မြောက်ကိုရီးယားမှ ပထမဆုံး ဟိုက်ပါဆိုးနစ် ဒုံးကျည် စမ်းသပ်ခဲ့တယ်ဆိုတဲ့ အကြောင်း

News

ကိုရီးယား ၂ နိုင်ငံဟာ လက်နက်စနစ် အမျိုးမျိုးကို သရုပ်ပြနိုင်ဖို့ ကြိုးစားနေချိန်တွင် မြောက်ကိုရီးယားမှ ၎င်း၏ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို ပထမဆုံး ပစ်လွှတ်နိုင်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

ယခင် အခြေအနေများနှင့် မတူတာကတော့ မြောက် ကိုရီးယား ဗဟိုသတင်း အေဂျင်စီ (KCNA) က ဒီ စမ်းသပ်မှုရဲ့ တပုံထဲသော ဓာတ်ပုံကိုသာ ပြသခဲ့တာ ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ တင်းမာမှုများ ရှိနေတဲ့ ဒီ နှစ်နိုင်ငံ အကြားမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မှ စပြီး ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများ ရပ် ဆိုင်း သွားခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား လက်နက် ထုတ်လုပ်မှုဟာ ၎င်း၏ အခွင့်အရေးသာ ဖြစ်သည်ဟု ပြုံယမ်းမှ အခိုင်အမာ ပြောဆိုနေသော်လည်း မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွက် ကြိုးပမ်းမှုအနေဖြင့် အမေရိကန်က ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒီလ အစောပိုင်းကပဲ တောင်ကိုရီးယားဟာ တင်းမာမှုများကို မြင့်တက်စေမယ့် ဒုံးကျည် နည်းပညာ သစ်များကို ဆက်တိုက် ပြသခဲ့ပါတယ်။

ယခုလို နျူကလီးယားလက်နက် တင်ဆောင်နိုင်တဲ့ ဒုံးကျည်ကို သရုပ်ပြခြင်းဖြင့် မြောက်ကိုရီးယားဟာ အမေရိကန်နှင့် တောင်ကိုရီးယားတို့အား ဆွေးနွေးမှု စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိနိုင်ဖို့ မျှော်လင့်နိုင်ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

KCNA ၏ အဆိုအရ ဒီစမ်းသပ်မှုတွင် ဟိုက်ပါဆိုးနစ် ဒုံးကျည်ထိပ်ဖူး အတွက် ပစ်လွှတ်ရာတွင် တည်ငြိမ်မှုနှင့် ပျံသန်း လှုပ်ရှားနိုင်မှုများ အ တွက် လိုအပ်သည့် အဓိက နည်းပညာ လိုအပ်ချက်များနှင့် ကိုက်ညီခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ KCNA မှ ပြသခဲ့သည့် ပုံအား လေ့လာကြည့်ရာ ဒုံးကျည်ဟာ Manueverable Re-entry Vehicle (MaRV) ထိပ်ဖူး ဖြစ်ကြောင်း မြောက်ကိုရီးယား လက်နက်ကျွမ်းကျင်သူ Ankit Panda က ပြောပါတယ်။

MaRV ပုံစံ ထိပ်ဖူး Credit: Joseph Dempsey

Manueverable Re-entry Vehicle ဆိုသည်မှာ မြေပြင် ပစ်မှတ်များကို အလိုအလျှောက် ရှာဖွေနိုင်သည့် ပဲ့ထိန်းဒုံးကျည် အမျိုးအစား ဖြစ်ပါတယ်။

MaRV ထိပ်ဖူးဟာ အခြားနည်းပညာသုံး ဒုံးကျည်များနှင့် နှိုင်းယှဉ်ပါက လှုပ်ရှားပျံသန်းနိုင်စွမ်း နည်းပါးပေမယ့် ၎င်းဟာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့်အတွက် ရှာဖွေတွေ့ရှိဖို့ နှင့် ကြားဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။

မြောက်ကိုရီးယားဟာ အဆိုပါဒုံးကျည်ကို “မဟာဗျူဟာမြောက်” လို့ သုံးနှုံးထားသဖြင့် နျူကလီးယား ထိပ်ဖူး တင်ဆောင်နိုင်ဖွယ် ရှိပေမယ့် နောက်ပိုင်းမှာ တကယ် စွမ်းဆောင်နိုင်စွမ်း ရှိမရှိ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

AP သတင်းဌာနမှ KCNA ၏ သတင်းကို ကိုးကားပြီး အဆိုပါ စမ်းသပ်မှုတွင် နည်းပညာအချို့ကို အသုံးပြုပြီး ပုံမှန်ထက် ကြာရှည်ပျံသန်းနိုင်ရန်အတွက် လောင်စာအား ပိုမို သယ်ဆောင်နိုင်အောင် ပြုလုပ်ထားပြီး ဒုံးကျည်၏ လောင်စာတောင့်ဟာ တည်ငြိမ်မှု ရှိတာကို တွေ့ရတယ်လို့ သိရပါတယ်။

ဒီ ဒုံးကျည်ဟာ အရေးကြုံလာပါက တုံ့ပြန်မှု အချိန်ကို လျှော့ချနိုင်ရန်ဖြစ်တဲ့ မြောက်ကိုရီးယား၏ ရထားပေါ်မှ ပစ်လွှတ်နိုင်တဲ့ ဗျူဟာ အ ပြင် နောက်ထပ် ဗျူဟာတခု ဖြစ်နိုင်ပါတယ်။

တောင်ကိုရီးယား အရာရှိများကတော့ ဒီစမ်းသပ်မှုဟာ ကနဦး အဆင့်မှာသာ ရှိနေသေးတာဖြစ်ပြီး တကယ် အသုံးပြုနိုင်ဖို့ မနီးစပ်သေးဘူးလို့ ပြောဆိုခဲ့ကြောင်း AP သတင်းအရ သိရပါတယ်။

လက်နက်ကျွမ်းကျင်သူများက မြောက်ကိုရီးယားတွင် လက်နက်စနစ်များ အားလုံး၏ နောက်ဆုံး အဆင့် ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အ ရင်းအမြစ်များ မရှိဘူးဟု ထင်မြင်ထားတဲ့ အချိန်အတွင်းမှာ ၎င်းမှ ဒီလို လက်နက်သဘောတရား အဟောင်းများကို အသစ်ပုံစံ ထပ် ခါထပ်ခါ ပုံဖော်နေသည်မှာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *