အပူချိန်မြင့်တင်လာမှုကြောင့် ကမ္ဘာတဝှမ်းရှိ ရေခဲပြင်များ အရည်ပျော်လာသည်နှင့်အမျှ nematodes လို့ခေါ်တဲ့ ကပ်ပါးကောင်လေးများမှသည့် ဂူအောင်းခြင်္သေ့ များအထိ အရာအားလုံးကို လေ့လာနိုင်လာပါတယ်။
တွေ့ရှိမှုအများစုကို အာတိတ်ဒေသမှာ အမြဲတည်ရှိတဲ့ရေခဲတောင်များတွင် တွေ့ရှိရပြီး အခု သိပ္ပံပညာရှင်များ ထပ်မံတွေ့ရှိခဲ့တာကတော့ ရှေးခေတ် ဗိုင်းရပ်စ်တွေပဲ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်များဟာ အထူးသဖြင့် ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၂၂,၀၀၀ မြင့်သည့် တရုတ်တိဗက်ကုန်းပြင်မြင့်မှ ယူဆောင်လာသည့် နှစ်ပေါင်း ၁၅,၀၀၀ ခန့် သက်တမ်းရှိ ရေခဲနမူနာများမှ ရရှိလာတာ ဖြစ်ပါတယ်။
စုစုပေါင်း သုတေသီများဟာ ဗိုင်းရပ်စ်ပေါင်း ၃၃ ခု၏ မျိုးရိုးဗီဇ များကို တွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ ၂၈ မျိုးကို ယခင်က တခါမှ မမြင်တွေ့ဖူးဘူးလို့ သိရပါတယ်။
ဒီလို ထူးခြားသည့်အပြင် ၎င်းတို့ဟာ လွန်စွာ ခံနိုင်ရည်ရှိတယ်လို့လည်း သိရပါတယ်။
အိုဟိုင်းယိုးပြည်နယ် အနုဇီဝဗေဒပညာရှင် ပါမောက္ခ မတ်သရူး ဆူလီဗန်က “ဒီဗိုင်းရပ်စ်တွေမှာ အေးတဲ့ ပတ်ဝန်းကျင်များမှာ ဆဲလ်တွေကို ကူးစက်စေတဲ့ မျိုးရိုးဗီဇ လက္ခဏာတွေ ရှိတယ်”လို့ ဆိုပါတယ်။
ရေခဲမြစ်များတွင် ဗိုင်းရပ်စ်များ လေ့လာမှုဟာ အသစ်အဆန်းဖြစ်ပေမယ့် ၎င်းတို့ကို ယခင်က မြေအောက်ရေခဲပြင် အတွင်းတွင် တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဥပမာ အားဖြင့် ၂၀၁၄ ခုနှစ်က ဆိုက်ဘေးရီယားရှိ မြေအောက်ရေခဲပြင်အတွင်း နှစ် ၃ သောင်းလောက် ပိတ်မိနေသည့် ဧရာမ ဗိုင်းရပ်စ် ၂ မျိုး ကို ပြန်လည် ရှင်သန်စေခဲ့ပြီး ဖြစ်ပါတယ်။

ဒီလိုလေ့လာမှုများကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ရှာဖွေတွေ့ရှိမှုများဟာ ကမ္ဘာကြီး၏ အပြင်းထန်ဆုံး ရာသီဥတုရှိသည့် နေရာများအပေါ် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဟာ မည်မျှ သက်ရောက်မည်ဆိုတာကို လေ့လာဖို့ အရေးကြီးသည့် ရှာဖွေတွေ့ရှိမှုများ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီ ဗိုင်းရပ်စ်များ ရှာဖွေတွေ့ရှိသည့် စာတမ်းကို ဦးဆောင် ပြုစုသူ ပါမောက္ခ လွန်နီ သွန်မ်ဆင်န် ” ကျွန်တော်တို့ဟာ ဒီလို ကြမ်းတမ်းတဲ့ ရာသီ ဥတုမှာ ရှင်သန်နိုင်တဲ့ ဗိုင်းရပ်စ်များနှင့် အနုဇီဝများအကြောင်းကို အနည်းငယ်သာ သိရှိပါသေးတယ်” လို့ ပြောပါတယ်။
ထို့အပြင် အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ် Byrd Polar and Climate Research Center မှ Zhi Ping Zhong ဦးဆောင်သည့် လေ့လာသူများဟာ ဗိုင်းရပ်စ်များ၏ ဆင့်ကဲ ပြောင်းလဲမှုကို ပိုမို နားလည်ရန် အဆိုပါ ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အချက်အလက်များကို အသုံးပြုဖို့ မျှော်လင့်ရပါတယ်။
ပါမောက္ခ ဆူလီဗန်က Zhi Ping တီထွင်ခဲ့သည့် နည်းလမ်းများဟာ ရေခဲအတွင်းရှိ ပိုးမွှားများနှင့် ဗိုင်းရပ်စ်များကို လေ့လာရန် ကျွန်တော်တို့ ကို ကူညီနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ပြင်းထန် အေးခဲသည့် ပတ်ဝန်းကျင်များဖြစ်သည့် မားစ်၊ လ သို့မဟုတ် ကမ္ဘာ့ Atacama သဲကန္တာ ရ တို့နှင့် ပိုမို နီးစပ်ပါတယ် လို့ ပြောပြခဲ့ပါတယ်။
Knowledgeworms Copyright © 2021