နောက်ဆုံးစမ်းသပ်လိုက်သည့် ကိုဗစ်ဆေးသစ် အကြောင်း

News

ဆေးဘက်ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Johnson & Johnson ဟာ နောက်ဆုံးမှာတော့ ၎င်း၏ တစ်ကြိမ်ထိုး ကိုဗစ်ကာကွယ်ဆေး မည်မျှကောင်းမွန်စွာ အလုပ်လုပ်သည့် အချက် အလက် များကို ကြေငြာလိုက်ပါတယ်။

FDA ခွင့်ပြုဖို့ အရည်အသွေးပြည့်မှီရန် ကြိုးစားနေပေမယ့် ကျွမ်းကျင်သူများ မျှော်လင့်သလို Moderna နှင့် Pfizer တို့လိုတော့ ရလဒ်မကောင်းပါဘူး။

အားလုံးခြုံပြောရရင် ဒီကာကွယ်ဆေးဟာ ကိုဗစ်ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ဖြစ်ရပ်များကို ကာကွယ်ရာမှာ ၈၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားပါတယ်။

ဒါ့ကြောင့် Johnson & Johnson ကထုတ်သည့်ဆေးဟာ ကိုဗစ်နှင့် ဆက်နွယ်သော အသက်အန္တရာယ်ရှိမှုတွေ၊ ဆေးရုံတင်ရခြင်းတွေကို လုံးဝ တားဆီးနိုင်တယ်လို့ ထင်ရပါတယ်။

ဒါပေမယ့် ဒီဆေးဟာ ကူးစက်နှုန်းမြင့် SARS-CoV-2 လို့ခေါ်တဲ့ ကိုဗစ်မျိုးကွဲမှာ ထိရောက်မှုမရှိဘဲ ပိုဆိုးလာစေပြီး ဆေး၏ထိရောက်မှုအနေဖြင့် အမေရိကန်တွင် ၇၂ ရာခိုင်နှုန်း၊ လက်တင် အမေရိကတွင် ၆၆ ရာခိုင်နှုန်းနှင့်၊ တောင်အာဖရိကတွင် ၅၇ ရာခိုင်နှုန်း သာရှိပါတယ်။

သို့သော် ကျွမ်းကျင်သူများကတော့ ကိုဗစ်ကိုတိုက်ထုတ်ဖို့ လက်နက်မျိုးစုံကို အသုံးပြုရမှာဖြစ်လို့ သယ်ယူပို့ဆောင်ရာမှာ အားသာချက်ရှိတဲ့ ဒီဆေးကို လစ်လျူရှုလို့ မရနိုင်ပါဘူး။ အရေးကြီးတဲ့အချက်က ဒီကာကွယ်ဆေး သစ်ဟာ တစ်ကြိမ်တည်းနှင့် အလုပ်လုပ်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ဒီဆေးဟာ တခြားဆေးတွေလို တစ်ကြိမ်ထိုးပြီး ဒုတိယ ရက်သတ္တပတ်ကြာတွင် ထပ်မှန်ထိုးရန် မလိုအပ်တဲ့အတွက် လူနာများကို ရိုးရိုးရှင်းရှင်း စီမံခန့်ခွဲလို့ရပါတယ်။

ဝါရှင်တန်ပို့စ် အရ ဒီဆေးသစ်ဟာ ရေခဲသေတ္တာ အပူချိန်လောက်နှင့် အာနိသင် မပျက်အောင် ထိန်းထား နိုင်လို့ သိုလှောင်ရာမှာနှင့် ပို့ဆောင်ရာမှာ အပျက်အစီးနည်းစေမှာပါ။

Yale တက္ကသိုလ်ရှိ ဗိုင်းရပ်စ် ပညာရှင် အာကီကို အီဝါဆာကီ က STAT သတင်းဌာနသို့ ပြောကြားရာမှာ ဒီဆေးကို လူတွေ များနိုင်သထက် များအောင် ထိုးပေးဖို့လိုကြောင်းနှင့် အခု ဖြစ်နေတဲ့ ဗိုင်းရပ်စ်မျိုးကွဲများဟာ ပိုပြီး ပျံ့နှံ့လွယ်ကာ ပိုပြီးပြင်းထန်တဲ့အတွက် တကယ် တိုက်ခိုက်နေရတဲ့ အရာဟာ အချိန်ပဲ (အချိန်နှင့်အမျှ ဗိုင်းရပ်စ်ဟာ သန္ဓေ ပြောင်းနေတဲ့ အတွက်) ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

မျှမျှတတပြောရရင် ဒီကုမ္ပဏီသုံးခုထဲမှ Johnson & Johnson ဟာ အားပျော့တဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထည့်သွင်းမပြောခဲ့တဲ့အတွက် ဒါဟာ ဆိုးရွားတဲ့ ရလဒ်ကို ဦးတည်စေနိုင်ပါတယ်။

Wisconsin တက္ကသိုလ် ဆေးပညာနှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ကာကွယ်ဆေးကျွမ်း ကျင်သူ Jonathan Temte က မနှစ်က ဇူလိုင်လ နဲ့ သြဂုတ်လ မှာ ၆၀ ရာခိုင်နှုန်း ထိရောက်တဲ့ ကာကွယ်ဆေးကို မျှော်လင့်ခဲ့ပြီး အခုတော့ တကယ်ထိရောက်တဲ့ ဆေး နှစ်မျိုး ရရှိနေပြီ ဖြစ်တယ် လို့ ဆိုပါတယ်။

အခု ဆေးသစ်ဟာ ထိရောက်မှု နည်းသေးပေမယ့် အနာဂါတ်အတွက် မျှော်လင့်ချက်တွေတော့ အများကြီး ပေးစွမ်းနိုင်မှာပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.