ဇူလိုင်လ ၇ ရက်နေ့က ဖိလစ်ပိုင် သတင်း အေဂျင်စီများ၏ ထုတ်ပြန်ခဲ့တဲ့ သတင်းများအရ ပြင်သစ် အနောက်မြောက်ပိုင်းမှ သင်္ဘောတည်ဆောက်သည့် ကုမ္ပဏီ တစ်ခုဟာ ဖိလစ်ပိုင်ငွေ ၁.၅ ဘီလီယံ လောက် တန်ကြေးရှိတဲ့ သင်္ဘောကျင်းတခု ဖိလစ်ပိုင် နိုင်ငံတွင်းမှာ တည် ဆောက် ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
OCEA လို့ခေါ်တဲ့ ဒီကုမ္ပဏီဟာ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့အတွက် Gabriela Silang (OPV-8301) ကမ်းလွန် ကင်းလှည့်ရေယာဉ်တစီး တည်ဆောက်ပေးခဲ့ပါတယ်။
ဒီကင်းလှည့် ရေယာဉ်ကို ကမ်းရိုးတန်းစောင့် တပ်ဖွဲ့အောက်တွင် ဖိလစ်ပိုင် ပင်လယ်ပြင် လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကင်းလှည့် ရေယာဉ်ဟာ အထူးသီးသန့် စီးပွားရေးဇုံ (EEZ) အား စောင့်ကြည့်သည့် စစ်ဆင်ရေးများ၊ လူမှောင်ခိုသွင်းမှုပြသနာ ထိန်းချုပ်မှု၊ ပင်လယ်ဓားပြ ကာကွယ်ရေး၊ ကုန်ပစ္စည်းမှောင်ခိုသွင်းမှု ကာကွယ်ရေး၊ ရှာဖွေရေး နှင့် ကယ်ဆယ်ရေး၊

သဘာဝ ရင်းမြစ်များ နှင့် အကျိုးစီးပွားကာကွယ်ရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကာကွယ်ရေး၊ ရေငုပ် လုပ်ငန်းများနှင့် အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် စစ်ဆင်ရေး စသည့် စစ်ဆင်ရေး ပေါင်းစုံကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒီရေယာဉ်ဟာ ၈၄ မီတာ အရှည်ရှိပြီး MTU 16V 4000 M73 ဒီဇယ်အင်ဂျင် ၂ လုံးဖြင့် ခုတ်မောင်းစေတာ ဖြစ်ပါတယ်။
အမြန်နှုန်းအားဖြင့် တနာရီလျှင် ရေမိုင် ၂၂ မိုင်နှုန်းဖြင့် အမြန်ဆုံး ခုတ်မောင်းနိုင်ပြီး တနာရီလျှင် ရေမိုင် ၁၂ မိုင်နှုန်း ပုံမှန်ဖြင့် ရေမိုင် ၈ ထောင် လောက်အထိ ကင်းလှည့်ကာ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နိုင်ပါတယ်။
ရေတပ်အဖွဲ့သား ၄၀ ပါဝင်ပြီး စစ်ဆင်ရေးများအတွက် နောက်ထပ် တပ်သား ၂၆ ယောက်စာ နေရာများ ပါရှိပါသေးတယ်။
ဒီရေယာဉ်ဟာ အနည်းဆုံး အခြေအနေဖြင့် ရေတပ်သား ၃၅ ယောက်လောက်သာ စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပြီး ၎င်း၏ အဓိက ရေယာဉ်အဖွဲ့သားများနှင့် ပင်လယ်ပြင်တွင် ၅ ရက်ခန့် မရက်မနား တာဝန်ထမ်းဆောင်နိုင်မှာပါ။
ပြင်သစ် ကုမ္ပဏီ OCEA ၏ သင်္ဘောကျင်း တည်ဆောက် ပြီးစီးပါက ဖိလစ်ပိုင်နိုင်ငံအတွက် အလုပ်အကိုင် ၆၀၀ ကျော် လောက် ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Knowledgeworms Copyright © 2021