လင်းပိုင်များကို လေ့ကျင့်ပေးနေဖွယ်ရှိသည့် မြောက်ကိုရီးယား

Military News

ဂြိုဟ်တု ပုံရိပ်များအရ အရှေ့မြောက် အာရှနိုင်ငံဖြစ်သည့် မြောက်ကိုရီးယားဟာ စစ်ရေး ရည်ရွယ်ချက်အတွက် လင်းပိုင်များကို မွေးမြူနေဖွယ် ရှိတယ်လို့ သိရပါတယ်။

ရေပြင်ရှိ ခြံခတ်ထားသည့် အရာများဟာ ပင်လယ်နို့တိုက် သတ္တဝါများကို လေ့ကျင့်ပေးသောနိုင်ငံများမှ အသုံးပြုသည့် ပုံစံများနှင့် ဆင်တူနေတာကို တွေ့ရပါတယ်။

မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ အနေအထားအရ အဆိုပါ အရာများဟာ လင်းပိုင်များကို မွေးမြူနေတာ ဖြစ်နိုင်ပြီး ရန်သူ့ သင်္ဘောများကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ဖွယ် ရှိနေပါတယ်။

အမေရိကန် Naval Institute News’s H.I. Sutton မှ တွေ့ရှိထားသည့် တည်နေရာအရ အဆိုပါ လင်းပိုင်မွေးမြူရာ နေရာများဟာ ပင် လယ် ဝါအနီး ၈ မိုင်ခန့် အကွာ Taedong မြစ်လက်တက်မှာ တည်ရှိတာ ဖြစ်ပါတယ်။

စက်ဝိုင်းပုံရှိတဲ့ မွေးမြူရေးခြံ ၂ ခုကို ပထမဆုံး မြင်တွေ့ခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်က ၅ ခုအထိ တိုးမြင့်လာတာကို တွေ့ရပါတယ်။ အဲဒီ့ မွေးမြူ ရေးခြံများကို ၂၀၁၆ ခုနှစ်က ပထမဆုံး တွေ့မြင်လာရတာ ဖြစ်ပါတယ်။

အဆိုပါ ခြံများဟာ အမေရိကန်နှင့် ရုရှားတို့ စစ်ဘက်ဆိုင်ရာတွင် အသုံးပြုသော ပင်လယ်နို့တိုက်သတ္တဝါ များကို ထိန်းသိမ်း ထားရာတွင် သုံး သည့် ခြံများနှင့် ပုံစံ ဆင်တူနေပါတယ်။

၂ နိုင်ငံလုံးတွင် လက်ရှိအချိန်အထိ ပင်လယ်နို့တိုက် သတ္တဝါ အသုံးပြုသည့် စီမံကိန်းများ ရှိနေပြီး တိရစ္ဆာန်များကို ရေငုပ်သမားများ နှင့် ဖျက် ဆီး ရေးသမားများကို ရှာဖွေနိုင်ရန် လေ့ကျင့်ပေးထားကြပါတယ်။

အမေရိကန် ရေတပ်၏ လင်းပိုင်များကို Mark 7 ရေနေသတ္တဝါစနစ်လို့ ခေါ်ဆိုပြီး ရေအောက်မိုင်းများကို ရေငုပ်သမားများ ကိုယ်စား ရှာဖွေနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။

H.I. Sutton မှ ရုရှား ရေတပ်ဟာ ဆီးရီးယားနိုင်ငံ Tartus ရှိ အခြေစိုက်စခန်းသို့ ဆိုက်ကပ် ထားသည့် ၎င်း၏ စစ်သင်္ဘောများ လုံခြုံရေး အ တွက် လင်းပိုင်များ စေလွှတ်ထားသည်ဟု ယုံကြည်ထားပါတယ်။

မြောက်ကိုရီးယားတွင် အသုံးပြုနေသည့် စက်ဝိုင်းပုံစံ ငါးမွေးခြံများမှာ လူများစားသုံးရန်အတွက် ငါးများကို မွေးမြူထားတာ မဖြစ်နိုင်သည့် အချက်တော့ ရှိပါတယ်။

အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယား၏ သာမန်ငါးမွေးမြူရေး ခြံများမှာ လေးထောင့်ပုံစံနှင့် ထူထပ်ပြီး Taedong မြစ်တလျှောက်တွင် ဥပမာ ပေးစရာ များစွာရှိပါတယ်။

H.I. Sutton မှ တွေ့ရှိခဲ့သည့် စက်ဝိုင်းပုံစံ ငါးမွေးမြူရေးခြံများမှာ အခြားခြံများနှင့် ကင်းကွာနေပြီး လူသူကင်းမဲ့နေပါတယ်။

လင်းပိုင်များရှင်သန်ဖို့ ရေငံလိုအပ်တဲ့အနေအထားမှာ ပင်လယ်ပြင်နှင့် နီးသည့် ပင်လယ်ဝတွင် ဖြစ်သည့်အတွက် အဲဒီ့နေရာဟာ လင်းပိုင်များ အတွက် လုံလောက်တဲ့ နေရာတခု ဖြစ်ပါတယ်။

ပြုံယမ်းဟာ အမြောက်ကြီးတွေ၊ ရေငုပ်သင်္ဘောတွေ နှင့် ကွန်မန်ဒိုများကို တောင်ကိုရီယားနှင့် ဖြစ်လာနိုင်သည့် စစ်ပွဲအတွက် အမြဲတမ်း လေ့ ကျင့် ထိန်းသိမ်း ထားပါတယ်။

အမေရိကန် Mark 7 လင်းပိုင်

၂၀၁၉ ခုနှစ်က မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစီး၏ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ကော်ဗက်စစ်ရေယာဉ် တစင်း နစ်မြုပ်ကာ ရေတပ်သား ၄၆ ဦး ဆုံးရှုံးခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဟာ ၎င်း၏ လက်ချက်ဖြစ်တယ်လို့ ဘယ်တော့မှ ဝန်မခံခဲ့ပါဘူး။

၂၀၁၆ ခုနှစ်တွင် ဆိုဗီယက်နှင့် ရုရှားခေတ် စစ်ဘက်ဆိုင်ရာ လင်းပိုင် လေ့ကျင့်မှုကို လေ့လာ ခဲ့သည့် အငြိမ်းစား ဗိုလ်မှူးကြီး Viktor Baranets မှ

ဆိုဗီယက်/ရုရှား များဟာ ဂျပန်တို့ လေယာဉ်များဖြင့် ရန်သူသင်္ဘောများပေါ်ကို ထိုးချ တိုက်ခိုက်သကဲ့သို့ လင်းပိုင်များကိုလည်း ထိုသို့ ဖောက် ခွဲရေးပစ္စည်းများ တင်ဆောင်ကာ တိုက်ခိုက်နိုင်ရန် လေ့ကျင့်ပေးနေတာ ဖြစ်တယ်လို့ The Guardian မီဒီယာကို ပြောပြဖူးပါတယ်။

ဒီစစ်ဆင်ရေးမျိုးဟာ မြောက်ကိုရီးယား၏ လက်ရှိ စစ်ရေးအမြင်နှင့် အများကြီး ကိုက်ညီနေပြီး ဒီလို ရည်ရွယ်ချက်အနေဖြင့် လေ့ကျင့်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တကယ်ပဲ လင်းပိုင်များကို တိုက်ခိုက်ရေးအဖြစ် အသုံးပြုဖို့ လေ့ကျင့်ပေးနေတာလားတော့ အတိအကျ ဘယ်သူမှ မပြောနိုင်သေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published.