ISS ၁၀ ခုကို စွမ်းအင်ပေးနိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ အာကာသ နျူကလီးယား ဓာတ်ပေါင်းဖိုကို အမှန်တကယ် ဖန်တီးနေဟုဆို

Article Science

South China Morning Post မှာ တရုတ်နိုင်ငံဟာ လနှင့် အင်္ဂါဂြိုလ် မစ်ရှင်များအတွက် အစွမ်းထက်သော နျူကလီးယား ဓာတ်ပေါင်းဖိုကို အမှန်တကယ် တီထွင်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပရောဂျက်တွင် ပါဝင်သော သုတေသီ နှစ်ဦးက ရှေ့ပြေးပုံစံ စက်၏ အင်ဂျင်နီယာ ဒီဇိုင်းကို ပြီးစီးသွားပြီ ဖြစ်ကြောင်း အ တည် ပြုခဲ့ပြီး အချို့သော အရေးပါတဲ့ အစိတ်အပိုင်းများကိုလည်း တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ယခုအခါ အဆိုပါ ဓာတ်ပေါင်းဖိုဟာ တရုတ်နိုင်ငံရဲ့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြီးပြည့်စုံသော စွမ်းဆောင်ရည် အကဲ ဖြတ်မှုကို အောင်မြင်ခဲ့ကြောင်း SpaceNews က ဖော်ပြခဲ့ပါတယ်။

တရုတ် မီဒီယာများက ထိုအကြောင်းကို ကိုးကား ဖော်ပြခဲ့ကြပေမယ့် ဓာတ်ပေါင်းဖိုရဲ့ နည်းပညာ ဆိုင်ရာ အသေးစိတ် အ ချက် အလက်များကို ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

အဆိုပါ ရွေ့လျှားဓာတ်ပေါင်းဖိုဟာ လျှပ်စစ်ဓာတ်အား တစ်မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပါတယ်။

ဒါ့အပြင် ၎င်းဟာ Nasa ရဲ့ ၂၀၃၀ မှာ လမျက်နှာပြင်ပေါ်တွင် တင်ထားမည့် ဓာတ်ပေါင်းဖိုထက် အဆ ၁၀၀ ပိုမို အားကောင်းတယ်ဟု ဆိုပါတယ်။

ISS နိုင်ငံတကာ အာကာသစခန်း

ဒါဟာ နိုင်ငံတကာ အာကာသစခန်း ၁၀ ခုနဲ့ ညီမျှတဲ့ စွမ်းအင်ကို လုံလောက်အောင် ပေးစွမ်းနိုင်မယ်ဟု ဆိုပါတယ်။ အဆိုပါ စီမံကိန်းကို ၂၀၁၉ ခုနှစ်ထဲက ဗဟို အစိုးရမှ ရန်ပုံငွေဖြင့် စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ နျူကလီးယားစွမ်းအင်သုံး အာကာသ မစ်ရှင်များနှင့် အတူ ရှေ့သို့ ခြေတလှမ်းတိုးနေပုံ ရပါတယ်။

အာကာသမစ်ရှင်တွေဟာ နေမှ စွမ်းအင်ကို အလွန် နည်းပါးစွာသာ ရယူနိုင်သည့် အပြင် နေရောင်ခြည်မှ စွမ်းအင် ထုတ်လုပ်ခြင်းကိုလည်း မလောက်မငှ ဖြစ်စေပါတယ်။

ထိုကဲ့သို့သော မစ်ရှင်များအတွက်၊ နျူကလီးယား စွမ်းအင် စနစ်များမှ ထိရောက်တဲ့ စွမ်းအင်နှင့် လျှပ်စစ် တွန်းကန်မှု စနစ်များကို ထောက်ပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မကြာသေးမီ နှစ်များအတွင်း ၎င်းတိုရဲ့ အာကာသ စွမ်းရည်ကို ချဲ့ထွင်နိုင်ဖို့ တက်ကြွစွာ လုပ်ဆောင်နေပြီး cryogenic ဒုံးပျံများ နှင့် suborbital အာကာသယာဉ်များကို တီထွင် ထုတ်လုပ်လျက် ရှိပါတယ်။

ဒါဟာ အာကာသ မစ်ရှင်များအတွင်း နျူကလီးယား စွမ်းအင်ကို အသုံးပြုရာတွင်လည်း အတွေ့အကြုံ မြင့်မားစေမှာ ဖြစ်ပါတယ်။

Chang’e 3 လဆင်းယာဉ်ဟာ နှစ်ပတ်ကြာ လကမ္ဘာပေါ်ရဲ့ အေးစက်တဲ့ ည​တွေကို ရှင်သန် ဖြတ်သန်း နိုင်ဖို့ ပလူတိုနီယမ် စွမ်းအင်သုံး နျူကလီးယား ဓာတ်အားပေးစက်ကို အသုံးပြုခဲ့တာကြောင့် အာကာသ မစ်ရှင်များအတွင်း နျူကလီးယား စွမ်း အင် အသုံးပြုမှု အတွေ့အကြုံကို ရရှိခဲ့တာ ဖြစ်ပါတယ်။

NASA မှ ဓာတ်ပေါင်းဖို ပုံစံ Photo: Courtesy of NASA

၂၀၁၉ ခုနှစ် တုန်းက အသစ် တည်ထောင်ထားသည့် Tiandu အာကာသ စူးစမ်း လေ့လာရေး ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာ ဖြစ်သူ Wu Weiren က အာကာသ စူးစမ်း လေ့လာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့အတွက် နျူကလီးယား စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့မစ်ရှင် အဆိုပြုချက်တွင် တွန်းကန်အားအတွက် စွမ်းအင်ပေးဖို့ နျူကလီးယား အာကာသတွင်း ဓာတ်ပေါင်းဖိုကို အသုံးပြုမည့် Voyager ကဲ့သို့သော မစ်ရှင်များ ပါဝင်ပါတယ်။

သုတေသန အကြို စာတမ်းတစ်ခုမှာ နျူကလီးယား ဓာတ်ခွဲမှုဖြင့် စွမ်းအင်သုံး နက်ပကျွန်းဂြိုဟ် ပတ်လမ်းအတွက် နိုင်ငံရဲ့အစီအစဉ်ကို ဖော်ပြထားပါတယ်။

နောက်ထပ် ဥပမာ တစ်ခုကတော့ သီတင်း နှစ်ပတ်ကြာ လကမ္ဘာရဲ့ ညကို ဖြတ်သန်းဖို့ အတွက် ပလူတိုနီယံ စွမ်းအင်သုံး နျူကလီးယား ဓာတ်အားပေးစက်ကို အသုံးပြုထားတဲ့ Chang’e 3 လဆင်းယာဉ် ဖြစ်ပါတယ်။

အမေရိကန် အာကာသ အေဂျင်စီတွေ အနေနှင့်လည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်ဖို့ လိုအပ်​နေတဲ့အကြောင်း

NASA နှင့် အာကာသ လုပ်ငန်းမှ ကျွမ်းကျင်သူများရဲ့ပြောကြားချက်အရ အမေရိကန်အနေနဲ့ အာကာသ မစ်ရှင်များကို တိုး တက် လုပ်ဆောင်လိုပါက လျင်မြန်စွာ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။

“တရုတ်အပါအဝင် မဟာဗျူဟာ ပြိုင်ဘက်များက နျူကလီးယား စွမ်းအင်နှင့် တွန်းကန်အား အပါအဝင် ကျယ်ပြန့်တဲ့ အာ ကာသ နည်းပညာများတွင် အပြင်းအထန် ရင်းနှီးမြှုပ်နှံနေကြပြီ ဖြစ်တယ် ” ဟု

နာဆာရဲ့ဘတ်ဂျက် နှင့် ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်း အကြံပေး Bhavya Lal က အာကာသအတွင်း နျူကလီးယား တွန်း ကန်အားကို အဓိကထား ကျင်းပသည့် ပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Tiangong Space Station Image: Courtesy of Shujianyang/Wiki CC BY 4.0

ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ ကမ္ဘာ့ အာကာသ အဖွဲ့အစည်းများမှာ ဦးဆောင်သူအဖြစ် ဆက်လက် တည်ရှိနိုင်ဖို့ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက NASA ဟာ သမာရိုးကျဓာတု ဒုံးပျံများထက် နျူကလီးယား တွန်းကန်အား၊လျှပ်စစ် တွန်းကန်စနစ်များဖြင့် အင်္ဂါဂြိုဟ်သို့ ခရီးစဉ်များကို အရှိန်မြှင့်နိုင်ပုံကို ဆွေးနွေးခဲ့ပါသေးတယ်။

“နျူကလီးယား လျှပ်စစ်တွန်းကန်အားစနစ်များက အာကာသယာဉ်ကို အချိန်ကြာမြင့်စွာ အရှိန်မြှင့်ပေးနိုင်ပြီး တွန်းအားမြင့်စနစ်များရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ တွန်းပို့နိုင်တယ် ” ဟု NASA မှ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ webinar တွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ အပြင် နိုင်ငံ တကာကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့မှ နျူကလီးယားဓာတ်ခွဲမှုနှင့် ပေါင်းစပ်မှုဆိုင်ရာ တိုးတက်မှုများဟာ နက်ရှိုင်းတဲ့ အာကာသ ခရီး အတွက် မရှိမဖြစ် လိုအပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

နျူကလီးယားစွမ်းအင်က အာကာသယာဥ်ပေါ်ရှိ စနစ်များအတွက် ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားကို ထောက်ပံ့ပေးနိုင်ပြီး နေအဖွဲ့အစည်း အတွင်း အာကာသထဲမှာ လူသားများ ရေရှည်​ နေနိုင်အောင် စွမ်းအားပေးနိုင်ပါတယ်။

“နျူကလီးယား နည်းပညာဟာ ထင်ရှားတဲ့ အာကာသ မစ်ရှင်တွေမှာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့တာ ကြာပါပြီ” ဟု IAEA ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် နျူကလီးယားစွမ်းအင်ဌာနရဲ့ အကြီးအကဲ Mikhail Chudakov က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အနာဂါတ် အာကာသ မစ်ရှင်တွေမှာ နျူကလီးယား စွမ်းအင်သုံး စနစ်တွေကို ပိုမိုတွေ့လာနိုင်ပြီး ကျယ်ပြန့်တဲ့ အာ ကာသ ခရီးဝေးတွေအတွက် တစိတ်တပိုင်း ဖြစ်လာမှာ သေချာပါတယ်။

လက်ရှိမှာတော့ NASA၊ DARPA နှင့် ကာကွယ်ရေး ဌာန အားလုံးဟာ နျူကလီးယား ပရောဂျက်များကို လုပ်ဆောင် နေပါပြီပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 11/9/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *