အမေရိကန်ရေတပ်၏ လေယာဉ်တင် သင်္ဘောတစ်စီး အတွက် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး တစ်ဦးကို Executive Officer အဖြစ်ခန့်အပ်

Military

အမေရိကန်ရေတပ်၏ Capt. Amy Bauernschmidt ဟုအမည်ရသည့်အမျိုးသမီးကို USS Abraham Lincoln (CVN 72) ကို ဦးဆောင်မည့်သူအဖြစ် ပထမဆုံးအကြိမ် တာဝန် ပေးအပ်လိုက်ပြီလည်းဖြစ်ပါတယ်။

သူမဟာ အမေရိကန်ရေတပ်၏ ၁၁ စီးရှိသော နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောများထဲမှ တစ်စီးကို ဦးဆောင်မည့်သူ ဖြစ်လာတော့မှာပါ။ သူမအနေဖြင့် ယခုလာမည့် နွေရာသီအတွင်း၌ အဆိုပါတာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ပြီး ယခုအခါ နျူကလီးယား စွမ်းအင်၊ လေကြောင်းဆိုင်ရာ နှင့် လေယာဉ်တင်သင်္ဘောအတွက် လိုအပ်သည့် ခေါင်းဆောင်မှု လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများကို တက်ရောက်နေပြီလည်းဖြစ်ပါတယ်။

ယခုကဲ့သို့ ခန့်အပ်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူမိကြောင်း နှင့် သင်္ဘောသားများကို ဦးဆောင်ရသည်ကို နှစ်သက်ကြောင်း၊ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် သွားမည် ဖြစ်ကြောင်း သူမကပြောကြားခဲ့ပါတယ်။ သူမဟာ ယခင်ကလည်း ပထမဆုံး အကြိမ်အဖြစ် လေယာဉ်တင်သင်္ဘော၌ Executive Officer (XO) အဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ အဆိုပါလေယာဉ်တင်သင်္ဘော၌ပင် တာဝန်ခန့်အပ်ခြင်း ခံရဖူးသူလည်းဖြစ်ပါတယ်။

သူမဇာတိသည် ဝီလ်စ်ကွန်စင်ရှိ Milwaukee ဒေသမှဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် United Stated Naval Academy မှ ပထမတန်းစားအဆင့်အမျိုးဖြင့် ဘွဲ့ရရှိခြင်းဖြစ်ကာ ၎င်းဘွဲ့သည် လေယာဉ်တင်သင်္ဘောများနှင့် တိုက်ခိုက်ရေးသင်္ဘောများ၌ တာဝန်ထမ်းဆောင် နိုင်ခွင့် ရှိမှာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တွင် Naval Aviator အဖြစ် ရဟတ်ယာဉ်အုပ်၌ တာဝန် ထမ်း ဆောင်ခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ။

Ref-DN

Myanmarnews24

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *