ကန်တို့ စနိုက်ပါ ရိုင်ဖယ် အသစ်များ ဝယ်ယူ

News

အမေရိကန် ကြည်းတပ်၊ မရိန်း တပ်သားများနှင့် အထူးတပ်ဖွဲ့ များဟာ မကြာမီတွင် စနိုက်ပါရိုင်ဖယ် အသစ် တစ်မျိုးကို ရရှိတော့မယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်မှ စတင်ခဲ့သည့် ကြာမြင့်လှပြီဖြစ်တဲ့ ဝယ်ယူခြင်း လုပ်ငန်းစဉ် အပြီးမှာ ကြည်းတပ်၊ ရေတပ်နှင့် US Special Operations Command လို့ခေါ်တဲ့ အထူးတပ်(SOCOM) များဟာ Barrett ကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ Multi-Role Adaptive Design (MRAD) စနိုက်ပါရိုင်ဖယ်ကို စတင် လက်ခံရရှိနေပြီ ဖြစ်ပါတယ်။

ကြည်းတပ်မှာတောတ့ MRAD ရိုင်ဖယ်ကို ယခင် အသုံးပြုနေတဲ့ M107 နှင့် M210 ရိုင်ဖယ်များ နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။

မရိန်းတပ်သားများ အတွက်တော့ ဒီ ရိုင်ဖယ်သစ်ဟာ ဗီယက်နမ်ခေတ်က M40 မှစပြီး ဗို့လ်အက်ရှင် ရိုင်ဖယ်တွေ အားလုံးနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

MRAD ရိုင်ဖယ်ရဲ့ ထူခြားမှုက အခြေအနေနှင့်အညီ လိုက်လျောညီထွေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နည်းဗျူဟာလိုအပ်ချက်အနေအထားရ ဒီ ဗို့လ်အက်ရှင် ရိုင်ဖယ်ဟာ ကယ်လိုဗာမျိုးစုံကို တွဲဖက်အသုံးပြုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။

စစ်မြေပြင်မှာ စနိုက်ပါသမားများဟာ မော်တော်ယာဉ်ဗုံးများ ကဲ့သို့ ရွေ့လျားဗုံးများ မှစပြီး လူလှိုင်းလုံးဖြင့် တိုက်ခိုက်ခံရတဲ့ အနေအထားထိ ရှိလာနိုင်ပါတယ်။

မြင်ကွင်းအပေါ်မူတည်ပြီး ထိထိရောက်ရောက် ချိန်ညှိနိုင်စွမ်းရှိတာဟာ ထူးခြားပြီး၊ ကောင်းမွန်တဲ့ ဒီ စနိုက်ပါရဲ့ အားသာချက်ဖြစ်ပါတယ်။

ဒါ့အပြင် MRAD ရိုင်ဖယ်တွေဟာ recoil လို့ခေါ်တဲ့ ပစ်တဲ့အခါ တုန်ခါမှုကို လျှော့ချပေးထားတဲ့အတွက် ပစ်ခတ်တဲ့အခါ မှန်ပြောင်းမှ ပစ်မှတ် မြင်ကွင်း ပျောက်သွားတာမျိုး မဖြစ်စေဘဲ ပစ် မှတ် ကို ချိန်ရွယ်ထားနိုင်ပါတယ်။

MRAD ရိုင်ဖယ်ဟာ အစပိုင်းမှာ အဆင့်မြင့် စနိုက်ပါ ရိုင်ဖယ် အစီအစဉ်မှ တဆင့် အမေရိကန် အထူးစစ်ဆင်ရေး ညွှန်ကြားမှု ဌာန Special Operations Command (SOCOM) မှ ဆောင်ရွက်တဲ့ ပမာဏခြေလှမ်းဖြစ်ပြီး ကြည်းတပ်နှင့် မရိန်းတပ်ဖွဲ့များဟာ လုပ်ငန်းစဉ်ရဲ့ နောက်အဆင့်တွေမှာ ပါဝင်ခဲ့ပါတယ်။

MRAD ရိုင်ဖယ်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီအဆိုအရ ဒီရိုင်ဖယ်ဟာ အကြမ်းခံတဲ့ ဒီဇိုင်း၊ Hornady မှ ထုတ်လုပ်ထားတဲ့ ကျည်ကတ် ဒီဇိုင်းသစ်နှင့် တိကျမှုတို့ကြောင့် တာဝေး ပစ်ခတ်မှုကို ဘယ်ရိုင်ဖယ်ကမှ မယှဉ်နိုင်လောက်အောင် ကောင်းမွန်တယ်လို့ သိရပါတယ်။

ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကြည်းတပ်အနေဖြင့် ရိုင်ဖယ် ၃ ထောင်လောက် ဝယ်ယူဖို့ စီစဉ်နေပြီး ဒါဟာ ယခင် စီစဉ်ထားတာထက် ၆ ဆ နီးပါး ပိုမို မှာယူတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မရိန်းတပ်ကတော့ အလက် ၂၅၀ လောက်သာ ကနဦး ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

ZawGyi

အေမရိကန္ ၾကည္းတပ္၊ မရိန္း တပ္သားမ်ားႏွင့္ အထူးတပ္ဖြဲ႕ မ်ားဟာ မၾကာမီတြင္ စႏိုက္ပါ႐ိုင္ဖယ္အသစ္ တစ္မ်ိဳးကို ရရွိေတာ့မယ္လို႔ သိရပါတယ္။

