ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လုပ်နိုင်မည့် Northrop ၏ UAS

News

အမေရိကန် ကုမ္ပဏီ Northrop Grumman နှင့် UK အခြေစိုက် Ultra တို့ဟာ ၎င်းတို့ရဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး တာဝန် Anti-submarine warfare (ASW) ထမ်းဆောင်နိုင်တဲ့ မောင်းသူမဲ့ စနစ် Unmanned aircraft systems (UAS) ကို အောင်မြင်စွာ ပြသ နိုင်ခဲ့ပါတယ်။

သရုပ်ပြစဉ်မှာ မောင်းသူမဲ့ ရဟတ်ယာဉ် MQ-8C Fire Scout ပုံစံ ပြုပြင်ထားတဲ့ လူလိုက်ပါတဲ့ Bell 407 ရဟတ်ယာဉ်မှာ Ultra sonobyouy လို့ခေါ်တဲ့ ရေငုပ်သင်္ဘောရှာဖွေရာမှာ အသုံးပြုတဲ့ Sonar တပ်ဆင်ထားတဲ့ ပစ္စည်းကို တပ်ဆင်ပြသခဲ့တာပါ။

Northrop ရဲ့ အဆိုအရ ဒီ မောင်းသူမဲ့ရဟတ်ယာဉ်၏ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ဆင်မှုကို မနှစ်က အောက်တိုဘာမှာ ပြုလုပ်ခဲ့ပြီး ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်တဲ့ မောင်းသူမဲ့ ရဟတ်ယာဉ်အတွက် ကျယ်ပြန့်တဲ့ ဧရိယာကို ရှာဖွေမှုလုပ်တာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။

MQ-8C Fire Scout ဟာ Northrop Grumman ရဲ့ အနာဂါတ် မျိုးဆက်သစ် မောင်းသူမဲ့ ရဟတ်ယာဉ်လဲ ဖြစ်ပါတယ်။ ဒီမောင်းသူမဲ့ ရဟတ်ယာဉ်ဟာ Bell 407 ရဟတ်ယာဉ်ကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၎င်းဟာ မြေပြင်နှင့် ပင်လယ်ပြင် အခြေပြု စစ်ဆင်ရေး နှစ်ခုစလုံးကို ထောက်ပံ့ပေးနိုင်ပြီး အမြင့် ပေ ၁၆၀၀၀ အထိ ပျံတက်နိုင်တာ ၁၂ နာရီလောက် မရပ်မနား တာဝန် ထမ်းဆောင်နိုင်ပါတယ်။

ထောက်လှမ်းရေး လုပ်ငန်းများ၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်းလုပ်ငန်းများ၊ ကုန်ပစ္စည်း များထောက်ပံ့ခြင်းလုပ်ငန်းများနှင့် ဆက်သွယ်ရေးစနစ် ထုတ်လွှင့်မှု လုပ်ငန်းများကို မြေပြင်နှင့် ပင်လယ်ပြင် မည်သည့်နေရာမှမဆို ပျံတက်ပြီး လုပ်ဆောင်နိုင်ပါတယ်။

MQ-8C ၏ ရေကြောင်းဆိုင်ရာ စစ်ဆင်ရေးတိုးချဲ့မှု ခေါင်းဆောင် ဒန်ရက်ဒ်မန်းက ဒီမောင်းသူမဲ့လေယာဉ်ကို ရေငုပ်သင်္ဘော တိုက်ဖျက်ရေးတာဝန်များကို လုပ်ဆောင်နိုင်ဖို့ စွမ်းရည်ကို ပေါင်းစပ်ပေးလိုက်တာဟာ ဒီမောင်းသူမဲ့လေယာဉ်ကို ပိုမို ဘက်စုံ သုံးနိုင်စေမှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ရေငုပ်သင်္ဘော တိုက်ဖျက်နိုင်တဲ့ စွမ်းရည်ကြောင့် ရေတပ်၏ တပ်မှုးများကို အဲဒီ့အပိုင်းမှာ မောင်းသူမဲ့ရဟတ်ယာဉ်များကို ပိုမို အသုံးချလာနိုင်ရုံသာမကဘဲ မောင်းသူပါ တိုက်လေယာဉ်များ၏ တာဝန်ကို လျှော့ချပေးနိုင်တဲ့အတွက် အခြား စစ်ဆင်ရေးများအပေါ်မှာ ပိုမို အာရုံစိုက်လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မောင်းသူမဲ့လေယာဉ် နှင့် သမားရိုးကျ လူလိုက်ပါသည့် လေယာဉ် နှစ်မျိုးပေါင်း တပ်ဖွဲ့ဟာ အကျိုးသက်ရောက်မှုကို တိုးမြှင့်စေမှာဖြစ်ပါတယ်။

မနှစ်ကလည်း အမေရိကန်ရေတပ်နှင့် Northrop တို့ဟာ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ်ကို Leonardo ကုမ္ပ့ဏီမှ ထုတ်လုပ်တဲ့ AN/ZPY-8 ရေဒါတွေ တပ်ဆင်ပြီး စမ်းသပ်မောင်းနှင့်ခဲ့ပါသေးတယ်။

ZawGyi

အေမရိကန္ ကုမၸဏီ Northrop Grumman ႏွင့္ UK အေျခစိုက္ Ultra တို႔ဟာ ၎တို႔ရဲ႕ ေရငုပ္သေဘၤာတိုက္ဖ်က္ေရး တာဝန္ Anti-submarine warfare (ASW) ထမ္းေဆာင္ႏိုင္တဲ့ ေမာင္းသူမဲ့ စနစ္ Unmanned aircraft systems (UAS) ကို ေအာင္ျမင္စြာ ျပသ ႏိုင္ခဲ့ပါတယ္။

သ႐ုပ္ျပစဥ္မွာ ေမာင္းသူမဲ့ ရဟတ္ယာဥ္ MQ-8C Fire Scout ပုံစံ ျပဳျပင္ထားတဲ့ လူလိုက္ပါတဲ့ Bell 407 ရဟတ္ယာဥ္မွာ Ultra sonobyouy လို႔ေခၚတဲ့ ေရငုပ္သေဘၤာရွာေဖြရာမွာ အသုံးျပဳတဲ့ Sonar တပ္ဆင္ထားတဲ့ ပစၥည္းကို တပ္ဆင္ျပသခဲ့တာပါ။

Northrop ရဲ႕ အဆိုအရ ဒီ ေမာင္းသူမဲ့ရဟတ္ယာဥ္၏ ေရငုပ္သေဘၤာ တိုက္ဖ်က္ေရး စစ္ဆင္မႈကို မႏွစ္က ေအာက္တိုဘာမွာ ျပဳလုပ္ခဲ့ၿပီး ေဒါင္လိုက္အတက္အဆင္း လုပ္ႏိုင္တဲ့ ေမာင္းသူမဲ့ ရဟတ္ယာဥ္အတြက္ က်ယ္ျပန႔္တဲ့ ဧရိယာကို ရွာေဖြမႈလုပ္တာ ပထမဆုံး ျဖစ္တယ္လို႔ သိရပါတယ္။

MQ-8C Fire Scout ဟာ Northrop Grumman ရဲ႕ အနာဂါတ္ မ်ိဳးဆက္သစ္ ေမာင္းသူမဲ့ ရဟတ္ယာဥ္လဲ ျဖစ္ပါတယ္။ ဒီေမာင္းသူမဲ့ ရဟတ္ယာဥ္ဟာ Bell 407 ရဟတ္ယာဥ္ကို အေျခခံၿပီး တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

၎ဟာ ေျမျပင္ႏွင့္ ပင္လယ္ျပင္ အေျချပဳ စစ္ဆင္ေရး ႏွစ္ခုစလုံးကို ေထာက္ပံ့ေပးႏိုင္ၿပီး အျမင့္ ေပ ၁၆၀၀၀ အထိ ပ်ံတက္ႏိုင္တာ ၁၂ နာရီေလာက္ မရပ္မနား တာဝန္ ထမ္းေဆာင္ႏိုင္ပါတယ္။

ေထာက္လွမ္းေရးလုပ္ငန္းမ်ား၊ ေစာင့္ၾကည့္ျခင္းႏွင့္ ကင္းေထာက္ျခင္းလုပ္ငန္းမ်ား၊ ကုန္ပစၥည္မ်ားေထာက္ပံ့ျခင္းလုပ္ငန္းမ်ားႏွင့္ ဆက္သြယ္ေရးစနစ္ ထုတ္လႊင့္မႈ လုပ္ငန္းမ်ားကို ေျမျပင္ႏွင့္ ပင္လယ္ျပင္ မည္သည့္ေနရာမွမဆို ပ်ံတက္ၿပီး လုပ္ေဆာင္ႏိုင္ပါတယ္။

MQ-8C ၏ ေရေၾကာင္းဆိုင္ရာ စစ္ဆင္ေရးတိုးခ်ဲ႕မႈ ေခါင္းေဆာင္ ဒန္ရက္ဒ္မန္းက ဒီေမာင္းသူမဲ့ေလယာဥ္ကို ေရငုပ္သေဘၤာ တိုက္ဖ်က္ေရးတာဝန္မ်ားကို လုပ္ေဆာင္ႏိုင္ဖို႔ စြမ္းရည္ကို ေပါင္းစပ္ေပးလိုက္တာဟာ ဒီေမာင္းသူမဲ့ေလယာဥ္ကို ပိုမို ဘက္စုံ သုံးႏိုင္ေစမွာပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီ ေရငုပ္သေဘၤာ တိုက္ဖ်က္ႏိုင္တဲ့ စြမ္းရည္ေၾကာင့္ ေရတပ္၏ တပ္မႈးမ်ားကို အဲဒီ့အပိုင္းမွာ ေမာင္းသူမဲ့ရဟတ္ယာဥ္မ်ားကို ပိုမို အသုံးခ်လာႏိုင္႐ုံသာမကဘဲ ေမာင္းသူပါ တိုက္ေလယာဥ္မ်ား၏ တာဝန္ကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အတြက္ အျခား စစ္ဆင္ေရးမ်ားအေပၚမွာ ပိုမို အာ႐ုံစိုက္လုပ္ေဆာင္လာႏိုင္မွာ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေမာင္းသူမဲ့ေလယာဥ္ ႏွင့္ သမား႐ိုးက် လူလိုက္ပါသည့္ ေလယာဥ္ ႏွစ္မ်ိဳးေပါင္း တပ္ဖြဲ႕ဟာ အက်ိဳးသက္ေရာက္မႈကို တိုးျမႇင့္ေစမွာျဖစ္ပါတယ္။

မႏွစ္ကလည္း အေမရိကန္ေရတပ္ႏွင့္ Northrop တို႔ဟာ MQ-8C Fire Scout ေမာင္းသူမဲ့ ရဟတ္ယာဥ္ကို Leonardo ကုမၸ့ဏီမွ ထုတ္လုပ္တဲ့ AN/ZPY-8 ေရဒါေတြ တပ္ဆင္ၿပီး စမ္းသပ္ေမာင္းႏွင့္ခဲ့ပါေသးတယ္။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *