တခါတလေမှာ လူတယောက်ဟာ မိုးပျံပူဖောင်းတွေ အများကြီး ချိတ်ဆွဲထားရင် လေပေါ် ရောက်သွားနိုင်မလား ဆိုတာကို တွေးမိကောင်း တွေးမိနိုင်ပါတယ်။
ဒီလို ဖြစ်စဉ် ဖြစ်နိုင်ဖို့အတွက် ဟီလီယံ ပမာဏ ဘယ်လောက်လိုအပ်သလဲ ဆိုတာရယ်နှင့် ဒီလိုမျိုး ကြိုးပမ်းဖူးတဲ့ ဖြစ်စဉ်တွေရယ်ကို ဖော်ပြပေးလိုပါတယ်။
၁ လီတာရှိတဲ့ ဟီလီယံဟာ ၁ ဂရမ် အရွယ်အစား အရာဝတ္တုကို မနိုင်တဲ့အတွက် ၅ လီတာ ရှိတဲ့ ဟီလီယံ မိုးပျံပူဖောင်းဟာ အလေးချိန် ၅ ဂရမ်ကို မနိုင်ပါတယ်။
ဒါပေမယ့် အရာဝတ္ထုတွေကို ချိတ်ဆွဲမယ်ဆိုရင် အပူချိန်တွေ ဖိအားတွေလဲ ထည့်သွင်းစဉ်းစားဖို့တော့ လိုမှာပါ။
စံပြုထားတဲ့ ပူပေါင်းတလုံးဟာ ၁၁ လက်မလောက်ရှိပါတယ်။ ၁ ပေါင် အလေးချိန်ကို သယ်နိုင်ဖို့ ဘောလုံးပေါင်း ၃၇ လုံးနှင့် ဟီလီယံ ၄၂၃ လီတာလောက် လိုအပ်ပါတယ်။

လူ၏ ပျမ်းမျှ အလေးချိန်ဟာ ၁၃၇ ပေါင် ဆိုကြပါဆို့။ လူတယောက်ကို မဖို့ ဆိုရင်တော့ ဘောလုံးပေါင်း ၅ ထောင်ကျော် နှင့် ဟီလီယံ လီတာပေါင်း ၅၈,၀၀၀ လောက် လိုအပ်မှာ ဖြစ်ပါတယ်။
တကယ်လို့ ဒီ့ထက်ပိုကြီးတဲ့ ဂျမ်ဘို ဆိုဒ် ၃၆ လက်မ ပူဖောင်း ကို သုံးမယ်ဆိုရင်တော့ ၁၄၅ လုံး သာ လိုအပ်မှာ ဖြစ်ပါတယ်။
ဒါ မြေပြင်ကနေ ကြွတက်လာဖို့ လိုအပ်တဲ့ ပမာဏဖြစ်ပြီး ဒီထက်ပိုပြီး အမြင့်တက်ချင်ရင် ဘောလုံးတွေ ပိုမို လိုအပ်မှာ ဖြစ်ပါတယ်။
လူအချို့ဟာ မိုးပျံပူ ဖောင်း တွေကို အသုံးပြုပြီး ပျံသန်းပြပြီး ဖြစ်ကာ အထင်ရှားဆုံးကတော့ ၂၀၁၁ ခုနှစ်က တွမ်မော်ဂန် ပဲ ဖြစ်ပါတယ်။
ဒီလို မိုးပျံပူပေါင်း စီးဖို့ ဆိုတာ သူ့ရဲ့ အိပ်မက်ဖြစ်ပြီး နောက်ဆုံးမှာတော့ ထိုအိပ်မက်ဟာ အမှန်တကယ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

တွန်နဲ့ သူ့အဖွဲ့ဟာ ပျံသန်းဖို့ကြိုးစားရင်း ရာသီဥတုပြသနာနှင့် ဟီလီယံ ထောက်ပံ့မှု ပြသနာအပါအဝင် အတားအဆီးတွေ ကြုံတွေ့ခဲ့ရပါတယ်။
သူဟာ ဘော့ဆွာနာမှာ ၃ ကြိမ်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ ဒါ့ကြောင့် နောက်ဆုံးမှာ ဂျဟန်နက်စ်ဘတ်သို့ ပြောင်းရွှေ့ပြီး သူ့ရဲ့ နောက်ဆုံး ဟီလီယံ အထောက်အပံ့နှင့် ထပ်မံကြိုးစားခဲ့ပါတယ်။
စတုတ္ထအကြိမ်မှာတော့ အောင်မြင်ခဲ့ပြီး အမြင့် ၁.၅ မိုင်ဖြင့် ၁၅ မိုင်လောက် ခရီးရောက်ခဲ့ကာ လေထဲတွင် ၂ နာရီခန့် မျောပါနေနိုင် ခဲ့ပါတယ်။
အဆိုပါ ပျံသန်းမှုတွင် အသုံးပြုသည့် ပူ ဖောင်း ကြီး ၁၀၀ ကို ဟီလီယံ ဓာတ်ငွေ့ ဖြည့်ဖို့ရာ ၂ ရက်လောက် အချိန် ပေးခဲ့ရပါတယ်။
သူဟာ ပျံသန်းရင်း လေထုအလွှာနှင့် ပိုမိုနီးကပ်လာတဲ့အတွက် အရာအားလုံးဟာ မသေချာမရေရာ ဖြစ်လာပါတယ်။ အပူ ချိန် ဟာလည်း မြင့်တက်လာတဲ့အတွက် ပူဖောင်းများဟာ ပေါက်နိုင်လာပါတယ်။

ဒါတင်မကသေးတဲ့ အပြင် သူဟာ လေယာဉ်များ သွားလာသည့် လမ်းကြောင်းထဲကို လျှင်မြန်စွာ မျောပါသွားခဲ့ပါတယ်။
စိတ်လှုပ်ရှားနေပေမယ့် တွမ်ဟာ အေးအေးဆေးဆေးဖြင့် မြေကြီးပေါ်သို့ ဘေးကင်းစွာ ရောက်ရှိ နိုင်ရန် ပူဖောင်းများကို ဖြည်းဖြည်းချင်း ဖြတ်ပစ်ရပါတယ်။
တွမ်ဟာ The League of Adventurists ဟု ခေါ်တဲ့ အဖွဲ့၏ တစိတ်တပိုင်းဖြစ်ပြီး သူ့၏ လုပ်ဆောင်ချက်ကြောင့် စိတ်အားတက်ကြွကာ အစုလိုက်အပြုံလိုက် ပူဖောင်းပြိုင်ပွဲ တခု ပြုလုပ်ရန်ပင် စီစဉ်ခဲ့ပါတယ်။
National Geographic မှ အဖွဲ့တဖွဲ့ဟာလည်း အထင်ကရ မြင်ကွင်းတခုကို ဖန်တီးဖူးပါတယ်။
၂၀၁၁ ခုနှစ်မှာ ၂ ပတ်တာကာလအတွင်း အဖွဲ့တဖွဲ့ဟာ အထူးဒီဇိုင်းပြုလုပ်ထားတဲ့ အလေးချိန်ပေါ့ပါးသည့် အိမ်ကို ၈ ပေရှိသည့် ဘောလုံးပေါင်း ၃၀၀ ဖြင့် ချိတ်ကာပျံသန်း စေခဲ့ပါတယ်။
အဆိုပါ အိမ်အတွင်းတွင် လူများ လိုက်ပါခဲ့ပြီး အမြင့်ပေ ၁ သောင်းတွင် ၁ နာရီခန့် ပျံသန်းခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။