ခွေးတကောင်ရှိထားခြင်းဟာ အသက်ရှည်စေနိုင်သည့် အကြောင်း

Knowledge Pets

သင်ဟာ ခွေးတကောင် မွေးဖို့ စဉ်းစားနေတယ်ဆိုရင် အဲဒီ့ ဆုံးဖြတ်ချက် ခိုင်မာဖို့ သိပ္ပံနည်းကျ အကြောင်းပြချက်တွေ ရှိပါတယ်။

ခွေးတကောင်ကို ပိုင်ဆိုင်ထားခြင်းဟာ သင့်ကျန်းမာရေးအတွက် အလွန်ကို ကောင်းပါတယ်။

၂၀၁၇ နှစ် Scientific Reports တွင် ဖော်ပြခဲ့သည့် ဆွီဒင်မှ လေ့လာမှု တခုအရ ခွေးမွေးထားသူများမှာ တခြားသူများထက် သေဆုံးနိုင်ခြေ လျှော့ချနိုင်တယ် ဆိုတာကို တွေ့ရှိရပါတယ်။

ရရှိမည့် အကျိုးကျေးဇူးများမှာ တစ်ယောက်ထဲ နေထိုင်သည့် သူများတွင် သိသိသာသာ သက်ရောက်မှု အရှိဆုံးဖြစ်တယ်လို့ သိရပါတယ်။

တစ်ယောက်ထဲ နေထိုင်သည့် လူတယောက်ဟာ ခွေးမွေးထားပါက မမွေးထားသူထက် သေဆုံးမှု အန္တရာယ်မှ ၃၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး နှလုံး နှင့်ဆိုင်သည့် ပြသနာကို ၁၁ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်တယ် လို့ သိရပါတယ်။

တကယ်လို့ သင်ဟာ တယောက်ထဲ နေထိုင်သူမဟုတ်ရင်လည်း ခွေးတကောင်ရှိနေခြင်းဟာ တအိမ်လုံးကို အကျိုးရှိစေပါတယ်။

လူဦးရေများသည့် အိမ်ထောင်စုများတွင် ခွေးတကောင်ရှိခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေကို ၁၁ ရာခိုင်နှုန်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံး နိုင်ခြေကို ၁၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း Fox8 သတင်း တွင် ဖော်ပြခဲ့ပါတယ်။

သုတေသီများဟာ ခွေးမျိုးစိတ်အားလုံး အတွက် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို တွေ့ရှိခဲ့သော်လည်း Retrivers များ၊ Terrier များနှင့် အနံ့ခံ Hound ခွေးများကဲ့သို့ ခွေးပိုင်ရှင်များတွင်တော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ အနိမ့်ဆုံးနှုန်းကို တွေ့ရှိခဲ့ရပါတယ်။

ဤရလဒ်များနှင့် ပတ်သက်ပြီး အဓိက သတိပေးချက်မှာ ခွေးတကောင်ကို ရရှိခြင်းဟာ သင့်အား ကျန်းမာသန်စွမ်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးသည်ဟု တိုက်ရိုက် သက်သေပြနိုင်ခြင်းမရှိပါဘူး။

ခွေးမွေးသူများဟာ နှလုံး သွေးကြောဆိုင်ရာ ရောဂါများနှင့် ဆက်စပ်သည့် သေဆုံးမှု နှုန်း နည်းပါးလေ့ ရှိတယ်ဆိုတာသာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

စာရေးသူ အမြင်ကတော့ ခွေးပိုင်ရှင်များဟာ မိမိခွေးနှင့် ပတ်သက်ပြီး ပျော်ရွှင်ရခြင်း၊ ခွေးနှင့်အတူ လမ်းလျှောက်ထွက်ခြင်း၊ လေ့ကျင့်ပေးခြင်း စသည့် ကိစ္စများ လုပ်ဆောင်ရသည့်အတွက် ကျန်းမာရေး ပိုမို ကောင်းလာစေတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သင်ဟာ ခွေးတကောင်ပိုင်ဆိုင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒါဟာ သင့်ကို အသက်ရှည်စေမယ့် ဆုံးဖြတ်ချက်တခုဆိုတာ သိထားလိုက်ပါ။

ခွေးတကောင် ပိုင်ဆိုင်ခြင်းဖြင့် ရရှိနိုင်သည့် အခြား ကျေးဇူး များစွာ ရှိနေပါတယ်။

ခွေးတစ်ကောင်မှ ရရှိသော မေတ္တာနှင့် အပြန်အလှန် ဆက်ဆံခြင်းသည် လူတွေကို အကောင်းမြင်ရန် ကူညီနိုင်ပါတယ်။

ဒီ အကြောင်းကို “ခွေးပိုင်ရှင် ဖြစ်ခြင်း၏ သိပ္ပံနည်းကျ အကျိုးကျေးဇူး ၁၀ ချက်” တွင် ဖတ်ရှုနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *