နျူကလီးယား စွမ်းအင်ဟာ ပမာဏ ကြီးမားတဲ့ စွမ်းအင်ကို အချိန်အကြားကြီး ထောက်ပံ့နိုင်တဲ့အတွက် ၎င်းကို အသုံးချနိုင်ဖို့ရာ ကဏ္ဍမျိုးစုံကို စဉ်းစား တီထွင် ကြံဆခဲ့ဖူးပါတယ်။
အဲဒီ့အထဲမှာ နျူကလီးယား စွမ်းအင်သုံး ကားများ ထုတ်လုပ်ဖို့ အစီအစဉ်များလည်း ပါဝင်ခဲ့ပြီး တကယ်လဲ ထုတ်လုပ်နိုင်ဖို့ ကြိုးစားဖူးတဲ့ သာဓကတွေ ရှိပါတယ်။
အခုတော့ အဲဒီ့လို ထုတ်လုပ်ဖို့ ကြိုးစားခဲ့တဲ နျူကလီးယား စွမ်းအင်သုံး ကား ၄ မျိုး အကြောင်းကို ဖော်ပြပေးသွားမှာပါ။
၁။ ထုတ်လုပ်မှု အဆင့် နီးပါးအထိ ရောက်ရှိခဲ့တဲ့ Arbel-Symétric
နျူကလီးယား စွမ်းအင်သုံး ကားများထဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဥပမာ တခုကတော့ Arbel-Symétric ပဲ ဖြစ်ပါတယ်။

မူလက စွမ်းအင် နှစ်မျိုးသုံး hybrid ကား အဖြစ် ဒီဇိုင်း ထုတ်လုပ်ထားပြီး ကားတွင် အဓိကအားဖြင့် တပ်ဆင်ထားသည့် လျှပ်စစ်မော်တာ ၄ ခုအတွက် လျှပ်စစ်ထုတ်ပေးမည့် ဓာတ်ဆီအင်ဂျင် ပါရှိပါတယ်။
ဒီကားကို ဖန်တီးခဲ့တဲ့ ဒီဇိုင်း ပညာရှင်အတွက် ဝမ်းနည်းစရာ ကောင်းတာ ကတော့ လူစိတ်ဝင်စားမှု နည်းပါးတာ ဖြစ်ပြီး မကြာခင်မှာပဲ ဒီ ဒီဇိုင်းကို စွန့်ပစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ မွန်းမံပြီး ၁၉၅၈ ခုနှစ် Geneva ကားပြပွဲတွင် ပြသခဲ့ပါတယ်။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ၎င်းတွင် ၄၀ ကီလိုဝပ် တာဘိုင် နှင့် 40KW Atomic Battery ပါဝင်တဲ့ မျိုးကွဲပဲ ဖြစ်ပါတယ်။ ဘတ္တရီဟာ နျူကလီးယား စွန့်ပစ်ပစ္စည်းများကို အသုံးပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် Arbel-Symétric ဟာ ပြင်သစ် အစိုးရထံမှ နျူကလီးယား လောင်စာ သုံးစွဲခွင့်အတွက် ခွင့်ပြုချက် မရရှိခဲ့သဖြင့် စီမံကိန်းကို ဖျက်သိမ်းခဲ့ရပြီး မကြာခင်မှာပဲ ဒေဝါလီခံသွားရပါတယ်။
၂။ Ford Seattle-ite XXI
နောက်ထပ် စိတ်ဝင်စားစရာ နျူကလီးယား စွမ်းအင်သုံး ကားကတော့ Ford Seattle-ite XXI ပဲ ဖြစ်ပါတယ်။
Alex Tremulis မှ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး မူရင်း ကားဒီဇိုင်း၏ ၃:၈ အချိုး သာရှိတဲ့ တကယ် အလုပ်မလုပ်နိုင်သေးတဲ့ ပုံစံကို တည်ဆောက်ခဲ့ကာ ၁၉၆၂ ခုနှစ် Seattle World’s Fair တွင် ပြသခဲ့တာ ဖြစ်ပါတယ်။
အံ့ဩစရာကောင်းတာက အဲဒီ့ကားမှာ လက်တွေ့ ဖြစ်လာနိုင်တဲ့ ဆန်းသစ်တဲ့ စိတ်ကူး တချို့ ပါဝင်လာတာ ဖြစ်ပါတယ်။

ကားတွင် လျှပ်စစ်ပြန်လည် ဖြည့်တင်းနိုင်တဲ့ လောင်စာဆဲလ်တွေ၊ ကွန်ပျူတာ လမ်းညွှန်စနစ်တွေ၊ မြေပုံစနစ်တွေ၊ အလိုအလျှောက် အ ချက် အလက်စနစ်တွေ၊ လေးဘီးယက်စနစ်တွေ ပါဝင်ပါတယ်။
ကားဒီဇိုင်းဟာ သေးငယ်တဲ့အတွက် နျူကလီးယား စွမ်းအင်ကို ဒီယာဉ်မှာ အသုံးပြုဖို့ လုံလောက်တဲ့ အပူကာစနစ်တွေ၊ အပူဖလှယ်စနစ်တွေအတွက် ပြသနာတွေ ရှိပါတယ်။
ကားဟာ ၆ ဘီးတပ်ဖြစ်ပြီး နာမည်ကြီးကား FAB1 နှင့် ၁၉၇၀ ခုနှစ်များက ထုတ်လုပ်ခဲ့သည့် တကယ့် Tyrrell P34 ပြိုင်ကား နှင့် ဆင်တူပါတယ်။
ဒီကားဟာ လက်တွေ့မှာ မထုတ်လုပ်ဖြစ် ခဲ့ပါဘူး။
၃။ Simca Fulgur
၎င်းခေတ် ထုတ်ကုန်တခုဖြစ်သည့် Simca Fulgur ဟာ ရှင်းရှင်းလင်းလင်းပဲ ဘယ်တော့မှ လမ်းပေါ်ရောက်လာနိုင်မှာ မဟုတ်တဲ့ နျူက လီးယား စွမ်းအင်သုံးကား တစီးပဲ ဖြစ်ပါတယ်။
ပြင်သစ်ဒီဇိုင်းနှင့် ယာဉ်ပေါ်တွင် မှန်ခုံးပုံစံ၊ ဖျောက်ထားသော ဘီးပုံစံနှင့် အဲဒီ့ခေတ် အတွက်တော့ လုံးဝကို တခြားဂြိုဟ်မှ ယာဉ်ပုံစံပဲ ဖြစ်ပါတယ်။
၎င်းကို တကယ် ထုတ်လုပ်ဖို့အတွက် အလေးအနက် ရည်ရွယ်ပြီး ဖန်တီးခဲ့တာ မဟုတ်ဘဲ ဒီဇိုင်း အယူအဆကို ၁၉၅၉ ခုနှစ် Genera Auto Show တွင် ထုတ်ဖော် ပြသ ခဲ့ပါတယ်။

နျူကလီးယား စွမ်းအင်သုံး ဖြစ်နိုင်တယ်လို့ အမွှမ်းတင်ထားသည့် အဆိုပြုထားတဲ့ အဲဒီ့ကားဟာ အသံဖြင့် ထိန်းချုပ်နိုင်ပြီး ရေဒါဖြင့် လမ်း ညွှန် နိုင်မယ်လို့ ဆိုပါတယ်။
နယူရော့ခ် ကားပြပွဲနှင့် ၁၉၆၁ ခုနှစ် ချီကာဂို ကားပြပွဲတို့တွင် ပြသခဲ့သည့် အဆိုပါကားဟာ ဘီးလုံး ၂ လုံးသာရှိပြီး ၎င်းကို အထူး ဒီဇိုင်းပြု လုပ်ထားတဲ့ gyroscopes များကို အသုံးပြုပြီး ဟန်ချက်ညီစေပါတယ်။
၄။ Studebaker-Packard Astral
၁၉၅၇ ခုနှစ်တွင် ၎င်း၏ ပွဲဦးထွက် ပုံစံကို ပြသခဲ့သည့် Studebaker-Packard Astral ဟာ မထုတ်လုပ်နိုင်ခဲ့တဲ့ နျူကလီးယား စွမ်းအင်သုံးကားများထဲက နောက်ထပ် အယူအဆ ဒီဇိုင်းတခု ဖြစ်ပါတယ်။
Gyroscope ကို အသုံးပြုကာ ဘီး ၁ လုံးထဲပေါ်မှာ ဟန်ချက်ညီအောင် လုပ်ဆောင်ထားတဲ့ ဒီယာဉ်ဟာ အခြား ဒီဇိုင်များနှင့် အမှန်တကယ်ကို လုံးဝ ကွဲထွက်နေပါတယ်။

ယာဉ်မှာလည်း နျူကလီးယား ဓာတ်အားပေး စနစ်မှ ထွက်ရှိလာမည့် ဓာတ်ရောင်ခြည် ဖြာထွက်မှုအတွက် အကာအရံ အချို့ကို ထင်ထင်ရှားရှား တပ်ဆင်ထားပါတယ်။
အဲဒီ့ အကာအရံများဟာ ယာဉ် မတော်တဆ ဖြစ်စဉ်များမှလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Studebaker-Packard Astral ရဲ့ ဒီဇိုင်းဟာ တကယ် လက်တွေ့ အကောင်အထည့် ဖော်နိုင်လောက်အောင် မကြာရှည်ခဲ့ဘဲ ၎င်းထွက်ပေါ်လာပြီး နှစ်အနည်းငယ်အကြာမှာ ကုမ္ပဏီဟာ ပိတ်သိမ်းခဲ့ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။