အာကာသထဲမှာ ကြီးမားတဲ့ ဆိုလာစွမ်းအင်ထုတ် စခန်းတခု တည်ဆောက်ချင်နေတဲ့ တရုတ်နိုင်ငံ

Innovation Tech

တရုတ်က နေရောင်ခြည်စွမ်းအင် အမြောက်အမြားကို အချိန်မရွေး ထုတ်ယူနိုင်မယ့် ဖြစ်နိုင်ချေရှိတဲ့ ခေတ်ပြောင်း နည်းပညာ တစ်ခုကို စမ်းသပ်နေဆဲ ဖြစ်ပါတယ်။

South China Morning Postရဲ့တင်ပြချက်အရ ဒီနည်းလမ်းက အာကာသမှ ကမ္ဘာမြေသို့ အားကောင်းတဲ့ နေရောင်ခြည်စွမ်းအင် ထုတ်လွှတ်ရန် ပတ်‌လမ်း‌စခန်း တစ်ခု သုံးလိမ့်မယ်လို့ ဆိုပါတယ်။

စီစဉ်ထားတဲ့အတိုင်း အားလုံးပြီးစီးပါက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing မြို့၌ ပြုလုပ်မယ့် စမ်းသပ်မှုတွေက ၂၀၃၀ တွင် အာကာသထဲ၌ ၁ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစခန်းကို တည်ဆောက်ပါလိမ့်မယ်။

ကမ္ဘာ့အကြီးဆုံး ဆိုလာပြား ဆဲလ်‌တွေ ထုတ်လုပ်တဲ့ တရုတ်ဟာ ၂၀၄၉ တွင် ၎င်းရဲ့ စွမ်းရည်ကို ၁ ဂစ်ဂါဝပ်အထိ မြှင့်တင်ရန်နဲ့ လွှတ်တင်ပြီးနောက် အဆောက်အဦးရဲ့ထုတ်လုပ်မှုကို တဖြည်းဖြည်းတိုးရန်လည်း စီစဉ်နေပါတယ်။

ဒေါ်လာ ၁၅.၄ သန်းရှိတဲ့ စမ်းသပ်စခန်းဟာ ဒီနှစ်မှာ အဆင်သင့်ဖြစ်လိမ့်မယ်

Chongqing မြို့ရှိ နည်းပညာအတွက် ဒေါ်လာ ၁၅.၄ သန်းတန် မြေပြင် စမ်းသပ်စက်ရုံ တည်ဆောက်ခြင်းကို စီမံကိန်းရဲ့ကုန်ကျစရိတ်၊ ဖြစ်နိုင်ချေ၊ လုံခြုံစိတ်ချရမှုတို့နဲ့ ပတ်သက်၍ အငြင်းအခုန် ဖြစ်‌နေတာကြောင့် လွန်ခဲ့တဲ့သုံးနှစ်က ရပ်ဆိုင်းခဲ့ပါတယ်။

သို့သော် ၎င်းကို ဇွန်လတွင် ပြန်လည်စတင်ခဲ့တယ်လို့ ဒေသတွင်းအစိုးရ ၀က်ဘ်ဆိုက်အရ သိရပါတယ်။ စမ်းသပ်မှု စက်ရုံ တည်ဆောက်မှုဟာ ယခုနှစ်ကုန်တွင် ပြီးစီးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

စခန်းက စွမ်းအားပြင်းတဲ့ရောင်ခြည်တန်းဟာ မည်သည့် တိမ်တိုက် ဖုံးလွှမ်းမှုကိုမဆို ထိထိရောက်ရောက် ထိုးဖောက်နိုင်ပြီး အနီးအနားရှိပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများအား ထိခိုက်မှုမရှိစေရန် မြေပြင်စခန်းကို ဂရုတစိုက် ထောက်ပြမယ့် နည်းပညာများကို စမ်းသပ်မှာဖြစ်ပါတယ်။

ဆိုလာ အာကာသစခန်းတစ်ခုကို တည်‌ဆောက်ဖို့ စိတ်ကူးကို ၁၉၆၀ ခုနှစ်များတွင် သိပ္ပံပညာရှင်‌တွေက ပထမဆုံးအဆိုပြုခဲ့ပါတယ်။

နည်းပညာဟာ ဆိုလာ နယ်ပယ်များရဲ့ကန့်သတ်ချက် များစွာကို ကျော်လွှားရန် အလားအလာရှိပါတယ်။

အမြင့်ပေ ၃၆၀၀၀ ကီလိုမီတာ (၂၂,၄၀၀ မိုင်) မှာစတင်ခဲ့ပြီး geostationary solar panel တစ်ခုဟာ ကမ္ဘာမြေရဲ့ အရိပ်ကို ရှောင်ရှားနိုင်ပြီး နေရောင်ခြည်ကို ၂၄ နာရီ တိုက်ရိုက် မြင်နိုင်ပါတယ်။

ကမ္ဘာ့လေထုသည် နေရောင်ခြည်စွမ်းအင်ရဲ့ထက်ဝက်နီးပါး မြေပြင်၌တပ်ဆင်ထားသော ဆိုလာပြားများပေါ်သို့ မရောက်မီ ရောင်ပြန်ဟပ်နိုင်တာ သို့မဟုတ် စုပ်ယူနိုင်တာကြောင့် အာကာသမှ ဓာတ်အားပေးစခန်းဟာ လျှပ်စစ်ဓာတ်အား ပိုမိုစုဆောင်းနိုင်ပါတယ်။

အစောပိုင်းလေသင်္ဘော စမ်းသပ်မှုများက ကြီးမားသော ဆိုလာအာကာသစခန်းအတွက် လမ်းခင်းပေးနိုင်ပါတယ်

စုဆောင်းထားသောစွမ်းအင်ကို ကြိမ်နှုန်းမြင့် မိုက်ခရိုဝေ့ဖ် စက်ရုံတစ်ခုသို့ ပေးပို့ခြင်းအားဖြင့် နည်းပညာသည် စွမ်းအင်ဆုံးရှုံးမှု အနည်းဆုံး (အကြမ်းဖျင်းအားဖြင့် ၂ ရာခိုင်နှုန်း) ဖြင့်သာ ကမ္ဘာသို့ ရောက်ရန် ခွင့်ပြုလိမ့်မယ်။

ဒီစိတ်ကူးသည် ၁၉ ရာစု နှောင်းပိုင်းတွင် Nikola Tesla မှ ပြုလုပ်သော စမ်းသပ်မှုများမှ စတင်ခဲ့ပြီး ၎င်းသည် ကြိုးမဲ့ဓာတ်အား ဖြန့်ဖြူးမှုအကျိုးဖြစ်ထွန်းဖွယ်ရှိတဲ့ နယူးဇီလန်အခြေစိုက် Emrod နဲ့ ကမ္ဘာပေါ်ရှိ လျှပ်စစ် မော်တော်ယာဉ်များအတွက် ကြိုးမဲ့ အားသွင်းလမ်းများကို စတင်ရန် ကြိုးစားနေသော ကုမ္ပဏီများကဲ့သို့ လုပ်ငန်းများ ထွန်းကားရန် ဦးတည်ပါတယ်။

အမြင့် ၂၀ ကီလိုမီတာတွင် ပျံသန်းနေသည့် Yuanmeng လေသင်္ဘော အယူအဆ ဒီဇိုင်း

ယခုအခါ Chongqing ခရိုင် Bishan ၌ တည်ဆောက်နေသည့် စမ်းသပ်ခန်း အသစ်ရှိ သုတေသီများက ဒီကြိုးမဲ့ဓာတ်အားလွှဲပြောင်းမှုဟာ လိုအပ်သော အကွာအဝေးရှည်များပေါ်တွင် အလုပ်ဖြစ်ကြောင်း သက်သေပြရန် ရည်ရွယ်ထားပါတယ်။

စတင်ရန် သူတို့ဟာ လေသင်္ဘောများနဲ့ လေပူဖောင်းတို့ကိုသုံး၍ ကြိမ်နှုန်းမြင့် မိုက်ခရိုဝေ့ဖ်‌ ရောင်ခြည်များဖြင့် ကမ္ဘာမြေပေါ်သို့ စွမ်းအင်ဖြန့်ကျက်ရန် စမ်းသပ်မှုများပြုလုပ်လိမ့်မယ်။

သူတို့ဟာ လေပူဖောင်းများကို သုံး၍ မြေပြင်အထက် မီတာ ၃၀၀ (ပေ ၉၈၀) မှ အောင်မြင်စွာစမ်းသပ်ပြီးစီးခဲ့ပြီး စက်ရုံတည်ဆောက်မှုပြီးစီးပါက လေသင်္ဘောများကို အသုံးပြု၍ ကီလိုမီတာ ၂၀ အကွာအဝေးစမ်းသပ်မှုများ ဦးဆောင်ပြုလုပ်နိုင်ရန် ရည်မှန်းထားပါတယ်။

နည်းပညာအတွက် စမ်းသပ်ဇုန်သည် ခန့်မှန်းခြေအားဖြင့် ၂ ဟက်တာ (၂,၀၀၀ စတုရန်းမီတာ) ရှိမည်ဖြစ်ပြီး ထိုပမာဏထက် ငါးဆပိုသော ရှင်းလင်းရေးဇုန်ဖြင့် ဝန်းရံထားလိမ့်မယ်။

လက်ရှိ တရုတ်လေသင်္ဘော တစင်း

ခရိုင်အစိုးအရထုတ်ပြန်ချက်အရ ဒေသခံ‌တွေကို သူတို့ရဲ့လုံခြုံရေးအတွက် အဲ့ဒီနေရာကို ဝင်ရောက်ခွင့်မပြုပါဘူး။

ဆက်သွယ်ရေး၊ လေကြောင်းသွားလာမှုနှင့် အနီးအနားရှိဒေသခံများရဲ့ကျန်းမာရေးအပေါ် ကြိမ်နှုန်းမြင့် စွမ်းအင်ရောင်ခြည်များကြောင့်
ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကို ဖြေရှင်းရန်အများကြီးကျန်ပါသေးတယ်။

သို့သော်လည်း စီမံကိန်းနောက်ကွယ်မှ သုတေသီတွေက အဲ့ဒါတွေကို စီမံနိုင်မယ်ဆိုရင် သူတို့ဟာ နေရောင်ခြည်ကို လေထုအပေါ်လွှာကိုကျော်လွန်၍ ပေးပို့ခြင်းအားဖြင့် နေရောင်ခြည်စွမ်းအင်ရဲ့ကန့်သတ်ချက်‌တွေကို ကျော်ဖြတ်နိုင်လိမ့်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *