မျိုးဆက်သစ် နျူကလီးယားစွမ်းအင်ရုံများဟာ ယခု ရာစုနှစ်ဝက်အတွင်း ကာဗွန်ထုတ်လွှတ်မှု သုညအထိ လျှော့ချနိုင်ဖို့ အလွန်အရေးပါတဲ့ ကဏ္ဍမှ ပါဝင်လာဖွယ် ရှိပါတယ်။
ဒီလို နျူးကလီးယား ဓာတ်ပေါင်းဖိုများနှင့် ပတ်သက်သည့် လေ့လာမှုကို Nature Energy ဂျာနယ်တွင် ဖော်ပြခဲ့တာပါ။
နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့ဟာ နေရောင်ခြည် မရသည့် အခါနှင့် လေမတိုက်သည့်အခါ အလုပ်မဖြစ်သည့် အ ပြင် ရင်းနှီးမြှုပ်နှံမှုတွေ များစွာလိုအပ်ပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုမှ ကပ်ဘေးဆိုးကျိုးများကို ရှောင်ရှားနိုင်ဖို့ရာအတွက် စက်မှုခေတ် မတိုင်ခင်က အပူချိန်၏ အထက် ၁.၅ ဒီဂရီ ဆဲဆီးယက်လောက်လာ ရှိသင့်တာပါ။
ယနေ့ ကမ္ဘာကြီး၏ ရာသီဥတု ပြောင်းလဲလာမှုကြောင့် ၂၀၅၀ ခုနှစ်မှာ တကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် ကာဗွန်ထုတ်လွှတ်မှု သုညအထိ လျှော့ချဖို့ အသည်းအသန် လိုအပ်နေပါတယ်။

ယခင် လေ့လာမှုများအရတော့ လေအားနှင့် နေရောင်ခြည် စွမ်းအင်များဟာ ကာဗွန်ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ဖို့ ကူညီနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း လျှော့ချဖို့ ဆိုရင်တော့ စွမ်းအင်သိုလှောင်နိုင်စွမ်းတွေနဲ့ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေး လုပ်ဆောင်နိုင်စွမ်းတွေကို အကြီးအကျယ် မြှင့်တင်မှ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အကြောင်းကတော့ လေဟာ အမြဲမတိုက်ခတ်သလို နေရောင်ခြည်ဟာလည်း အမြဲမရရှိနိုင်လို့ပါ။
ထိုကဲ့သို့ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု များစွာ ဆက်လုပ်ကာ ၁၀၀ ရာခိုင်နှုန်းအထိ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ မလုပ်ဆောင်နိုင်ပါက ဒီဇိုင်းအသစ်ဆွဲထားသည့် အဆင့်မြင့် နျူကလီးယား ဓာတ်အားပေး စက်ရုံများ လိုအပ်လာမှာပါ။
“တင်းကျပ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကို ထိန်းချုပ်မှုအောက်မှာ နျူကလီးယား စွမ်းအင်မှ ရရှိသည့် ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဟာ နိုင်ငံအများစု၏ လျှပ်စစ်ဓာတ်အားလိုင်းများအတွက် တန်ဖိုးအများကြီး ရှိပါတယ်” လို့
လေ့လာမှုကို ဦးဆောင်ရေးသားသူ Carnegie သိပ္ပံအင်စတီကျူရှိ ကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒဌာနမှ Lei Duan က ပြောပါတယ်။

လေ့လာမှုတွင် နိုင်ငံအဆင့် ဒေသ ၄၂ ခုကို ကြည့်ရှုပြီး ကာဗွန် ကင်းစင်ကာ အသက်သာဆုံး နည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်ဖို့ တွက်ချက်ထားတာပါ။
နောက်ဆုံးမှာ သုတေသီများဟာ နျူကလီးယား စွမ်းအင်သည်သာ ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်ကြောင်းကို တွေ့ရှိခဲ့ပါတယ်။
လူတော်တော် များများကတော့ အန္တရာယ်များတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံများကို မကြိုက်ကြပါဘူး။
နျူကလီးယား ဓာတ်အားပေး စက်ရုံများ၏ အဓိက ပြဿနာဟာ နျူကလီးယား စွန့်ပစ် လောင်စာတွေ ဖြစ်ပြီး နိုင်ငံတော်တော်များများဟာ ဒီစွန့်ပစ်လောင်စာတွေကို လုံခြုံစွာ စွန့်ပစ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ကောင်းကောင်း မလုပ်ကြတာပါ။
ဖင်လန်နှင့် ဆွီဒင်နိုင်ငံများကတော့ နျူကလီးယားစွမ်းအင်၏ အနာဂါတ် အရေးပါပုံကို သိနေကြပါတယ်။
မကြာသေးခင်ကပဲ နှစ်နိုင်ငံစလုံးဟာ နှစ်ပေါင်း ၁ သိန်းလောက် နျူကလီးယား စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်းထားနိုင်မယ့် အဆောက်အဦးများကို ဆောက်လုပ်နေပါတယ်။
ဒီအကြောင်းကို “နျူကလီးယား စွန့်ပစ်ပစ္စည်းများကို နှစ် ၁ သိန်းလောက် သိမ်းဆည်း ထားနိုင်မယ့် ဆွီဒင်၏ စီမံကိန်း အ ကြောင်း” နှင့်

“နျူကလီးယား စွန့်ပစ်ပစ္စည်းများကို နှစ်တသိန်းအထိ သိမ်းဆည်းနိုင်မယ့် ဖင်လန်နိုင်ငံ၏ စီမံကိန်းအကြောင်း” ခေါင်းစဉ်များဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
ကျောက်မီးသွေးနှင့် ရေနံသုံး ဓာတ်အားပေး စက်ရုံများမှ ဖြစ်လာသည့် လေထု ညစ်ညမ်းမှုများကြောင့် လူဦးရေ သန်းနှင့်ချီပြီး နှစ်စဉ် ဆုံးရှုံးနေရပါတယ်။
ဒါပေမယ့် နျူကလီးယား ဓာတ်ပေါင်းဖိုများမှ မတော်တဆမှုများဟာ အန္တရာယ်ကြီးတာကိုတော့ ဆက်စပ်ထည့်သွင်းဖို့ လို အပ်ပါတယ်။
ဥပမာအားဖြင့် သမိုင်းတလျှောက် အဆိုးဝါးဆုံးဖြစ်သည့် ယူကရိန်းရှိ ချာနိုဘိုင်း နျူကလီးယား မတော်တဆမှုကြောင့် လူပေါင်း ၄ ထောင်လောက် ဆုံးရှုံးခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန့်ထားပါတယ်။
စွမ်းအင် သိုလှောင်မှုအတွက် ဖြေရှင်းချက်များကို တွေ့ရှိပါက နျူကလီးယား စွမ်းအင်ကို မလုပ်အပ်ပေမယ့် ယခုအချိန်ထိကတော့ ရွေးချယ်စရာ များစွာ မရှိပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။