အာဖရိကမှ တန်ဖိုးနည်းပြီး ထိရောက်သည့် နေရောင်ခြည်စွမ်းအင်သုံး ကားတစင်းဖန်တီးမှု အကြောင်း

Innovation Tech

ဆီယာလီယွန်နိုင်ငံတွင် နေရောင်ခြည်စွမ်းအင်သုံး တန်ဖိုးနည်း ကားကို ပထမဆုံး တည်ဆောက်လိုက်ပါတယ်။

တီထွင်သူရဲ့ပြောကြားချက်အရ ကားတစ်စီး ပြီးစီးဖို့ ဒေါ်လာ ၅၀၀ ကုန်ကျပြီး တစ်နာရီလျှင် ၉ မိုင်အထိ မောင်းနှင်နိုင်တယ်ဟု သိရပါတယ်။

ဆီယာရာလီယွန်နိုင်ငံမှာဆိုရင် အိမ်ထောင်စုအများစုဟာ ချက်ပြုတ်ဖို့နှင့် အခြား ဆက်စပ် လုပ်ဆောင်မှုများ လုပ်ဆောင်ဖို့တို့ အတွက် လောင်စာအရင်းအမြစ်အဖြစ် မီးသွေး သို့မဟုတ် ထင်းကို အသုံးပြုရသည့် အကြောင်းအရင်းအမျိုးမျိုးကြောင့် လေထုညစ်ညမ်းမှုတွင် ထိခိုက်လွယ်ဆုံးနိုင်ငံအဖြစ် အဆင့် 17 သတ်မှတ်ထားပါတယ်။

ယာဉ်များမှ လေထုညစ်ညမ်းမှုကလည်း အလွန်ဆိုးရွားစွာ သက်ရောက်မှုရှိတာကိုလည်းတွေ့ရပါတယ်။

ယခုအခါ၊ Sierra Leone၊ Freetown မှ အသက် 24 နှစ်အရွယ် Emmanuel Alieu Mansaray က လေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံးနည်းဖြင့် ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

Courtesy of Emmanuel Alieu Mansaray

Mansaray ဟာ ဆိုလာစွမ်းအင်သုံးတန်ဖိုးနည်း ကားကို တည်ဆောက်ခဲ့ပြီး ၎င်းဟာ အလုပ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ ကားကို ‘Imagination car’ ဟု အမည်ပေးထားပြီး တီထွင်သူက ယာဉ်ပေါ်ရှိ အသေးစိတ်အချက်အလက်အားလုံးကိုလည်း ရှင်းပြထားပါတယ်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံးကားကို ကျွန်ုပ်တို့ရဲ့အသိုင်းအဝိုင်းအတွင်း ပတ်ဝန်းကျင်နှင့်ကိုက်ညီဖို့အတွက် Mansaray က ၎င်းရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးပြုပြီး ပထမဆုံးတည်ဆောက်ခဲ့ခြင်း ဖြစ်တယ်ဟု သိရပါတယ်။

ထို့ကြောင့် နေစွမ်းအင်သုံးကားကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်ဟု ဆိုပါတယ်။

နောက်တစ်ချက်က လက်ရှိ အခြားလောင်စာအမျိုးအစားများ (ရုပ်ကြွင်း၊ ဓာတ်ငွေ့နှင့် အရည်) ကိုအသုံးပြုသော ကားများမှထုတ်လွှတ်တဲ့ အန္တရာယ်ရှိသော မီးခိုးငွေ့များကို ရှူရှိုက်မိခြင်းဟာ အဆုတ်ကင်ဆာ၊ ပန်းနာရင်ကျပ်ရောဂါကဲ့သို့သော ကူးစက်ရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ခံစားရစေနိုင်တယ်ဟု Mansaray က ဆိုပါတယ်။

သို့ပေမယ့်လည်း အဆိုပါကားကို တည်ဆောက်ရတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။

အာဖရိကတိုက်ရှိ ဆီယာရာလီယွန်နိုင်ငံ တည်ရှိရာ နေရာ

တီထွင်သူအနေနဲ့ ပြီးမြောက်ဖို့ သုံးနှစ်ခန့် အချိန်ယူရပြီး နိုင်ငံရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ အစိမ်း၊ အဖြူနှင့် အပြာရောင်တို့ကို အသုံးပြု၍ ၎င်းကို ပြုလုပ်ခဲ့ပါတယ်။

၎င်းနေစွမ်းအင်သုံး ဆိုလာယာဉ်အတွက် စုစုပေါင်း Mansaray ဟာ $500 ကုန်ကျပြီး ယခုအခါ ၎င်းရဲ့မွေးရပ်ဇာတိမှာ တစ်နာရီလျှင် ၉ မိုင် (တစ်နာရီ ၁၅ ကီလိုမီတာ) အထိ မောင်းနှင်နိုင်နေပြီ ဖြစ်ပါတယ်။

Mansaray က သူ့မှာ ကလေးဘဝတည်းက အမျိုးမျိုးသော စက်ပိုင်းဆိုင်ရာပြသာနာတွေကို ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေ ပေးနိုင်တဲ့ အရည်အချင်းရှိတယ်ဟု ဆိုပါတယ်။

ဒါ့အပြင် ညအချိန်မှာ အိမ်မှာရှိတဲ့ လျှပ်စစ်ပြဿနာတွေကို ဖြေရှင်းဖို့ အံ့သြစရာကောင်းတဲ့ နည်းပညာတွေကို ဖန်တီးထားတယ်ဟုလည်း သိရပါတယ်။

Image: Courtesy of Viceversaonline

ယခုအချိန်အထိ သူရဲ့ စိတ်အားထက်သန်စွာ တီထွင်ခဲ့တဲ့ ပရောဂျက်ကို လူအများစုကကောင်းမွန်စွာ လက်ခံခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက လူတွေဆီက အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေ အများကြီးကိုလည်း ရရှိခဲ့ပါတယ်။

ဒါဟာ ကမ္ဘာအတွက် ရှင်းရှင်းလင်းလင်း အပြုသဘောဆောင်တဲ့ စံနမူနာတစ်ခုလို့ ပြောလို့ရပါတယ်။

တချို့ကလည်း Mansaray ရဲ့ တိုးတက်တီထွင်မှုအတွက် ငွေရေးကြေးရေးအရ ကူညီပေးချင်ခဲ့တာတောင်မှ ၎င်းကို မကူညီနိုင်ခဲ့ကြဘူးဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.