One Championship ရဲ့ နောက်ထပ်မြန်မာ MMA ကစားသမား ချင်းတိုင်းရင်းသား ထီရယ်လ်ထန်ကတော့ ဘင်တန်ဝိတ်တန်း ပွဲ ထိုးဖို့ အတွက် စင်ကာပူနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။
One Championship ရဲ့ Unbreakable III အမည်ပေးထားတဲ့ MMA ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့ စင်ကာပူနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မြန်မာ MMA ဖိုက်တာ ချင်းတိုင်းရင်းသား ထီရယ်လ်ထန်ရဲ့ တွဲဆိုင်းလဲ ပါဝင်မှာ ဖြစ်ပါတယ်။ထီရယ်လ်ထန်ဟာ ဘင်တန်ဝိတ်တန်း ချန်ပီယံဆုရရှိအောင်ကြိုးစားနေကြောင်း သူ၏ လူမှုကွန်ယက်စာမျက်မှာရေးသားထားဖော်ပြထားသူပါ။
ထီရယ်လ်ထန်ဟာ One Championship နှင့် ၂၀၁၉ ခုနှစ်က စတင်လက်တွဲခဲ့တာဖြစ်ပြီး နှစ်ပွဲထိုးသတ်ခဲ့ရာ နှစ်ပွဲစလုံး အနိုင်ရရှိထားသူလဲဖြစ်ပါတယ်။ ထီရယ်လ်ဆန်ဟာ ၂၀၁၉ ခုနှစ် ၊ မတ်လက ရန်ကုန်မြို့မှာ ကျင်းပသည့် ပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်ကိုအနိုင်ယူပြီး ၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မလေးရှားနိုင်ငံတွင်ကျင်းပသည့်ပြိုင်ပွဲတွင်လည်း တောင်ကိုရီးယားနိုင်ငံသား ကင်ဝမ်ကွမ်ကို လည်းထပ်မံအနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများ ထိုးသတ်ရခြင်းမရှိပဲ ယခု ၂၀၂၁ မှ ပြန်လည်ထိုးသတ်ရခြင်းလဲဖြစ်ပါတယ်။
One Championship ကလည်း ၂၀၂၁ ခုနှစ်အတွက် ပြိုင်ပွဲများကို Unbreakable အမည်နဲ့ စတင်ကျင်းပနေပြီဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့ကာ ဒုတိယ ပြိုင်ပွဲကိုလည်း ဇန်နဝါရီ ၂၉ ရက်နေ့တွင်လည်း ဆက်တိုက်ဆိုသလို ဆက်လက်ကျင်းပနေမှာ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ အချစ်တော် အောင်လအန်ဆန်ကလည်း ထီရယ်လ်ထန်နှင့်အတူ စင်ကာပူရောက်ရှိနေပြီး ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုအပိုင်းမှာ ကူညီဆောင်ရွက်ပေးနေပါတယ်။
ကဲ ဖေဖော်ဝါရီ ၅ ရက်နေ့ကျရင် မြန်မာ MMA ဖိုက်တာ ထီရယ်လ်ထန်ကို အတူတူအားပေးကြရအောင်ဗျာ။
အောင်လအန်ဆန်က “ကျွန်တော့်သူငယ်ချင်း Tial ရဲ့ One Championship ပွဲအတွက် အခုစင်ကာပူမှာ ပြင်ဆင်နေရင်း အရမ်းပဲစိတ်လှုပ်ရှားနေပါပြီ”ဟု ၎င်းရဲ့ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
ထီရယ်လ်ထန်ကလည်း “ဖေဖော်ဝါရီ ၅ ရက်နေ့ကျရင် နောက်ထပ် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ One Championship ထိုးသတ်ကွင်းမှာ ကျွန်တော်ထပ်ထိုးမှာ ဖြစ်ပါတယ်။ စောင့်ကြည့်အားပေးပါဦးလို့ ပြောချင်ပါတယ်။” လို့ သူ့ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
Fighting Tial “The Dragon Leg”Thang
ဖေဖော်ဝါရီ ၅ ရက်နေ့ မှာ ထီရယ်လ်ထန်ကို အတူတူ အားပေးလိုက်ကြရအောင်ဗျာ။