တော်ဆိုင်ကယ်အသစ်ကို ထုတ်ဖော်ပြသခဲ့ကြတယ် ဟု New Atlas မှာ ဖော်ပြထားပါတယ်။

Supermarine ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော် spitfire တိုက်လေယာဥ်ကို တည်ဆောက်ခဲ့တဲ့ ဗြိတိသျှအင်ဂျင်နီယာ ကုမ္ပဏီရဲ့ နာမည်အရင်းခံ ဖြစ်ပါတယ်။

ယနေ့ခေတ် မော်တော်ဆိုင်ကယ် အယူအဆများစွာဟာ အနာဂတ် Akira အသွင်ကိုဆောင်နေပြီး ၎င်းဟာအနည်းငယ် ဆန်းသစ်တယ်လို့ ခံစားရစေပါတယ်။ Supermarine ဟာ အဆိုပါ ဆန်းသစ်တဲ့ပုံစံဖြင့် ထင်ရှားပါတယ်။

စက်ရဲ့ ထူးခြားချက်မှာ ၇၀၇၅ အလူမီနီယံ ဖြင့် ပြုလုပ်ထားတဲ့ ၎င်း၏ကိုယ်ထည်ဖြစ်တာကို ထောက်ပြခဲ့ပြီး ဒါဟာ ပုံမှန်အားဖြင့် ဒုံးကျည်များ နှင့် အခြားကာကွယ်ရေး အသုံးချမှုများတွင် အသုံးပြု​လေ့ရှိတာပါ ဟု ဆိုပါတယ်။

ဝယ်ယူသူတွေ အနေနဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ ABS ပလပ်စတစ် သို့မဟုတ် ပေါ့ပါးတဲ့ ကာဗွန်ဖိုင်ဘာ တို့ နဲ့ ဖုံးအုပ်ထားတဲ့ ကိုယ်ထည်ကို ရွေးချယ်ခွင့်ရှိပြီး အနည်းငယ်တော့ ပိုမြန်ပါလိမ့်မယ်ဟုဆိုပါတယ်။

ငါးလိပ်ကျောက်ကို အတုယူ တည်ဆောက်ထားသည့် sci-fi ဆိုင်ကယ်

အဆိုပါ Supermarine ရဲ့ Sci-fi ဇာတ်လမ်းများထဲကလိုမျိုး ကိုယ်ထည်ဟာ ငါးလိပ်ကျောက်ပုံစံ ကို အတုယူပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပင်လယ်သတ္တဝါ နှင့်တူတဲ့ ကိုယ်ထည်ဟာ မော်တော်ဆိုင်ကယ်ရဲ့ အရည်အအေးခံ 8-valve ၊ SOHC ၊ 900cc Triumph Twin အင်ဂျင်ကို ဖုံးအုပ်ဖို့ သီးခြား​ဘေးကာ နှစ်ခုအတွင်းကို ခေါက်ထဲ့ထားတာပါ။

ဒါ့ကြောင့် မော်တော်ဆိုင်ကယ်ကို ငါးလိပ်ကျောက်တကောင်က ဖက်ထားတဲ့ ပုံစံမျိုးကို မြင်ရမှာ ဖြစ်ပါတယ်။ ၎င်း၏ အင်ဂျင်ကို 1200cc အထိ အဆင့်မြှင့်တင်နိုင်ပါတယ်။

900cc ဗားရှင်းဟာ တစ်နာရီ ၁၉၃ ကီလိုမီတာ (၁၂၀မိုင်) အထိ အမြင့်ဆုံး အ​မြန်နှုန်း အထိ မြှင့်တင် မောင်းနှင်နိုင်ပြီး 1200cc ဗားရှင်း က တော့ တစ်နာရီ ၂၁၀ ကီလိုမီတာ (၁၃၀ မိုင်) အထိ အမြင့်ဆုံး အမြန်နှုန်း မောင်းနှင်နိုင်ပါတယ်။

ဆိုင်ကယ်ရဲ့အခြေခံတည်ဆောက်ပုံတွင် ခန့်မှန်းခြေအားဖြင့် ၂၁၆ ကီလိုဂရမ် (၄၇၆ ပေါင်) ရှိပြီး အဆင့်မြှင့်တင်မယ်ဆိုရင် ၁၉၀ ကီလိုဂရမ် (၄၁၉ ပေါင်) အလေးချိန်လောက်ဘဲ ရှိနိုင်ပါတယ်။

အဆိုပါ အနာဂတ် စက်ပုံစံတွင် အီလက်ထရောနစ် fuel injection နစ် ၊ stainless steel သုံး အိတ်ဇောစနစ်မှ တိုက်တေနီယမ်သုံး စနစ်သို့ အဆင့်မြှင့်တင်ခြင်း နှင့် စိတ်ကြိုက် ဖန်တီးထားတဲ့ LED display တို့လည်း ပါ၀င်ပါတယ်။

Bandit9 က ”Supermarineဟာ ယခင်ဆိုင်ကယ်ပုံစံတွေလို မဟုတ်ပါဘူး။ ၎င်းကို Bandit9 HQမှာရှိတဲ့ အာကာသအင်ဂျင်နီယာအဖွဲ့အသစ်မှ အခြေခံ တည်ဆောက်ခဲ့တာ ဖြစ်တယ်” ဟု ဆိုပါတယ်။

ကုမ္ပဏီဟာ လက်လုပ်ဆိုင်ကယ်တွေကနေ တိကျစွာတည်ဆောက်ထားတဲ့ ဆိုင်ကယ်တွေကို တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်ဟု ဆိုပါတယ်။

Bandit9 က Supermarine အတွက် စျေးနှုန်းနှင့် ပတ်သက်၍ အတိအကျမပြော​သေးသော်လည်း လာမည့် ဒီဇင်ဘာ ပထမပတ်တွင် အမြန်ဆုံး ပို့ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *