အင်တာနက်ကြောင့် ပြောင်းလဲလာတဲ့ လူတို့၏ အတွေး အခေါ်များ အကြောင်း

Facts Knowledge

အင်တာနက်က လူသားတွေရဲ့ဘဝကို အ​ခြေခံကျကျ ပြောင်းလဲစေခဲ့ပါတယ်။ လူသားတွေကို သွားရေးလာရေးအဆင်ပြေအောင်လည်း ကူညီပေးပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတစ်ဦးနှင့်တစ်ဦး အဆက်အသွယ်ရရှိအောင်လည်း ကူညီပေးနိုင်တာ တွေ့ရပါတယ်။

ပြီးတော့ အင်တာနက်က လူသားတွေရဲ့ဦးနှောက်အတွက် မျှော်လင့်မထားတဲ့ အကျိုးသက်ရောက်မှုတစ်ချို့ ရှိတာကိုလည်း တွေ့ရပါတယ်။

အင်တာနတ်က အတွေးအခေါ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ?

Web ဟု လူသိများတဲ့ World Wide Web က သိုလှောင်ထားတဲ့ သတင်းအချက်အလက်အားလုံးကို အလွယ်တကူ လက်လှမ်းမှီခြင်းဟာ
လူတွေရဲ့အာရုံစူးစိုက်မှုကို ကျစေပြီး လူတွေရဲ့ မှတ်ဉာဏ်ကို ပိုဆိုးဝါးစေဖို့ အလားအလာရှိတယ်လို့ ပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။

အင်တာနက်သုံးစွဲတာဟာ ဖန်သားပြင်က တဆင့် ပိုမိုဆက်သွယ်တာ ဖြစ်တဲ့အတွက် လူတွေရဲ့ စာနာစိတ်ကို နည်းပါးသွားစေနိုင်ပါတယ်။

အင်တာနက် စာမျက်နှာတစ်မျက်နှာကနေ တစ်မျက်နှာ စိတ်ဝင်စားဖွယ်အချက်အလက်များရှာဖွေခြင်းဟာ သုံးစွဲသူများကို ပိုမို အသိဉာဏ်ပညာ တိုးပွားစေပြီး တခြားသူတွေရဲ့ အသိအမြင်ကိုလည်း သတိပြုစေအောင် ကူညီပေးပါတယ်။

သုတေသီများက အင်တာနက်ဟာ လူတွေရဲ့ဦးနှောက်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေလဲ ဆိုတာ အတိအကျ ဆုံးဖြတ်နေဆဲဘဲ ဖြစ်ပါတယ်။

စမတ်ဖုန်း၊ တက်ဘလက်များနှင့် ဆိုရှယ်မီဒီယာ ကဲ့သို့ အသစ်အဆန်းတီထွင်မှုများကို ကျေးဇူးတင်သင့်ပါတယ်။

ဒီနည်းပညာတွေက လူတွေရဲ့ ပြောဆိုဆက်ဆံပုံတွေ၊ ခံစားပုံတွေနှင့် တွေးခေါ်ပုံတွေကို ပြန်လည်ပုံဖော်နိုင်တာကို တွေ့ရပါတယ်။အင်တာနက်က နေ့စဥ်ဘဝကို အသေချာဆုံး အကျိုးသက်ရောက်မှု ရှိတာကိုတွေ့ရပါတယ်။

အင်တာနက်က ကျွနိုပ်တို့ရဲ့ အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်

လူတွေဟာ အင်တာနက်ရဲ့အကျိုးသက်ရောက်မှုအပေါ် အာရုံစူးစိုက်မှုနဲ့ ပတ်သတ်ပြီး နှစ်ပေါင်းများစွာ စိတ်ပူခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်ရဲ့ လေ့လာမှု တစ်ခုအရ ရွှေငါးတစ်ကောင်ရဲ့ပျမ်းမျှ အာရုံစူးစိုက်မှုဟာ ၉ စက္ကန့် ရှိပါတယ်။

၂၀၀၀ ခုနှစ် လေ့လာမှုအရ လူတစ်ယောက်ပျမ်းမျှအာရုံစိုက်မှုဟာ ၁၂ စက္ကန့် ရှိပြီး ၂၀၁၃ မှာ ၈ စက္ကန့်အထိ ကျသွားတာကိုတွေ့ရပါတယ်။

သုတေသီများဟာ မိုဘိုင်းဖုန်းများ ထွန်းကားလာမှုနဲ့ ပတ်သတ်ပြီး ထိတ်လန့်စရာကောင်းတဲ့ ပြောင်းလဲမှုများကိုလည်း ခြေရာခံစားမိလာကြပါတယ်။

အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး အာရုံစူးစိုက်မှုကလည်း မတူပါဘူး။ စစ်တမ်းကောက်ယူမှုများအရ စမတ်ဖုန်း အသုံးပြုမှုဟာ အသက် ၁၈ ကနေ ၂၄ အရွယ်၏ ၈၀ ရာခိုင်နှုန်းခန့် အသုံးပြုကြပြီး နှိုင်းယှဥ်ပြောရလျှင် ၆၅ နှစ်အထက်အရွယ်၏ ၁၀ ရာခိုင်နှုန်းသာ အ သုံးပြုတာကိုတွေ့ရပါတယ်။

အင်တာနက်က ကျွနိုပ်တို့ကို အမြဲအာရုံပျံ့လွှင့်နေတဲ့ အခြေအနေ​တွေထဲမှာ ပိတ်မိစေနိုင်ပါတယ်

သင့်ရဲ့ဖုန်းကို တစ်နေ့ကို ဘယ်နှစ်ကြိမ် စစ်ဆေးလေ့ ရှိပါသလဲ ။

၂၀၁၆ ခုနှစ်လေ့လာမှုတစ်ခုအရ စမတ်ဖုန်းအသုံးပြုတဲ့သူတစ်ယောက် ဟာ တစ်ရက်ကို ပျမ်းမျှအားဖြင့် ထိခြင်း၊ ပွတ်ခြင်း၊ နှိပ်ခြင်း လိုမျိုး ထိတွေ့မှု အကြိမ်ရေ ၂၆၀၀ ထက််မနည်း စစ်ဆေးအသုံးပြုတာကို တွေ့ရပါတယ်။

ဒါဟာ တစ်နှစ်ကို သန်းချီထိ ဖြစ်နိုင်ပြီး ဒီပစ္စည်းတွေအပေါ် ပိုမိုမှီခိုလာသည်နှင့်အမျှ အရေအတွက်ကလည်း တိုးလာဖွယ်ရှိပါတယ်။

၂၀၁၅ရဲ့ အင်တာဗျူးတစ်ခုတွင် The Shallows: What The Internet Is Doing To Our Brains ၏ စာရေးဆရာ Nicholas Carr က အင်တာနတ်စွဲလမ်းစေတဲ့အလေ့အကျင့်ဟာ အမြဲအာရုံပျံ့လွှင့်ခြင်း နှင့် အဆက်အ​ပြတ် စိတ်အနှောက်အယှက်ပေးခြင်းတို့ဖြစ်နိုင်သော်လည်း

လက်ချောင်းထိပ်လေးဖြင့် ထိလိုက်ရုံဖြင့် အကန့်အသတ်မရှိတဲ့ သတင်းအချက်အလက်များကို လူများတွေကို ပေးနိုင်တာတွေ့ရပါတယ်။

သင်ဟာ စိတ်အာရုံပျံလွှင့်နေတဲ့ အခြေအနေမှာရှိနေမယ်ဆိုလျှင် လူသားတွေရဲ့ ထိုးထွင်းသိမြင်မှုနှင့် တီထွင်ဖန်တီးမှုတို့ရဲ့ အနက်ရှိုင်းဆုံးအရင်းအမြစ်တွေကို သင်ဘယ်တော့မှသိရှိမှာမဟုတ်ပါဘူး လို့ စာရေးဆရာ Nicholas Carr မှ သတိပေးပြောဆိုခဲ့ပါတယ်။

အင်တာနက် က ကျွနိုပ်တို့ရဲ့ရေရှည်မှတ်ဉာဏ်ကို ဆိုးဝါးစေပါတယ်

အင်တာနက်ကို အဆက်မပြတ်ကြည့်ခြင်း၊ နှိပ်ခြင်းနှင့် အသုံးပြုခြင်းဟာ လူတစ်ဦးရဲ့ အချက်အလက်များ ထိန်းသိမ်းခြင်းနှင့် မှတ်မိနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

Nicholas Carr က သင့်ရဲ့ သိစိတ် ဒါမှမဟုတ် working memory ကနေ ရေရှည်မှတ်ဉာဏ် ထဲသို့ သတင်းအချက်အလက်များကူးပြောင်းဖို့ အတွက် အာရုံစိုက်မှုအပေါ်မှာ မူတည်တဲ့ မှတ်ဉာဏ်စုစည်းမှု ဖြစ်စဥ် တစ်ခုလိုအပ်လို့ ရှင်းပြပါတယ်။

သင်ဟာ အာရုံစူးစိုက်မှုမရှိဘဲ အမြဲအာရုံပျံ့လွှင့်နေတဲ့အချိန်မှာ သတင်းအသစ်တွေကို ရယူနေတယ်ဆိုရင် သင့်ရဲ့ သိစိတ်က သတင်းအချက်အလက်တွေကို အပြင်ကို တွန်းပို့နေမှာဘဲ ဖြစ်ပါတယ်။

သိပ္ပံနည်းကျအမေရိကန်က ထုတ်ဝေသော ၂၀၁၁ ခုနှစ် လေ့လာမှုတစ်ခုတွင် Carr ၏အတွေးများကို ထောက်ခံခဲ့တာကို တွေ့ရပါတယ်။

သုတေသီများက နောင်တစ်ချိန်မှာ ကျွနိုပ်တို့ဟာ Google ကနေ သတင်းအချက်တွေကို အလွယ်တကူရရှိတာကို သိရှိ ကထဲက ဘာသာရပ်ဆိုင်ရာ သတင်းအချက်တွေကို နည်းနည်းနဲ့ မှတ်မိနိုင်စေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

တစ်နည်းအားဖြင့်ဆိုရသော် အင်တာနက်အသုံးပြုတာဟာ ပျင်းရိသောစိတ်ကို အားပေးအားမြှောက် ပြုတာကို တွေ့ရပါတယ်။

အင်တာနတ် အသုံးပြုခြင်းဟာ ကျွနိုပ်တို့ကို ပိုမိုအဆက်အသွယ်​တွေ မပြတ်အောင် ပြုလုပ်ပေးသော်လည်း တစ်ခါတစ်လေမှာ လုံးဝကိုအထီးကျန်စေနိုင်ပါတယ်

လူမှုဆက်ဆံရေးနှင့် ပတ်သက်၍ အင်တာနက်ဟာ သုံးစွဲသူများကို ယခင်ကထက် ပိုမို၍ ဆက်သွယ်မှုရစေပြီး၊ ယခင်ကထက် တစ်ယောက်နှင့်တစ်ယောက်ပိုမိုဝေးကွာစေနိုင်ကြောင်း ပါမောက္ခ Fritz Nordengreကမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

ပထမတစ်ချက်အနေနဲ့ လူမှုကွန်ယက်များပေါ်တွင် သူငယ်ချင်းများစွာ သို့မဟုတ် အဆက်အသွယ်များစွာရှိခြင်းဟာ ကြီးမားတဲ့ ဆက်ဆံရေးရှိခြင်း ဆိုလိုပါတယ်။

သို့သော်လည်း အီလက်ထရောနစ် လူမှုအသိုင်းအဝိုင်းရဲ့ အားနည်းချက်ကိုလည်း တွေ့ကြုံရနိုင်ပါတယ်၊

မကြာသေးမှီက ပြုလုပ်ခဲ့တဲ့ ပါတီ သို့မဟုတ် နေ့လည်စာ ထမင်းဝိုင်းမှာ တခြားဧည့်သည်တွေဟာ သူတို့ရဲ့ ဒီဂျစ်တယ်ကိရိယာတွေကိုဘဲ အသုံးပြုပြီး တခြားသူတွေကို message ပို့နေကြတာကိုတွေ့ရပါတယ်။

တစ်ဦးနှင့် တစ်ဦး ချိတ်ဆက်ပြောဆိုမှုများဟာ ဒီဂျစ်တယ်ဆက်သွယ်မှုများကြောင့် ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။

လေ့လာတွေ့ရှိချက်များအရ အင်တာနတ်သုံးစွဲတာများလေလေ ၊ မိသားစု သူငယ်ချင်းတွေနဲ့ ရုပ်ပိုင်းဆိုင်ရာကော ၊ ဖုန်းကတဆင့်​ကော ဆက်သွယ်တာနည်းလေလေဖြစ်ပြီး နောက်ဆုံး လူမှုအသိုင်းအဝိုင်းက ကျဥ်းလာလေးဖြစ်ပြီး စိတ်ဓာတ်ကျ ခြင်းတွေကို ခံစားရစေနိုင်ပါတယ်။

အင်တာနက်အသုံးပြုခြင်းဟာ ကျွန်ုပ်တို့ စာနာမှုကို လျော့နည်းစေပါတယ်

ဒီသီအိုရီကို ကျောထောက်နောက်ခံပြုဖို့ အချက်အလက်များရှိသော်လည်း သင်ဟာ လူသားမဆန်မှုတွေရဲ့ မကြာခဏ ပုတ်ခတ်မှုတွေကို သင်ကိုယ်တိုင်သိရှိဖို့ အင်တာနက်ပေါ် နာရီအနည်းငယ်ကြာအောင် နေပြီး လေ့လာဖို့ လိုအပ်ပါတယ်။

Nicholas Carr ၏အဆိုအရ ဒါဟာ ပိုမိုဆိုးရွားလာမှုအတွက် တာဝန်ရှိပါတယ်၊ ဒီလူသားခြင်းစာနာမှုမျိုးဟာ အဆက်မပြတ် အာရုံပျံ့လွင့်ခြင်း နဲ့ အနှောင့်အယှက်ဖြစ်စေတယ် ဆိုတာကို ညွှန်ပြနေတဲ့ အချက်အချို့ရှိတယ်လို့ ထင်ပါတယ်။

အာရုံစူးစိုက်မှုရှိ​ခြင်းဟာ နက်ရှိုင်းသော အတွေးများကို ပို့ဆောင်ပေးရုံသာမက တခြားသူများနှင့်လည်း နက်ရှိုင်းတဲ့ ဆက်ဆံရေးရရှိစေနိုင်တာကိုလည်းတွေ့ရပါတယ်။

စာရေးဆရာ Nicholas Carr က The Shadow စာအုပ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုက ကျွနိုပ်တို့ပိုပြီး အာရုံပျံ့နှံ့လာသည်နှင့်အမျှ ကျွနိုပ်တို့အတွေးအခေါ်က အနှောက်အယှက်ပိုများလာပြီး ကျွနိုပ်တို့ဟာ စာနာမှုကို ခံစားရနိုင်စွမ်း နည်းလာတာကိုတွေ့ရပါတယ်။

အင်တာနက်အသုံးပြုခြင်းဟာ ထက်မြက်စေနိုင်သလား ဒါမှမဟုတ် ထုံထိုင်းစေနိုင်သလား

လူတွေရဲ့ဦးနှောက် သည် neuroplastic ဟုခေါ်သော အသုံးအနှုန်းဖြစ်ပြီး ”ဘဝတစ်လျှောက်လုံး အာရုံကြော ဆက်သွယ်မှုအသစ်များ ဖွဲ့စည်းခြင်းအားဖြင့် သူ့ကိုယ်သူ ပြန်လည်ဖွဲ့စည်းရန်စွမ်းရည်” ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဦးနှောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ၍ လိုက်လျောညီထွေစွာ နေနိုင်ပါတယ်။ ဦးနှောက်ရဲ့ပျော့ပျောင်းမှုဟာ အပြုသဘော နှင့် အပြက်သဘောဆောင်တဲ့ ရလဒ် နှစ်ခုလုံးကို ရနိုင်ပါတယ်။

Nicholas Carr က ဦး နှောက်ရဲ့ပြောင်းလဲမှုဟာ အကောင်းဘက်သို့အမြဲပြောင်းလဲနေတယ် ဟုယူဆဖို့ အန္တရာယ်ရှိတယ်လို့ ထင်ပါတယ်။

လူတော်တော်များများက သူတို့ရဲ့ ဦးနှောက်ကိုပြုပြင်ပြောင်းလဲနိုင်ရင် ကောင်းလိမ့်မယ် ဟု ယူဆကြပါတယ်။

ဒါဆိုရင် ကျွနိုပ်တို့ဦးနှောက်က သတင်းစီးဆင်းမှု နှင့် လိုက်လျောညီထွေ ဖြစ်ပြီး အားလုံးကောင်းသွားမယ်ဟု ထင်နေကြတာဘဲဖြစ်ပါတယ်။

ဒါပေမယ့် neuroplasticity အကြောင်း သင်နားလည်ရမယ့် အချက်ကတော့ လိုက်လျောညီထွေ ပြောင်းလဲမှု ဖြစ်စဉ်က သင့်ကို ပိုကောင်းတဲ့ တွေးခေါ်ရှင် တစ်ယောက် ဖြစ်စေမှာ မဟုတ်ပါဘူး ။

ဒါဟာသင့်ရဲ့အတွေးအခေါ်တွေကို နိမ့်ကျစေမှာဘဲ ဖြစ်ပါတယ်။ ဒါဟာ ကျွနိုပ်တို့ကို ထက်မြတ်စေနိုင်သလို ၊ ဒါမှမဟုတ် ကျွနိုပ်တို့ကို ထုံထိုင်းစေနိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေခြင်း ဖြစ်တယ်။

Smarter Than You Think ရဲ့ စာရေးဆရာ Clive Thompson က အင်တာနတ်က လူသားတွေရဲ့ အသိဥာဏ်ပညာကို ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲဆိုတာ အနည်းငယ် အကောင်းမြင်ပေးတာကို တွေ့ရပါတယ်။

၂၀၁၄ ခုနှစ် ideaFestival တွင် Clive Thompson ရဲ့ပြောကြားချက်အရ အင်တာနက်က ပြသာနာများကို ဖြေရှင်းခြင်းနှင့် နယ်နမိတ်အသစ်ရှာဖွေခြင်း တို့တွင် ချိတ်ဆက်တွေးခေါ်ပုံရဲ့ အရေးကြီးပုံကို ပြောကြားခဲ့တယ်။

အခြေခံအားဖြင့် Clive Thompson ဟာ အသိပညာ ဗဟုသုတတွေဟာ လူစုလူဝေးကနေ ရရှိတယ်လို့ ယုံကြည်နေပါတယ်။

အင်တာနက် က အရေးကြီးတဲ့အရာတွေကို ရှုပ်ထွေးစေပါတယ်

၂၄ နာရီ သတင်းစက်ဝန်း၏ သဘောသဘာဝအရ တစ်ခါတစ်ရံအင်တာနက်က လူတစ် ဦး ၏အမြင်ကို အပျက်သဘောဆောင်စေနိုင်ပါတယ် ။

Nicholas Carr က ဒီ အဆက်မပြတ်လွှမ်းမိုးနေသော အကြောင်းအရာများဟာ လူတွေရဲ့ သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်စီစစ်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ ထင်ပုံရပါတယ်။

သူက မှတ်ဥာဏ်ထိန်းချုပ်မှုဆုံးရှုံးနိုင်တဲ့ လေ့လာမှုတွေရှိတာကို တွေ့ခဲ့ရပါတယ်၊ အာရုံစူးစိုက်မှုဆုံးရှုံးရုံတင် မကပါဘူး ၊ ကျွနိုပ်တို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ကျွနိုပ်တို့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကိုလည်း ဆုံးရှုံးနိုင်တာကို တွေ့ရပါတယ်။

စတန်းဖို့ဒ် မှ သုတေသီတစ်ဦး ထောက်ပြသည်မှာ ကျွနိုပ်တို့ဟာ နည်းပညာတွေနဲ့ နေသားတကျ ဖြစ်လာပြီး ထိုမှတဆင့် သတင်းအချက်များ အဆက်မပြတ်စီးဆင်းလာခြင်းဟာ ကျွနိုပ်တို့ အာရုံစိုက်ရမည့် အရေးကြီးတဲ့အရာတွေကို နားလည်နိုင်စွမ်းလျော့ကျသွားကို တွေ့ရပါတယ်။

အဲ့ဒီအစား ကျွနိုပ်တို့ရဲ့စိတ်က အရေးကြီးတာထက် အသစ်အဆန်းတွေက ပိုမိုစွဲဆောင်နေတာကို တွေ့ရပါတယ်။

အင်တာနက်က ကျွနိုပ်တို့ကို စာပေလေ့လာမှုအား နည်းပါးစေတယ်

Web ဟု လူသိများတဲ့ World Wide Web တွင် စာမျက်နှာပေါင်း သန်းထောင်ချီ ပါဝင်ပါတယ်။

အင်တာနက်အသုံးပြုသူတွေဟာ ယခင်ကထက်စာရင် စာဖြင့်ရေးထားသော သတင်းအချက်တွေကို ပိုမိုစုပ်ယူနိုင်ယူစွမ်းရှိသော်လည်း ဘယ်လောက် ရှည်လျားတဲ့ ရေးသားတဲ့ပုံပေါ် မူတည်တာကိုတွေ့ရပါတယ်။

အင်တာနက်အသုံးပြုမှု တိုးမြှင့်လာတာနဲ့အမျှ စာအုပ်ကောင်းဖတ်တဲ့ လူတွေရဲ့ စွမ်းရည် လျော့ကျပျောက်ကွယ်သွားနိုင်မလား။

လူမှုရေးဆော့ဝဲကျွမ်းကျင်ပညာရှင် Clay Shirky က လူတွေ ပိုပိုပြီးစာဖတ်နေပေမယ့် “စာပေယဉ်ကျေးမှု” ကခြိမ်းခြောက်မှုခံနေရတယ် ဟုပြောပါတယ်။

လွန်ခဲ့သော အချိန်အနည်းငယ်က စာပေယဥ်ကျေးမှု ရဲ့ စစ်မှန်တဲ့ ဗဟိုချက်မကို ဆုံးရှုံးလိုက်ရသဖြင့် စာပေလောကဟာ ယခုအခါ ယဥ် ကျေးမှုဆိုင်ရာ စံနှုန်းများကို ဆုပ်ကိုင်ထားနိုင်မှုဟာလည်း ဆုတ်ယုတ်လာတာကိုလည်း တွေ့ရပါတယ်။

သိပ္ပံနဲ့သမိုင်းပညာရှင် George Dyson ကလည်း ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို တွန်းပို့နေခြင်းဟာ လူသားတွေ အသိဥာဏ်ပညာ နှင့် ဆက်ဆံရေးတို့မှာ ဆုတ်ယုတ်လာကြောင်း ပြောကြားခဲ့ပါတယ်၊၊

အင်တာနက်က ကျွနိုပ်တို့ကို ပန်ကိတ်လူသား (အရာရာကို အင်တာနက်ကိုသာ အားကိုးသူ) အဖြစ်ပြောင်းလဲစေနိုင်ပါတယ်

အင်တာနက်ကို ကမ္ဘာပေါ်ရှိ လူသားတိုင်း မသုံးသေးသော်လည်း ကမ္ဘာပေါ်ရှိလူသားအားလုံးကို ထိန်းချုပ်သည့်တစ်ခုထည်းသော စိတ်တစ်ခု ထဲသို့ ချိတ်ဆက်ဖို့ စိတ်ကိုနှိုးဆော်နိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။

အချို့ကိစ္စ​တွေမှာ ဒီအပြန်အလှန်ဆက်သွယ်မှုသည်း အပြုသဘောဆောင်နိုင်ပြီး လူများအား အသိပညာအသစ်များ နှင့်ရှုထောင့်များကို ပြသနိုင်တာတွေ့ရပါတယ်။

သို့သော်လည်း ပြဇာတ်ရေးဆရာ Richard Foreman ဟာ ဒီ ဒစ်ဂျစ်တယ် အသိအမြင်ကျယ်ပြန့်လာခြင်း၏ အကျိုးသက်ရောက်မှုကိုမေးခွန်းထုတ်ခဲ့ပါတယ်။

ကျွနိုပ်တို့ဟာပန်ကိတ်လူသားတွေဖြစ်သလား- ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် ရရှိနိုင်တဲ့ ကျယ်ပြန့်တဲ့သတင်းအချက်အလက်ကွန်ယက်နှင့်ချိတ်ဆက် ရရှိနိုင်သော်လည်း အသိဥာဏ်ပညာမရှိသောကြောင့်ဘဲ ဖြစ်ပါတယ်။

အင်တာနက်ဟာ ကျွနိုပ်တို့ အထီးကျန် စဥ်းစားဆင်ခြင်ခြင်းရဲ့အရေးပါမှုကို တန်ဖိုး​ဖြတ်ခြင်းဘဲ ဖြစ်ပါတယ်

အင်တာနက်ဟာ အထီးကျန်ခြင်းအတွက်အကောင်းဆုံးကုထုံးတစ်ခု ဖြစ်နိုင်သော်လည်း ၎င်းက လူတွေကို သူတို့ရဲ့ ဖျော်ဖြေမှုဖြင့် ကိုယ်ပိုင်အ​ဖော်ပြုပြီး အချိန်ကုန်သက်သာအောင်လဲ အားပေးတာကိုတွေ့ရပါတယ်။

ဘာကြောင့် အင်တာနက်က အရေးကြီးတာလဲ

အောက်စဖို့ဒ်တက္ကသိုလ် မှ သုတေသီ Baroness Greenfield ကအင်တာနက်ဟာ အသိပညာ၊ စိတ်ကူးစိတ်သန်းတွေးခေါ်မှု၊ ဆင်ခြင်သုံးသပ်မှု နှင့် ဆင်ခြင်တွေးခေါ်မှု တည်ဆောက်ခြင်း တို့ကိုဖြစ်စေတယ် ဟုယူဆပါတယ်။

အင်တာနက်က ကျွနိုပ်တို့ကို ကျယ်ကျယ်ပြန့်ပြန့်တွေးနိုင်အောင် အားပေးပါတယ်

ပိုကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ ၊ လူတွေဟာ အင်တာနတ်ကို ဒစ်ဂျစ်တယ်အသံချဲ့စက်က သူတို့ရဲ့ဦးနှောက် ထိသည်အထိ အသုံးပြုကြပါတယ်။

Clive Thompson က သူရဲ့ Ideasfestတွင် ဟောပြောချက်အရ ဒီ ဖြစ်စဥ်ကိုအင်တာနက်ပေါ်တွင် ထူးခြားသောလမ်းကြောင်းတစ်ခုအ​​ဖြစ် လူထုအမြင်ကို ပြောကြားခဲ့ပါတယ်။

နေ့စဉ် အွန်လိုင်းတွင် ရေးသားသော ခန့်မှန်းခြေ စကားလုံးပေါင်း ၃ ထရီလျံ ရှိပြီး ဒါဟာ အင်တာနက်သည် လူတိုင်းကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ စာရေးဆရာဖြစ်စေတာကို တွေ့ရပါတယ်။

အင်တာနက်သည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်အသိအမြင်ကို မြှင့်တင်ပေးပါတယ်

ပတ်ဝန်းကျင်အသိအမြင်ဆိုတာ အင်တာနက်ရဲ့ အထူးဖြစ်စဥ်ထဲပါဝင်သော ”သူတစ်ပါး၏ လုပ်ဆောင်ချက်များ ၊ အတွေးအခေါ်များနှင့်အတွေ့အကြုံများကို သူတို့အနီးတွင်ရှိနေရန်မလိုဘဲ နှင့် ထိုကဲ့သို့သောအချက်အလက်များအားတောင်းခံခြင်းမရှိဘဲ ” သိရှိခြင်းဖြစ်ပါတယ်။

လူတစ်ယောက်ဟာ status upgrade တွေဖတ်တိုင်း ၊ ဆယ်ဖီပုံတွေ​ကြည့်တိုင်း ​၊ vlog ဗီဒီယိုတွေကြည့်တိုင်း သူတို့ဟာ ပတ်ဝန်းကျင်ရဲ့ အသိအမြင်တွေ တိုးပွားစေတာကို တွေ့ရပါတယ်။

Clive Thompson က“ငါတို့က ကိုယ်ဟန် အမူအရာနဲ့ စကားပရိယာယ် ကောက်တာနဲ့တူတယ် ၊ ဒီ post လေးတွေက ငါတို့ သူငယ်ချင်းမိတ်ဆွေတွေ ဘယ်လိုခံစားနေရလဲဆိုတာ နားလည်အောင် ကူညီပေးတယ် ” ဟုပြောခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.