General Atomics ကုမ္ပဏီ၏ လေကြောင်းထုတ်လုပ်ရေး အဖွဲ့ဖြစ်တဲ့ GS-ASI မှ ၎င်းတို့၏ အနာဂါတ် မျိုးဆက်သစ် မောင်းသူမဲ့လေယာဉ် ဖြစ်လာနိုင်မယ့် ကွန်ပျူတာဖြင့် ဒီဇိုင်းထုတ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ပုံကို သောကြာနေ့က လူမှုကွန်ယက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီ မောင်းသူမဲ့ လေယာဉ်ဟာ အဓိကအားဖြင့် Intelligence, surveillance and Recon- naissance (ISR) လို့ခေါ်တဲ့ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း နှင့် ကင်းထောက်ခြင်း လုပ် ငန်းများကို လုပ်ဆောင်ဖို့ရာအတွက် ရည်ရွယ်ပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။
သတင်းများအရ အဆိုပါ မောင်းသူမဲ့လေယာဉ်ကို အမေရိကန်လေတပ်၏ လက်ရှိအသုံးပြုနေတဲ့ MQ-9 မောင်းသူမဲ့လေယာဉ်များ နေရာမှာ အစားထိုးဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီဇိုင်းအသစ်အရ ဒီမောင်းသူမဲ့လေယာဉ်ဟာ ၎င်းကို ရှာဖွေတွေ့ရှိနိုင်မယ့် ရေဒီယိုလှိုင်း၊ အနီ အောက်ရောင်ခြည်လှိုင်း နှင့် အသံလှိုင်းများကို လျှော့ချနိုင်အောင် ဒီဇိုင်းဆွဲထားပြီး ကိုယ်ထည်မှာလဲ အလွယ်တကူ မမြင်နိုင်သည့် ပုံစံဖြင့် တည်ဆောက်ထားတာကို တွေ့ရပါတယ်။
ဒီလို B 2 လေယာဉ်များ ကဲ့သို့ အလျားရှည်ပြီး ပါးလျှတဲ့ ဒီဇိုင်းကို အသုံးပြုထားတဲ့အတွက် လေဝင်ပေါက်မှ လေယာဉ်ကိုယ်ထည်တခုလုံးဟာ သေချာပေါက် ရေဒါပျောက်နည်းပညာကို အသုံးပြုထားတယ် ဆိုတာ ပြသနေပါတယ်။
လက်ရှိ အမေရိကန်တို့ အသုံးပြုနေတဲ့ MQ-9 မောင်းသူမဲ့ လေယာဉ် ဟာ Intelligence, Surveillance, Target Acquisition and Reconnaissance (ISTAR) လို့ခေါ်တဲ့ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း၊ ပစ်မှတ် ရှာဖွေ အတည်ပြုခြင်း နှင့် ကင်းထောက် ခြင်း လုပ်ငန်းများ အတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။

တာဘိုပန်ကာတပ် အင်ဂျင် တပ်ဆင်ထားတဲ့ ဘက်စုံသုံး MQ-9 များကို ၂၀၀၁ ခုနှစ်က စတင်ပျံသန်းခဲ့ပြီး အမေရိကန်နှင့် ဗြိတိန် လေတပ် တို့က “Reaper” လို့ အမည်ပေး ထားပါတယ်။
နောက်ပိုင်းမှာတော့ လက်နက် တပ်ဆင်ထားသည့် မည်သည့် Predator B အတွက်မဆို ကျယ် ပြန့်စွာ အသုံးပြုသော နာမည် ဖြစ်လာပါတယ်။
MQ-9A ဟာ ၂၇ နာရီလောက် မရပ်မနား ပျံသန်း စစ်ဆင်နိုင်ပြီး တစ်နာရီကို ၄၄၄ ကီလိုမီတာ လောက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။
အမြင့်ပေ ၅ သောင်းလောက်အထိ ပျံတက်နိုင်ပြီး ပြင်ပမှ ချိတ်ဆွဲနိုင်သည့် ဝန် ပေါင် ၃ ထောင် အပါအဝင် အလေးချိန် ၃၈၅၀ ပေါင် လောက်အထိ တင်ဆောင်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီမောင်းသူမဲ့လေယာဉ်ဟာ သူသယ်ဆောင်နိုင်တဲ့ ဝန်ထက် ၅၀၀ ရာခိုင်နှုန်းတောင် ပိုမိုသယ်ဆောင်နိုင်ပြီး ဒါဟာ မြင်းကောင်ရေ၏ ၉ ဆ ရှိပါတယ်။
MQ-9 တွေဟာ ကြာရှည်စွာ ပျံသန်းနိုင်ပြီး ဆက်တိုက်စောင့်ကြည့် နေနိုင်ကာ တိုက်ခိုက်မှုများကိုပါ ပြုလုပ်နိုင်တဲ့ မောင်းသူမဲ့ တိုက်လေယာဉ် အမျိုးအစားလဲ ဖြစ်ပါတယ်။
General Atomics ၏ တွဲဖက် ကုမ္ပဏီဖြစ်တဲ့ GS-ASI ဟာ ယခင် Predator မောင်းသူမဲ့လေ ယာဉ်များနှင့် Lynx ရေဒါများ အပါအဝင် စစ်မြေပြင် သက်သေပြပြီးဖြစ်တဲ့ ယုံကြည်စိတ် ချရတဲ့ မောင်သူမဲ့လေယာဉ်စနစ်များ၊ ရေဒါများနှင့် Electro-Optic နှင့် ဆက်စပ် စနစ်များကို ထုတ်လုပ် ဒီဇိုင်းဆွဲရာမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။
ယခုလို မျိုးဆက်သစ် မောင်းသူမဲ့လေယာဉ် ဒီဇိုင်း ထွက်ပေါ်လာတဲ့အတွက် လက်ရှိမှာ ဒီမောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်ဖို့ လုပ်နေပြီလား၊ ထုတ်လုပ်တဲ့အဆင့်ထိ ရောက်နေပြီလားဆိုတာကိုတော့ မသိရသေးပါဘူး။
Knowledgeworms Copyright © 2021