၂၀၁၆ ခုႏွစ္မွ စတင္ခဲ့သည့္ ၾကာျမင့္လွၿပီျဖစ္တဲ့ ဝယ္ယူျခင္း လုပ္ငန္းစဥ္ အၿပီးမွာ ၾကည္းတပ္၊ ေရတပ္ႏွင့္ US Special Operations Command လို႔ေခၚတဲ့ အထူးတပ္(SOCOM) မ်ားဟာ Barrett ကုမၸဏီမွ ထုတ္လုပ္လိုက္တဲ့ Multi-Role Adaptive Design (MRAD) စႏိုက္ပါ႐ိုင္ဖယ္ကို စတင္ လက္ခံရရွိေနၿပီ ျဖစ္ပါတယ္။

ၾကည္းတပ္မွာေတာတ့ MRAD ႐ိုင္ဖယ္ကို ယခင္ အသုံးျပဳေနတဲ့ M107 ႏွင့္ M210 ႐ိုင္ဖယ္မ်ား ေနရာမွာ အစားထိုးသြားမွာျဖစ္ပါတယ္။

မရိန္းတပ္သားမ်ား အတြက္ေတာ့ ဒီ ႐ိုင္ဖယ္သစ္ဟာ ဗီယက္နမ္ေခတ္က M40 မွစၿပီး ဗို႔လ္အက္ရွင္ ႐ိုင္ဖယ္ေတြ အားလုံးေနရာမွာ အစားထိုးသြားမွာ ျဖစ္ပါတယ္။

MRAD ႐ိုင္ဖယ္ရဲ႕ ထူျခားမႈက အေျခအေနႏွင့္အညီ လိုက္ေလ်ာညီေထြစြာ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ နည္းဗ်ဴဟာလိုအပ္ခ်က္အေနအထားရ ဒီ ဗို႔လ္အက္ရွင္ ႐ိုင္ဖယ္ဟာ ကယ္လိုဗာမ်ိဳးစုံကို တြဲဖက္အသုံးျပဳႏိုင္ေအာင္ စီစဥ္ထားတာ ျဖစ္ပါတယ္။

စစ္ေျမျပင္မွာ စႏိုက္ပါသမားမ်ားဟာ ေမာ္ေတာ္ယာဥ္ဗုံးမ်ား ကဲ့သို႔ ေ႐ြ႕လ်ားဗုံးမ်ား မွစၿပီး လူလႈိင္းလုံးျဖင့္ တိုက္ခိုက္ခံရတဲ့ အေနအထားထိ ရွိလာႏိုင္ပါတယ္။

မင္ကြင္းအေပၚမူတည္ၿပီး ထိထိေရာက္ေရာက္ ခ်ိန္ညႇိႏိုင္စြမ္းရွိတာဟာ ထူးျခားၿပီး၊ ေကာင္းမြန္တဲ့ ဒီ စႏိုက္ပါရဲ႕ အားသာခ်က္ျဖစ္ပါတယ္။

ဒါ့အျပင္ MRAD ႐ိုင္ဖယ္ေတြဟာ recoil လို႔ေခၚတဲ့ ပစ္တဲ့အခါ တုန္ခါမႈကို ေလွ်ာ့ခ်ေပးထားတဲ့အတြက္ ပစ္ခတ္တဲ့အခါ မွန္ေျပာင္းမွ ပစ္မွတ္ ျမင္ကြင္း ေပ်ာက္သြားတာမ်ိဳး မျဖစ္ေစဘဲ ပစ္မွတ္ကို ခ်ိန္႐ြယ္ထားႏိုင္ပါတယ္။

MRAD ႐ိုင္ဖယ္ဟာ အစပိုင္းမွာ အဆင့္ျမင့္ စႏိုက္ပါ ႐ိုင္ဖယ္ အစီအစဥ္မွ တဆင့္ အေမရိကန္ အထူးစစ္ဆင္ေရး ၫႊန္ၾကားမႈ ဌာန Special Operations Command (SOCOM) မွ ေဆာင္႐ြက္တဲ့ ပမာဏေျခလွမ္းျဖစ္ၿပီး ၾကည္းတပ္ႏွင့္ မရိန္းတပ္ဖြဲ႕မ်ားဟာ လုပ္ငန္းစဥ္ရဲ႕ ေနာက္အဆင့္ေတြမွာ ပါဝင္ခဲ့ပါတယ္။

MRAD ႐ိုင္ဖယ္ကို ထုတ္လုပ္တဲ့ ကုမၸဏီအဆိုအရ ဒီ႐ိုင္ဖယ္ဟာ အၾကမ္းခံတဲ့ ဒီဇိုင္း၊ Hornady မွ ထုတ္လုပ္ထားတဲ့ က်ည္ကတ္ ဒီဇိုင္းသစ္ႏွင့္ တိက်မႈတို႔ေၾကာင့္ တာေဝး ပစ္ခတ္မႈကို ဘယ္႐ိုင္ဖယ္ကမွ မယွဥ္ႏိုင္ေလာက္ေအာင္ ေကာင္းမြန္တယ္လို႔ သိရပါတယ္။

ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ၾကည္းတပ္အေနျဖင့္ ႐ိုင္ဖယ္ ၃ ေထာင္ေလာက္ ဝယ္ယူဖို႔ စီစဥ္ေနၿပီး ဒါဟာ ယခင္ စီစဥ္ထားတာထက္ ၆ ဆ နီးပါး ပိုမို မွာယူတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ မရိန္းတပ္ကေတာ့ အလက္ ၂၅၀ ေလာက္သာ ကနဦး ဝယ္ယူသြားမွာ ျဖစ္ပါတယ္။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *