အချက်အလက်တွေကို ပိုမို မြန်ဆန်စွာ ပေးပို့လာနိုင်တဲ့နောက်မှာ အဲဒီ့ အချက် အလက်တွေကို ဘယ်လို သိမ်းဆည်းမလဲဆိုတာ အခက်အခဲတွေ ရှိလာပါပြီ။
ယနေ့ခေတ် အချက်အလက် သိမ်းဆည်းသည့် storage device များဟာ (အထူးသဖြင့် Disc များ) အချက်အလက် ပေးပို့သည့် အမြန်နှုန်းထက် စာရင် တိုးတက်မှု အနည်းငယ် နှေးကွေးနေပါတယ်။
ယခင် Laptop အဟောင်းများတွင် အသုံးပြုသည့် အချက်အလက် သိမ်းဆည်းသည့် HDD များဟာ နောက်ဆုံးပေါ် SSD များနှင့် နှိုင်းယှဉ်ပါက အလွန် နှေးကွေးနေတာကို သတိပြုမိပါက ယခု အနေအထားကို နားလည်နိုင်မှာပါ။
အခုတော့ Southampton တက္ကသိုလ်မှ သုတေသီများဟာ နောက်ဆုံးပေါ် လေဆာနည်းပညာကို အသုံးပြုပြီး အချက်အ လက်များစွာ သိုလှောင်နိုင်မယ့် အရာတခုကို ဖန်တီးနေပါတယ်။

၎င်းဟာ ယခင် Blue ray ကဲ့သို့ CD အရွယ် အချပ်များထက် သိပ်သည်းဆ ပိုမိုများပြားပြီး ရေရှည်အတွက်လည်း စွမ်းဆောင်ရည် အထူးကောင်းမွန်တယ်လို့ ဆိုပါတယ်။
ဒီနည်းပညာဟာ CD အရွယ်အစား ရှိတဲ့ Disc ပြား တပြားကို 500 TB လောက်အထိ ထည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။
500 TB ဆိုတဲ့ ပမာဏဟာ အလွန်များပြားတဲ့ ပမာဏ ဖြစ်ပြီး 500,000 GB နှင့် ညီမျှပါတယ်။
ဒီ နည်းပညာသုံး Disc ကို five-dimensional (5)D optical storage လို့ခေါ်ပြီး ၂၀၁၃ ခုနှစ်က ပထမဆုံး သရုပ်ပြခဲ့ဖူးပါတယ်။
အဲဒီ့အချိန်ကတော့ အဆိုပါ format ကို အသုံးပြုပြီး 300kb သာသာရှိတဲ့ text file တခုဖြင့် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

data write လုပ်သည့် အဆိုပါ စမ်းသပ်မှုတွင် တိုတောင်းပြီး အားကောင်းသည့် အလင်းလှိုင်းကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ စာအုပ် ကြီးတွေရဲ့ ဒစ်ဂျစ်တယ် ကော်ပီတွေကို သိမ်းဆည်းပြီး သရုပ်ပြနိုင်ခဲ့ပါတယ်။
စမ်းသပ်မှုမှ တွေ့ရှိချက်များအရ ဒီ device များဟာ သာမန် Hard-drive memory များလို အပူချိန်မြင့်မားခြင်း၊ စိုထိုင်းဆ မြင့်မားခြင်း၊ သံလိုက်လှိုင်း နှင့် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းခြင်း စတာတွေ မဖြစ်စေနိုင်ဘူးဆိုတာကို သိရပါတယ်။
လက်ရှိမှာတော့ data များကို လုံလောက်သည့် အမြန်နှုန်းဖြင့် မှတ်သားနိုင်အောင် သုတေသီများက ကြိုးစားနေကြပါတယ်။
သုတေသီများဟာ ယခုစနစ်ကို လူများ၏ DNA အချက်အလက်များ မှတ်သားခြင်း နိုင်ငံ နှင် ပြတိုက် အချက်အလက်ကဲ့သို့ ရေရှည် သိမ်းဆည်းရမည့် အချက်အလက်များကို သိမ်းဆည်းပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ယခု Disc ဟာ လက်ရှိ Blu-ray Disc များထက် အဆ ၁ သောင်းလောက် သိပ်သည်းဆ ပိုများပြီး ၁၀၀ ရာခိုင်နှုန်း တိကျမှု ပိုမို မြင့်မားပါတယ်။

ထိုကဲ့သို့ တိကျမှုကြောင့် အချက်အလက် သိမ်းဆည်းရာမှာလည်း အမှားအယွင်း နည်းစေမှာ ဖြစ်ပါတယ်။
တိုးတက်လာတဲ့ နည်းပညာများကြောင့် အချက်အလက် သိပ်သည်းဆဟာ ပိုမို ကြီးမားလာပြီး သိမ်းဆည်းသည့် စနစ်များဟာ ပိုမို ကောင်းမွန်လာရတော့မှာပါ။
ဒါ့ကြောင့် မဝေးလှတဲ့ အနာဂါတ်မှာ ပိုမို ကောင်းမွန်တဲ့ storage device များကို မြင်တွေ့လာရတော့မယ်လို့ မျှော်လင့်ရပါတယ်။
ဒီသုသေသနကို Optica ဂျာနယ်တွင် “High speed ultrafast laser anisotropic nanostructuring by energy deposition control via near-field enhancement” ခေါင်းစဉ်ဖြင့် ရေးသားခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။