အလုပ်ခွင်တွင် ပျော်ရွှင်ပြီး ပိုမို အလုပ်ပြီးမြောက်စေမယ့် နေရာအခင်းအကျင်းပုံစံ

Knowledge

ကိုဗစ်၏ အန္တရာယ်ကြောင့် ကျွန်တော်တို့ရဲ့ ရုံးပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပေါ်လာပါတယ်။

အစပိုင်းတွင် မန်နေဂျာများဟာ အိမ်မှ အလုပ်လုပ်လျှင်သာ ပိုမို အလုပ်ပြီးစီးတာကို မြင်နိုင်ကြပါတယ်။ ယခုအခါမှာတော့ ရုံးများမှာလည်း အလုပ်ပိုမို ပြီးစီးစေအောင် လုပ်ဆောင်နိုင်တဲ့ နည်းတွေ ရှိတာကို သိရပါတယ်။

UCL ၏ လေ့လာမှု အသစ်တခုအရ ကုန်ထုတ်စွမ်းအား တိုးတက်စေဖို့အတွက် ဝန်ထမ်းများတွင် ဖွင့်ထားသော ရုံးခန်းများ၊ ၎င်းတို့ရှိသည့် အခန်းနှင့် မျက်နှာချင်းဆိုင်အနေအထားများ၊ ပြတင်းပေါက်ဘေးတွင် ထိုင်ခြင်း နှင့် နောက်တွင် စားပွဲများ မရှိခြင်း စသည့် အနေအထားများ လိုအပ်တာကို တွေ့ရပါတယ်။

ထိုင်ခုံ နည်းပါးသည့် ရုံးငယ်များတွင် ကုန်ထုတ်စွမ်းအား ပိုမို တိုးတက်ကြောင်းကို လည်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုကို ဦးဆောင်ပြုလုပ်သူ ဒေါက်တာ ကာစတင် ဆေးလ်လာ မှ “ကျွန်တော်တို့ရဲ့ တွေ့ရှိချက်များဟာ နည်းပညာကုမ္ပဏီများအတွက် ရုံးခန်းကြီးများကို ဖွင့်လှစ်ရန်၊ လုပ်ငန်းခွင်၌ ဒီဇိုင်းရေးဆွဲခြင်းနှင့် ပတ်သက်ပြီး အလေ့အကျင့်များနှင့် စပ်လျဉ်းသည့် အရေးကြီးသော မေးခွန်းများကို ဖော်ထုတ်ပေးပါတယ်။” လို့ဆိုပါတယ်။

တချိန်တည်းမှာပင် ဖြစ်ပွားနေသော ကိုဗစ်ကြောင့် အလုပ်ရှင်များဟာ အလုပ်ခွင်ကို ဝန်ထမ်းများအား အတတ်နိုင်ဆုံး ဆွဲဆောင်မှု ရှိစေရန် နည်းလမ်းများကို ရှာဖွေစေခဲ့ပါတယ်။

သူတို့၏ လေ့လာမှုအတွက် သုတေသီများမှ နိုင်ငံတကာ နည်းပညာ ကုမ္ပဏီကြီးတခု၏ လန်ဒန်ရုံးချုပ်ရဲ့ အထပ်လေးထပ်ကို အကဲဖြတ် ဆန်းစစ်ခဲ့ပါတယ်။

သူတို့ဟာ ရုံးဝန်ထမ်းများ၏ စိတ်ကျေနပ်မှုကို စစ်တမ်း ကောက်ယူပြီး ၎င်းတို့ထံမှ အနှစ်ချုပ်ရလဒ်များကို ကောက်ယူခဲ့ကြပါတယ်။

သူတို့ တွေ့ရှိခဲ့တာကတော့ စားပွဲခုံ အရေအတွက် များပြားခြင်းနှင့် နောက်တွင် နံရံနှင့် စားပွဲခုံတွေ ရှိခြင်းဟာ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုကို လျော့ကျစေတယ် ဆိုတာပါပဲ။

ဒီလိုတွေ့ရှိချက်ဟာ ဝန်ထမ်းတွေရဲ့ အမြင်အာရုံကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှု နှင့် ရိုးရှင်းစွာ စကားပြောသည့်အခါ အခြားသူများကို အနှောင့်အယှက်‌ ပေးနိုင်ချေရှိမှုတွေနှင့် ဆက်စပ်နေတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့ကြောင့် ဝန်ထမ်များ ကိုဗစ်အလွန် အလုပ်ခွင်တွင် ပျော်ရွှင်နိုင်ဖို့ အဓိက သော့ချက်ကတော့ ပိုမို သေးငယ်တဲ့ ရုံးခန်း၊ ပိုမို ရင်းနှီးပွင့်လင်းပြီး စားပွဲများကို မျက်နှာချင်းဆိုင် ထားနိုင်သလောက် ထားနိုင်ရင် အောင်မြင်ဖို့ လုံလောက်ပြီပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *