ကြောင်တွေ လေထီးခုန်ပြီး ကယ်တင်ခဲ့ရတဲ့ အစာကွင်းဆက် ပြသနာကြီး

History Knowledge

ငှက်ဖျားရောဂါဟာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ရောဂါထဲမှာ ပါဝင်ပြီး ယနေ့အထိ ခေတ်ပေါင်းများစွာ လူတွေကို ဒုက္ခပေးခဲ့တာပါ။

တခါက အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်း နိုင်ငိတို့ တည်ရှိတဲ့ ဘော်နီယိုကျွန်းမှာ ငှက်ဖျားသောင်းကျန်းလွန်းတဲ့အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း WHO ကို အကူအညီ တောင်းခဲ့ပါတယ်။

ဒါ့ကြောင့် WHO မှ ငှက်ဖျားဖြစ်စေတဲ့ ခြင်များကို နှိမ်နင်းဖို့ရာ ကျွန်းအနှံ့ DDT အင်းဆက်တိုက်ဖျက်ရေး ဆေးများ ပတ်ဖြန်းပေးခဲ့ပါတယ်။ ဒါဟာ အလုပ်ဖြစ်ပါတယ်။

နှစ်နှစ်အတွင်း ကျွန်းပေါ်မှာ ငှက်ဖျားသယ်ဆောင်သည့် ခြင်အရေအတွက်မှာ ၃၅.၆ ရာခိုင်နှုန်းမှ ၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့် ပြသနာက ပြီးမသွားပါဘူး။

မကြာခင်မှာပဲ ကျွန်းပေါ်ရှိ အိမ်များဟာ ထူးဆန်းစွာနဲ့ အလိုလို ပျက်ဆီးကုန်ပါတယ်။

DDT လို့ခေါ်တဲ့ Dichlorodiphenyltrichloroethane ဆေးတွေ ကျွန်းပေါ် ပတ်ဖြန်းခဲ့တဲ့အတွက် ခြင်တွေသာ မက နကျယ်ကောင်တွေပါ တော်တော်များများ ဂိ ကုန်တာပါ။

နားကျယ်ကောင်များဟာ ဘောက်ဖက်ကောင်တွေပေါ်မှာ ဥဥလေ့ ရှိပါတယ်။

ဒါ့ကြောင့် နားကျယ်ကောင်တွေရဲ့ သားကောင်ဖြစ်တဲ့ စိတ်တို့ကောင် ခေါ် ဘောက်ဖက်ကောင်တွေဟာ အကြီးအကျယ် ပွားများလာပါတယ်။

ကံဆိုးချင်တော့ ကျွန်းပေါ်ရှိလူများဟာ သက်ကယ်မိုး အိမ်များဖြင့် နေထိုင်တာဖြစ်လို့ ချိုမြလှတဲ့ သက်ကယ်မိုးများဟာ ဘောက်ဖက်များရဲ့ မြိန်ရည်ယှက်ရည် စားသုံးမှုကို ခံရပါတော့တယ်။

နောက်ထပ် ဆိုးသွားတာကတော့ DDT ဟာ အင်းဆက်တော်တော်များများကို သက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်းပေါ်မှ တောက်တဲ့များဟာ DDT ထိထားတဲ့ အင်းဆက်များကို စားသောက်မိပါတယ်။

တောက်တဲ့များဟာ ဇီဝဖြစ်ပျက်မှု နှေးတဲ့ သတ္တဝါဖြစ်သည့် အလျှောက့် DDT ကြောင့် ဒုက္ခမရောက်တဲ့အပြင် အဆိပ်အတောက်များ ဒဏ်ပါ ခံနိုင်ရည်ရှိလာပါတယ်။

DDT ဟာ အာနိသင် ၈ နှစ်လောက်ထိ ရှိတဲ့အတွက် တောက်တဲ့များအတွင်း မြုံနေပြီး အဆိုပါ တောက်တဲ့များကို စားသောက်တဲ့ ကြောင်များဟာ DDT များကြောင့် ကျွန်းပေါ်မှာ မျိုးတုန်းလုနီးပါး ဖြစ်သွားပါတယ်။

အဲဒီ့အခါမှာတော့ ကြောင်တို့ရဲ့အစာ ကြွက်များဟာ တစခန်းထလာပြီး ကျွန်းအနှံ့ သောင်းကျန်းလာပါတော့တယ်။

ကြွက်များဟာ မျိုးစေ့တွေ အပါအဝင် လူတို့၏ အစားအစာ မှန်သမျှကို စားသောက်ပစ်ပြီး ပလိပ်ရောဂါကဲ့သို့ ကြွက်နှင့် ပတ်သက်သည့် ကျန်းမာရေး ပြသနာများ ပေါ်လာသောကြောင့် WHO ကို ထပ်မံ အကူအညီ တောင်းရပြန်ပါတယ်။

အရင်တခေါက်နဲ့ မတူတာကတော့ WHO မှာ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်း အဆင်သင့် မရှိခဲ့တာပါပဲ။

ဒါပေမယ့် ကြံရာမရတဲ့အဆုံး ဗြိတိသျှ တော်ဝင်လေတပ်ကို ခေါ်ယူကာ Operation Cat Drop ဟုခေါ်သည့် ကြောင်လေထီး စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပါတယ်။

၁၉၆၅ ခုနှစ်မှာ ဗြိတိသျှ တော်ဝင်လေတပ်ဟာ ဘော်နီယို ကျွန်းပေါ်သို့ အခေါက်ခေါက် ပျံသန်းပြီး ထောင်ပေါင်းများစွာသော လေထီးများဖြင့် ကြောင်များကို ချပေးခဲ့ပါတယ်။

ဒီလို ဖြေရှင်းမှုဟာ အံ့အားသင့်စွာ အလုပ်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကျွန်းကြီးဟာ ပြသနာတွေ မရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတော့တယ်။

ဒီလိုဖြစ်ရပ်ကြောင့် အစာကွင်းဆက်ဟာ အလွန်အရေးပါပြီး လူများကြောင့် ကမ္ဘာကြီးအား တဖက်စောင်းနင်း ဖြစ်သွားစေနိုင်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *