နောက်ထပ် ကိုရီးယား စစ်ပွဲ စတင်တာနဲ့ နာရီပိုင်းအတွင်းမှာ နျူကလီးယားလက်နက် သို့မဟုတ် ပဲ့ထိန်းဒုံးကျည်တွေကိုတောင် သုံးစရာမလိုဘဲ သမားရိုးကျ အမြောက်များနှင့်ပင် မြောက်ကိုရီးယားဟာ တောင်ကိုရီးယား ၂၅၀,၀၀၀ လောက်ကို ဇီဝိန်ချွေနိုင်မှာပါ။
ဒီအကြောင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ လက ထုတ်ပြန်ခဲ့တဲ့ Rand Corporation ရဲ့ အစီရင်ခံစာအရ သိရတာ ဖြစ်ပါတယ်။ လူ နှစ်သိန်းခွဲဟာ တောင်ကိုရီးယား မြို့တော် ဆိုးလ် တခုထဲက ဆုံးရှုံးသွားမယ့် အရေအတွက် ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ အမေရိကန်က လုပ်ပေးနိုင်တာ အနည်းငယ်ပဲ ရှိပါတယ်။
မြောက်ကိုရီးယား၏ အမြောက်များဟာ Koksan ၁၇၀ မီလီမီတာ ယာဉ်တင်ကမ်းရိုးတန်း ကာကွယ်ရေး အမြောက်များ ဖြစ်ကြပြီး တင့် ကား ပေါ်တွင် တင်ဆောင်နိုင်ကာ မည်သည့် ဦးတည်ရာမဆို မိုင် ၄၀ လောက်အထိ ပစ်ခတ်နိုင်ပါတယ်။
မြောက်ကိုရီးယား လေတပ်ကတော့ အဆိုပါ အမြောက်များကို ကာကွယ်မှု အနည်းငယ်သာ လုပ်ဆောင်နိုင်မှာ ဖြစ်လို့ အ မြောက်များ ကျည်ပြန်ဖြည့်သည့်အခါ ဖြစ်လာမယ့် အားနည်းချက်များကို ဖြေရှင်းဖို့ရာ အကြံထုတ်ခဲ့ပါတယ်။
ကိုရီးယား စစ်မဲ့ဇုံမှ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းတွင် လူဦးရေ ၁၀ သန်းလောက် နေထိုင်ကြပြီး ၎င်းတို့ နေ့စဉ် အ လုပ်လုပ် နေထိုင် နေစဉ်အတွင်းမှာ မြောက်ကိုရီးယား၏ အမြောက်များက ၎င်းတို့ကို ချိန်ရွယ်ထားတာ ဖြစ်ပါတယ်။

အဲဒီ့ လူဦးရေထဲမှာ ကိုရီးယားကျွန်းဆွယ်မှာ တပ်ဆွဲထားတဲ့ အမေရိကန်နှင့် တောင်ကိုရီးယား စစ်သည် သောင်းချီပြီး ပါဝင်ပါတယ်။ အများစုဟာ မြောက်ကိုရီးယား အမြောက်များ ချိန်ရွယ်ထားရာ ၂၅ မိုင် ပတ်လည်အတွင်း နေထိုင်ကြတာပါ။
မြောက်ကိုရီးယား၏ အချို့လက်နက်များဟာ ၁၂၅ မိုင်လောက်အထိ ပစ်ခတ်နိုင်ပြီး လူပေါင်း ၂၂ သန်းအပေါ်ကို အကျိုးသက်ရောက်မှု ရှိနေပါတယ်။
ဒါဟာ တောင်ကိုရီးယား ကို ကာကွယ်ဖို့ နဲ့ အမေရိကန် စစ်တပ်တွေကို ကာကွယ်ဖို့ အတွက် ကောင်းတဲ့ အနေအထား တခုတော့ မဟုတ်ပါဘူး။
“ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်ရေး အခြေအနေများတွင် ခန့်မှန်းချေအနေဖြင့် ကနဦး လက်နက်ကြီး ပစ်ခတ်မှုများတွင် သိသိသာသာ ထိခိုက် ဆုံးရှုံးမှုတွေကို ဖြစ်စေလိမ့်မယ်” လို့ ကိုရီးယားရှိ အမေရိကန် တပ်များ၏ အကြီးအကဲ ကြည်းတပ် စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး ဗင်းဆင့်တ် ဘရုခ် က ပြောပါတယ်။
၎င်းမှ ဆက်ပြီး ” အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ပိုမိုကြီးမားတဲ့ တိုက်ခိုက်မှုက ပထမ ၂၄ နာရီအတွင်း လူထောင်ပေါင်းများစွာကို ဇီဝိန်ချွေနိုင်ပြီး လူသန်းပေါင်းများစွာ အပေါ် အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်တယ်” လို့ ဆက်ပြောပါတယ်။

မြောက်ကိုရီးယားတွင် ၁၀ မိနစ်တာ တိုတောင်းသည့် အချိန်အတွင်း ထောင် သောင်းချီ ပစ်ခတ်နိုင်တဲ့ အမြောက်ပေါင်းများစွာ ရှိပါတယ်။
ကြီးမားတဲ့ Koksan ၁၇၀ မီလီမီတာ အမြောက်များဟာ အမြောက်ဆံ ၁၂ ခုလောက်ကို ထပ်မံ မဖြည့်တင်းခင်အထိ သယ် ဆောင်နိုင်ပါတယ်။
လက်နက်ခဲ့ယမ်း သိုလှောင်ရုံများကို ရန်သူ့ လေယာဉ်များရန်နှင့် ၎င်းတို့၏ အမြောက်ကြီးများကို ကာကွယ်ရန် အားဖြည့် မြေအောက် ဘန်ကာများ စစ်မဲ့ဇုံ အနီးမှာ ထောင်ချီပြီး တည်ဆောက်ထားကာ အဲဒီ့ အထဲမှာ အမြောက်ကြီးများကို ထည့်ထားပါတယ်။
ရလဒ်အနေဖြင့် မြောက်ကိုရီးယား အမြောက်များဟာ “shoot n’ scoot” လို့ခေါ်တဲ့ ပစ်ပြီး ရွှေ့ ဆိုတဲ့ နည်းဗျူဟာ အတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ အမြောက်များဟာ ပစ်ခတ်သည့်အခါ ဘန်ကာများမှ ထွက်လာပြီးနောက် ကျည်ဖြည့်ပြီး နောက်ထပ်ပစ်ခတ်ဖို့ရာအတွက် ဘန်ကာထဲတွင် ပြန်ပုန်းနေမည့် နည်းဗျူဟာ ဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ တောင်ကိုရီးယားနှင့် ၎င်း၏ မဟာမိတ်များ၏ လေကြောင်း စွမ်းအင်ဖြင့် အဆိုပါ အမြောက်များကို ရှာဖွေ ဖျက်ဆီးဖို့ ခဲယှဉ်းစေမှာ ဖြစ်ပါတယ်။
မြို့တော် ဆိုးလ်အတွက် အကောင်းဆုံး အခြေအနေကတော့ Koksan ၁၇၀ မီလီမီတာ အမြောက်ဟာ ဆိုးလ်အထိရောက်ဖို့ အထူးပြုလုပ်ထားတဲ့ အမြောက်ဆံ လိုအပ်မှာ ဖြစ်ပြီး မြောက်ကိုရီးယားတွင် အရေအတွက် အကန့်အသတ်ဖြင့်သာ ရှိနိုင်တာ ဖြစ်ပါတယ်။

တကယ်လို့ မြန်မြန် ပစ်ခတ်နိုင်ရင်တောင် အမြောက်ပြောင်းများဟာ အပူလွန်ကဲလာနိုင်ဖွယ် ရှိနေပါတယ်။
နောက်ထပ် တောင်ကိုရီးယားနှင့် ကုလသမ္မဂ တပ်ဖွဲ့များအတွက် အလားအလာရှိတဲ့ အားသာချက်ကတော့ အဲဒီ့ တဝိုက်ဟာ လက်နက်များဖြင့် လွှမ်းမိုးထားတဲ့ နယ်မြေ ဖြစ်နေလို့ပါ။
တကယ်လို့ မြောက်ကိုရီးယားဟာ စစ်ပွဲ စပြီး မိနစ်ပိုင်း အတွင်း ဆိုးလ်မြို့ကို ရှိသမျှ လက်နက် အကုန်သုံးပြီး ပစ်ခတ်ပါက ပြီးပြည့်စုံစွာ ထိရောက်ရန် လိုအပ်ပြီး အမြင့်ဆုံး ပစ်အားအတွက် ကျွမ်းကျင်တဲ့ စစ်သည်တွေ လိုအပ်မှာပါ။
အားနည်းချက်ကတော့ ကုလ နှင့် တောင်ကိုရီးယား လေယာဉ်များနှင့် အမြောက်များက ပြန်လည် တိုက်ခိုက်တဲ့အခါ တိုက် စစ်လိုင်းဖြစ်တဲ့ အမြောက်ကြီးများကို မြောက်ကိုရီးယား အနေဖြင့် ကာကွယ်ဖို့ ခက်ခဲမှာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဟန်ပြ ဖြစ်စေ တကယ်ပဲ ဖြစ်စေ မြောက်ကိုရီးယားဟာ စစ်ပွဲ စတာနဲ့ ဆိုးလ်မြို့ကိုပဲ ပစ်မှတ်ထားဖို့ အခွင့် အ လမ်း နည်းနိုင်ပြီး စစ်ရေးပစ်မှတ်များကိုသာ ဦးတည်နိုင်ဖွယ် ရှိပါတယ်။
Aljazeera သတင်းဌာန အဆိုအရ လက်ရှိမှာ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ကို ခန့်မှန်းခြေ MRLS ရော့ကတ်ပစ်လွှတ်စင်များ အပါအဝင် အမြောက်ကျည်ပေါင်း ၁ သိန်းခန့် မိနစ်ပိုင်းအတွင်း ပစ်ခတ်နိုင်ပါတယ်။
ဒါ့ကြောင့် တောင်ကိုရီးယားဟာ အောင်မြင်နေတဲ့ အစ္စရေးတို့၏ Iron Dome ကဲ့သို့ လေကာစနစ်များကို ကိုယ်ပိုင် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First published 21/7/2021