၂၀၁၇ ခုနှစ်လောက်က Red Bull ဟာ အတောင်ပုံစံ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လေယာဉ်မှူး ၂ ယောက်မှ တောင်ထိပ်ပေါ်မှ ခုန်ကာ လေယာဉ်ပေါ်သို့ ဆင်းသက်သည့် စတန့်တခုကို ရိုက်ကူးခဲ့ပါတယ်။
ဒါဟာ ၎င်းတို့ ရိုက်ကူးခဲ့သမျှ စတန့်များထဲတွင် အပြောင်မြောက်ဆုံးနှင့် အကြမ်းဆုံး စတန့်တခု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အခု ထပ်မံ ပြုလုပ်မယ့် စတန့်ကတော့ ပိုပြီးကြမ်းပါတယ်။
Red Bull ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ လေယာဉ်မှူး နှစ်ယောက် လေထဲတွင် လေယာဉ်ချင်း လဲပြီး မောင်းနှင်မယ့် စ တန့် ကို ပြသတော့မှာပါ။
ဒီလို စတန့်ကို တိုက်ရိုက်ပြသမှာဖြစ်ပြီး ဒီအစီအစဉ်ကို ပံ့ပိုးသူ Red Bull ဟာ ကျွန်တော်တို့သိတဲ့ ကျွဲရိုင်း အချိုရည် ကုမ္ပဏီ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ဒီလို ပြင်းထန်တဲ့ စတန့်နှင့် အားကစားများကို ရိုက်ကူး ပံ့ပိုးကာ ၎င်းတို့၏ ဈေးကွက် ထိုးဖောက်ရေး အတွက် ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပါတယ်။
လေယာဉ်ချင်း လေပေါ်တွင်လဲပြီး မောင်းနှင်နိုင်ဖို့ လုပ်ဆောင်မယ့် Plane Swap စတန့်ဟာ ရိုက်ကူးသမျှမှာ အကြမ်းဆုံး ဖြစ်စေရမယ်လို့ ကတိပြုထားပါတယ်။
ဒီစတန့်ကို လေယာဉ်မှူး နှစ်ယောက်ဖြစ်တဲ့ Luke Aikins နှင့် Andy Farrington တို့က ပြသ သွားမှာပါ။
၎င်းတို့ဟာ ပုံမှန် ကောင်းကင် ဒိုင်ဗင်ထိုးလေ့ရှိသည့် အမြင့် ပေ ၁၄,၀၀၀ (၄,၂၆၇) မီတာလောက်မှာ အတူတကွ အရင် ပျံ သန်းမှာပါ။
အဲဒီ့နောက်မှာတော့ မိမိတို့၏ လေယာဉ်များမှ ခုန်ထွက်ကာ လေထဲတွင် တယောက်လေယာဉ်နှင့် တယောက် လဲလှယ်ပြီး မောင်းနှင်မှာ ဖြစ်ပါတယ်။

အဲဒီ့အချိန်မှာ လေယာဉ် ၂ စင်းလုံးဟာ ထိန်းချုပ်မယ့်သူ မရောက်ခင် ခဏတာ အချိန်အတွင်း မောင်းနှင်သူမရှိဘဲ အောက်သို့ ထိုးဆင်းနေမှာပါ။
ထိုသို့ လေယာဉ်များ စိုက်ဆင်းနေချိန်တွင် အတိုင်းအဆမရှိ ဆင်းသက်သွားခြင်းမျိုး မရှိရန်အတွက် “Air brakes” လို့ခေါ်သည့် ဘရိတ် အပြားကြီးများကို အသုံးပြုမှာဖြစ်ပါတယ်။
ထိုနည်းဖြင့် Aikins နှင့် Farrington တို့ဟာ လေထဲတွင် လေယာဉ် တစင်းမှ တစင်းသို့ ခုန်ကူးနိုင်ကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ စတန့်ပြမည့် အမြင့်ဟာ မအောင်မြင်တောင်မှ လေထီး မခုန်ခင် မိနစ် အနည်းငယ်လောက် အထိ အချိန်ရသဖြင့် လူးသာလှုပ်သာတော့ ရှိပါတယ်။
မောင်းမည့် လေယာဉ်မှူးများဟာ နယ်နယ်ရရ ပုဂ္ဂိုလ်များတော့ မဟုတ်ကြပါဘူး။

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Aikins ဟာ ၂၀၁၆ ခုနှစ်က အမြင့်ပေ ၂၅,၀၀၀ လောက်မှ လေထီး သို့မဟုတ် တောင်ပံပုံစံ ဝတ်စုံ မပါဝင်ဘဲ ပေ ၁၀၀ ပတ်လည်ရှိသည့် ပိုက်ကွန်ပေါ်သို့ အလွတ်ခုန်ချ ဆင်းသက်ဖူးပါတယ်။
နောက်တယောက်ဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိ Farrington ဟာလည်း အလွန်ကျွမ်းကျင်တဲ့ လေယာဉ်မှူးတယောက်ဖြစ်ပြီး အမြင့်ခုန် ထောင်ချီ လုပ်ဖူးကာ Transformer 3 နှင့် Iron Man 3 ကဲ့သို့ စတန့်များကို ပြသဖူးပြီး Red Bull လေ ယာဉ် အဖွဲ့တွင် အသက်အငယ်ဆုံး တယောက်ဖြစ်ပါတယ်။
ဒီစတန့်ကို လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ လုပ်ဆောင်မှာဖြစ်ပြီး Red Bull ဝက်ဘ်ဆိုက်တွင် trailer ကို ကြည့်ရှုနိုင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။