ဩဂုတ်လအတွင်းမှာ Northrop Grumman ၏ စမ်းသပ်ရေး testbed လေယာဉ်ဟာ ကုမ္ပဏီ၏ အနာဂါတ် အီလက်ထရောနစ် စစ်ပွဲ စနစ် (NGEW) နှင့် ရေဒါသစ်တို့ကို တပ်ဆင် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါရေဒါဟာ AN/APG-83 Scalable Agile Beam (SABR) ရေဒါဖြစ်ပြီး Northern Lightning ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ အဲဒီ testbed လေယာဉ်တွင် တပ်ဆင်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံး ပျံသန်းတဲ့ စမ်းသပ်ပျံသန်းမှုတွင် NGEW နှင့် SABR တို့ဟာ လျှပ်စစ်သံလိုက်လှိုင်းများ ပြည့်နှက်နေသည့် နေရာတွင် အပြည့်အဝ ပြိုင်တူ အလုပ်လုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
လေ့ကျင့် စမ်းသပ်မှုအတွင်း Volk Field တိုက်ပွဲ အသင့်ရှိစေမှု လေ့ကျင့်ရေး စင်တာ၏ ပူးပေါင်း ရန်သူ့ လျှပ်စစ်သံလိုက်လှိုင်း ပုံစံ ထုတ်သည့် စနစ်ဖြင့် ကြိမ်နှုန်း သိပ်သည်းဆ အချိုး မြင့်မားအောင် ဖန်တီးထားသည့် နေရာတွင် အထက်ပါ စနစ် ၂ ခုနှင့် ထိတွေ့စေတာ ဖြစ်ပါတယ်။

bandwidth ပိုကောင်းပြီး မြန်ဆန် သွက်လက်မှုရှိသည့် APG-83 SABR ရေဒါစနစ်ဟာ F-16 ကို ပိုမို ဝေးကွာပြီး ပိုမို လျှင်မြန်တဲ့ ပစ်မှတ်အရေအတွက် အများအပြားကို ခြေရာခံ ဖော်ထုတ်နိုင်စေပါတယ်။
ဒီရေဒါဟာ ရာသီမရွေး အသုံးပြုနိုင်ပြီး ကြည်လင်ပြတ်သားမှု မြင့်မားသည့် synthetic aperture radar mapping စနစ် ပါရှိသည့်အတွက် ယခင် စနစ်များနှင့် နှိုင်းယှဉ်ပါက ပစ်မှတ်များကို ဖော်ထုတ်ရန် နှင့် တိုက်ခိုက်ရန် ပိုမိုတိကျသော မြေပြင်ပုံရိပ်များကို လေယာဉ်မှူးအား ထောက်ပံ့ပေးနိုင်ပါတယ်။
ကုမ္ပဏီ၏ CRJ-700 testbed စမ်းသပ်ရေး လေယာဉ်ဖြင့် NGEW နှင့် SABR စနစ် ၂ ခုကို တပ်ဆင်မောင်းနှင်နေတဲ့ အချိန်တွင် SABR မှ များစွာသော ဝေဟင်နှင့် မြေပြင် ပစ်မှတ်များကို အောင်မြင်စွာ ထိတွေ့မှုရှိနေချိန်မှာ
NGEW ဟာလည်း ခေတ်သစ် ရန်သူ့စနစ်များကို တွေ့ရှိ ဖော်ထုတ်နိုင်ပြီး လိုအပ်သည့်အခါ အဆင့်မြင့် အီလက်ထရောနစ် လှိုင်း ဖိဖျက် စနစ်ဖြင့် ဖိဖျက်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် ခေတ်မှီစနစ်များကို အသုံးပြုထားသည့် ခြိမ်းခြောက်မှုများအတွက် bandwidth မျိုးစုံကို ချက်ချင်း ထုတ်ပေးနိုင်သည့် ultra-wideband architecture ကို အသုံးပြုထားပါတယ်။

Testbed လေယာဉ်များကို လက်ရှိတွင် B-21 ထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင်လည်း စမ်းသပ်ဖို့ရာအတွက် အသုံးပြုနေသည်ကို “အမေရိကန်၏ ထိပ်တန်းလျှို့ဝှက်လေယာဉ် B-21 ကို ၂၀၂၂ နှစ်လယ်တွင် ပျံသန်းနိုင်ဖွယ်ရှိ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
Northrop Grumman မှ F-16 လေယာဉ်များတွင် NGEW များတပ်ဆင်နိုင်ဖို့ အပြည့်အဝ ထောက်ခံချက်ရရှိနိုင်ရန် နှင့် စမ်းသပ်ပျံသန်းမှုများကို ၂၀၂၂ ခုနှစ် နွေရာသီတွင် ပြုလုပ် နိုင်ရန် မျှော်လင့်ထားပါတယ်။
“NGEW နှင့် SABR တို့ သရုပ်ပြသခဲ့တဲ့အတိုင်း အီလက်ထရောနစ် စစ်ပွဲ စနစ်နှင့် ရေဒါတို့ အတူတကွ အပြည့်အဝ ပူးတွဲ အလုပ်လုပ်နိုင်ပါက လေယာဉ်မှူးဟာ ဒီစွမ်းဆောင်နိုင်မှု မှ အကျိုးကျေးဇူး အများကြီး ရရှိစေမှာ ဖြစ်ပါတယ်။ ” လို့
Northrop Grumman ကုမ္ပဏီ မှ လမ်းညွှန်စနစ်၊ ပစ်မှတ် နှင့် လွတ်မြောက်နိုင်မှု အပိုင်းနှင့် သက်ဆိုင်သည့် ဒုတိယဥက္ကဌ James Conroy မှ ပြောပါတယ်။
“ ရေဒီယိုကြိမ်နှုန်း (RF) လှိုင်းများ ပို၍ ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့် အမျှ ဤအရေးပါသော စွမ်းဆောင်ရည်များဟာ နောင်လာမည့် နှစ်ပေါင်းများစွာ အထိ F-16 ကို ပံ့ပိုးပေးမှာပါ။” လို့ ၎င်းကဆက်ပြောပါတယ်။

အမေရိကန် အရပ်သား လေကြောင်းလိုင်း ကုဒ် နံပါတ် N804X နှင့် N805X တို့ကို အသုံးပြု ထားသည့် CRJ-700 testbed စမ်းသပ်ရေးလေယာဉ်များကို လွန်ခဲ့သည့် ဆယ်စုနှစ်တခု လောက် ကတည်းက ယခုလို စမ်းသပ် ပစ္စည်းများကို အသုံးပြုမည့် လေယာဉ်တွင် မတပ်ဆင်မီ စမ်းသပ်ရန် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ခေတ်သစ် ရေဒါအများအကြောင်းအချို့ကို လေ့လာလိုပါက “ခေတ်သစ် တိုက်လေယာဉ်တွေရဲ့ AESA ရေဒါများ အကြောင်း” တွင် ဖတ်ရှုနိုင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။