NOC – Network Operation Center 02

Learning Telecom

NOC တစ်ခုမှာ အလုပ်လုပ်ရင် သိထားရမယ့် အခေါ်အဝေါ်တွေကတော့

1 TT = trouble ticket

အလွယ်ပြောရရင် ဘာပြဿနာတော့ ဖြစ်ပြီဟေ့ လို့ဆိုလိုပါတယ်။

Network မှာ ပြဿနာတစ်ခုခု ဖြစ်ရင် TT ကို ဖွင့်ကြပါတယ်

2 WO = work order

ဘယ်သူကတော့ ဒီပြဿနာကို ရှင်းဖို့တာဝန်ယူမယ်ဟေ့ လို့ဆိုလိုပါတယ်။ TT နဲ့ အတူ ဘယ်သူ့ကိုတော့ WO assign ချလိုက်မယ်ဆိုပြီး တွဲပါလာတတ်ပါတယ် ။

3 Service Impact

Service အသုံးပြုသူတွေကို သိသာစေမယ့် လိုင်းကျတာမျိုး ဖုန်းခေါ်မရတာမျိုးကို ဆိုလိုပါတယ် ။

4 Network Impact

Service တော့ မထိခိုက်ပေမယ့် network မှာ ထိခိုက်စေတဲ့ အရာမျိုးပါ ။ ဥပမာ backup ယူထားတဲ့ transmission link တစ်ခု down သွားတာမျိုးပေါ့ ။ Power မှာဆိုရင်လဲ DG အလုပ်မလုပ်တော့ပဲ Battery နဲ့ အလုပ်လုပ်နေရတာမျိုးပေါ့မကြာတော့ဘူးလေ battery မကုန်ခင် ရအောင်ပြင်ပေတော့ပဲ ။

5 Quality Degradation

လုံးဝလိုင်းကျသွားတာမျိုးမဟုတ်ပေမယ့်တစ်ချက်တစ်တစ်ချက် အင်တာနက်နှေးတာမျိုးဖုန်းခေါ်ရင် အသံ ကောင်းကောင်း မကြားရတာမျိုးကိုဆိုလိုပါတယ် ။

6 CR = Change Request

ပြင်ဆင်ခွင့်လို့ ဆိုလိုပါတယ် ။ အကြောင်းကြောင်းကြောင့် Network Impact ဒါမှမဟုတ် Quality Degradation ဖြစ်နေတယ် ဒါကို ပြုပြင်ချင်ရင် Service Impact ဖြစ်မယ်အဲ့လိုအချိန်မျိုးကျ user အသုံးနည်းတဲ့ အချိန်မှာ ပြုပြင်ရပါတယ် ။ ဒါမျိုးကို CR လုပ်တယ်လို့ခေါ်ပါတယ်

7 RCA= Root Cause Analysis ပါဘာ့ကြောင့်ဒီပြဿနာဖြစ်တာလဲကို အဖြေရှာတဲ့ သဘောပါ ။

8 ETA = Estimated Time for Arrivalဘယ်အချိန် site ကို ရောက်မလဲလို့ ဆိုလိုပါတယ် ။

9 ETR = Estimated Time for Recoveryဘယ်အချိန် service restore ဖြစ်မလဲလို့ ဆိုလိုပါတယ် ။

10 SLA = Service Level Agreement ပါကုမ္မဏီတစ်ခုနဲ့ တစ်ခုအကြား service ဘယ်လောက်ကောင်းအောင်ပေးမလဲလို့ ဆိုလိုပါတယ် ။အလျှော်အစားတွေ ပါလာတတ်ပါတယ်

11 MOP = method of procedure CR တစ်ခုကို ဘယ်လိုဘယ်ပုံလုပ်မယ်Configuration တွေက ဘာတွေ change မယ် စသဖြင့် အသေးစိတ်ဖော်ပြထားတဲ့ document ဖြစ်ပါတယ်12 WLA = working level agreementSLA ရှိပေမယ့် SLA အတိုင်းအတိအကျ အလျှော်အစားလုပ်လို့ မရပါဘူးအိမ်ရှင်က ပေးမဝင်လို့ဒေသခံတွေက ပေးမဝင်လို့မိုးရွာလို့ ရေကြီးလို့ စသဖြင့် SLA ကို ကျော်သွားတာတွေရှိပါတယ်ဒါမျိုး issue တွေ ကြုံလာရင်တော့ Customer ကို request လုပ်ပြီး SLA လျှော်ကြေးထဲက ပြန်လျှော့ပေါ့ခိုင်းလို့ရပါတယ်

Admin DC

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *