NOC လောကမှာလဲ အခွဲတွေ အများကြီးရှိပါတယ်
Power ပိုင်း
Core ပိုင်း
Transmission ပိုင်း
RAN ပိုင်း
KPI ပိုင်းစသဖြင့်ရှိကြပါတယ် ။
Site တစ် site မှာ ဘယ်အပိုင်းက အရေးအကြီးဆုံးလဲလို့မေးလာရင် power လို့ပဲ ဖြေရမှာပါ ။
ဘာလို့လဲဆိုတော့ transmission ပျက်ရင် backup link ဆိုတာ ရှိတတ်ပါသေးတယ် power down ရင်တော့ ဘာမှကိုကယ်လို့ မရတော့ပါဘူး ။
Core ပိုင်းဟာလဲအရေးကြီးလှပါတယ်ပုံမှန်အားဖြင့် YGN နဲ့ MDY မှာ ထားလေ့ရှိပါတယ် DC လို့ခေါ်ကြပါတယ် Core ပိုင်းလဲ အရေးကြီးတယ်ဆိုပေမယ့်သူ့ DC မှာတော့ သူ့ Power က အက္ခရာပါပဲ ။
Transmission ပိုင်းCore နဲ့ Power ပိုင်းပြီးရင် သူကလဲ တတိယနေရာလိုက်ပါတယ်။ RAN ပိုင်း Down ရင် site တစ် site စာပဲ impact ဖြစ်ပြီးတော့ Transmission ပိုင်း down ရင်တော့ သူ့အောက်က sites တွေပါ တစ်သီတစ်တန်းထဲ လစ်မှာပါ ။ သိထားရမှာက transmission link down ရင် တစ်link အောက်က ကောင်တွေပဲလစ်မှာဖြစ်ပြီးတော့ Power down ရင်တော့ သူ့အောက်မှာရှိသမျှ link တွေက site တွေ အကုန်လစ်မှာပါ ။
RAN ပိုင်း သူကတော့ နေ့ရွှေ့ညရွှေ့လုပ်လို့ရတဲ့ အထဲပါဝင်ပါတယ်ဥပမာ fiber ပြတ်လို့ site down တာနဲ့RAN sector တစ်ခု ပျက်တာနဲ့ဆိုရင် fiber ကိုအရင်ဆက်ရမှာပါ ။
KPI ပိုင်း KPI သမားကတော့ တစ်ခုစီရဲ့ performance ကို တွက်ပြီး အလျှော်အစားတွေ အတွက် ပြင်ဆင်ရပါတယ်Fiber သမားကို အလျှော်တောင်းမလား power သမားကိုအလျှော်တောင်းမလားဒါမှမဟုတ် ကိုယ့်အပိုင်းက မဟုတ်ကြောင်းငြင်းမလားဒါမှမဟုတ်သေးရင်လဲ owner issue ကြောင့် မုန်တိုင်းကြောင့် စသဖြင့် အကြောင်းပြချက်ပေးမလား စသည်တို့ကို တွက်ချက်ရပါတယ်။
အပေါ်က ဘယ်ကောင်က ပိုအရေးကြီးတယ် ဘာညာဆိုတာကိုတော့ KPI နဲ့ပဲ ယှဉ်ပြောမှ ပိုနားလည်မှာပါကောင်းပါပြီ KPI အခြေခံနဲ့ ယှဉ်ပြီး#NOC04 မှာ ရှင်းပြပေးပါ့မယ်
Admin DC