သိပ္ပံပညာရှင်တွေဟာ လပေါ် အခြေချ နေထိုင်မှုများ အတွက် တန်ဖိုး မဖြတ်နိုင်သော လကျောက်ဆောင်များမှ အောက်ဆီဂျင်ကို ထုတ်ယူသည့် နည်းလမ်းကို စမ်းသပ်ခြင်းဖြင့် “လပေါ် အောက်ဆီဂျင်စက်ရုံ” ရှေ့ပြေးပုံစံ ကို ဖန်တီး လိုက်ပြီပဲ ဖြစ်ပါတယ်။
ဥရောပ အာကာသ အေဂျင်စီဟာ နယ်သာလန်တွင် စမ်းသပ်နေသော “အောက်ဆီဂျင်စက်ရုံ” ကို ဖန်တီးပြီး လဖုန်မှုန့်များ အ တွင်း ပိတ်မိနေသော အောက်ဆီဂျင်ကို ထုတ်ယူနိုင်ခဲ့ပါတယ်။
အဆိုပါ လုပ်ငန်းစဉ်ဟာ လကမ္ဘာမြေဆီလွှာတွင် အောက်ဆီဂျင် ၉၆ ရာခိုင်နှုန်းအထိ ထုတ်ယူနိုင်ရုံသာမက လ၊ အင်္ဂါဂြိုဟ်တို့ကို စွန့်စားမည့် အနာဂတ် အဖွဲ့သားများရဲ့ မစ်ရှင်များအတွက် အဖိုးတန်မည့် သတ္တုများကိုလည်း ထုတ်ယူနိုင်မှာ ဖြစ်တယ်ဟု ဆိုပါတယ်။
လပေါ်ရှိ အောက်ဆီဂျင်
Apollo မစ်ရှင်များအတွင်း ကမ္ဘာသို့ပြန်လာသော လကျောက်နမူနာများကို အခြေခံပြီး လရဲ့ အပေါ်ယံ မြေလွှာ သို့မဟုတ် regolith တွင် အလေးချိန်အားဖြင့် အောက်ဆီဂျင် ၄၀ မှ ၄၅ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း သိပ္ပံပညာရှင်များက သိရှိကြပါတယ်။

၎င်းက လမျက်နှာပြင်ပေါ်တွင် အောက်ဆီဂျင် အပေါများဆုံး ဒြပ်စင် ဖြစ်လာပေမယ့် ထုတ်ယူရ ခက်ခဲတယ်ဟု ဆိုပါတယ်။
“လပေါ်ရှိ အရင်းအမြစ်များမှ အောက်ဆီဂျင်ကို ရရှိနိုင်ခြင်းဟာ အသက်ရှုခြင်းနှင့် ဒေသဆိုင်ရာ ဒုံးပျံလောင်စာများ ထုတ် လုပ်ခြင်းအတွက်ရော အနာဂတ် လပေါ်ရှိ အခြေချနေထိုင်သူများအတွက် သိသိသာသာ အသုံးဝင်လိမ့်မည်” ဟု စီမံကိန်း တွင် ပါဝင်သည့် ဂလပ်စကို တက္ကသိုလ်မှ သုတေသီ Beth Lomax က ပြောကြားခဲ့ပါတယ်။
အသက်ရှူနိုင်သော အောက်ဆီဂျင်ရဲ့ အရေးပါမှုကို ကျွန်ုပ်တို့အားလုံး သိကြသော်လည်း အရည်ပုံစံ အောက်ဆီဂျင်ကို ဒုံးပျံအများအပြားတွင် တွန်းအားပေးအဖြစ်လည်း အသုံးပြုကြပါတယ်။
ထို့ကြောင့် လမှ အောက်ဆီဂျင်ကို တိုက်ရိုက် ယူဆောင်ခြင်းဟာ အနာဂတ်မစ်ရှင်များတွင် ၎င်းတို့ရဲ့ ဒုံးပျံများအတွက် လေး လံ သော လောင်စာ အရည် အမြောက်အမြား အသုံးပြုစရာ မလိုတော့ပါဘူး။
ဒါ့ကြောင့် ကျွန်ုပ်တို့ဟာ အင်္ဂါဂြိုဟ်နှင့် ထိုထက် ဝေးလံသော အာကာသ မစ်ရှင်များရဲ့ ကုန်ကျစရိတ် များကို သိသိ သာသာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အောက်ဆီဂျင်အရည်ဟာ ကမ္ဘာတဝှမ်းရှိ ဂြိုလ်တုများကို ထိန်းသိမ်းဖို့အတွက်လည်း အလွန်အသုံးဝင်ပါတယ်။
Lomax နှင့် Planetary and Space Science ဂျာနယ်မှ အခြားသော သုတေသီများ ထုတ်ဝေသည့် စာတမ်းအရ၊ လပေါ် မှ အောက်ဆီဂျင်အရည်များကို ကမ္ဘာပတ်လမ်းကြောင်းရှိ ဂြိုဟ်တုများထံ ပို့ဆောင်ရာတွင် ကမ္ဘာမြေပြင်မှ အောက်ဆီဂျင်ကို လွှတ်တင်ခြင်းထက် စွမ်းအင်ပိုသက်သာစေတယ်ဟု ဆိုထားပါတယ်။
သို့သော် လကျောက်ဆောင်များမှ အောက်ဆီဂျင်ကို ထုတ်ယူခြင်းဆိုင်ရာ ပြဿနာမှာ ၎င်းကို ဓာတု ဒြပ်ပေါင်းများမှ တဆင့် ၎င်းကို ထုတ်ယူဖို့ စွမ်းအင်လိုအပ်ပါတယ်။
ဒါ့ကြောင့် လ အပေါ်ယံအလွှာ ရှိ အခြားဒြပ်စင်များနှင့် အောက်ဆီဂျင်ကို ခွဲထုတ်ဖို့ အထူးနည်းလမ်းများကို ပြင်ဆင် နေကြတယ်ဟု ဆိုပါတယ်။
ကျောက်ဆောင်များကို ခွဲထုတ်ခြင်း

သုတေသီများက Faux Moon ကျောက်ဆောင်ရှိ အခြားသော အစိတ်အပိုင်းများနှင့် အောက်ဆီဂျင်ကို ခွဲထုတ်ဖို့အတွက် ဆားဓာတ်ကို အရည်ပျော်စေသည့် ဓာတ်ခွဲနည်းကို အသုံးပြုကြပါတယ်။
သုတေသီများက နာရီ ၅၀ အတွင်း ၎င်းတို့ရဲ့ ကွန်ပျူတာဖြင့် ဖန်တီးထားသည့် လကျောက်ဆောင် ပုံစံ များမှ အောက်ဆီဂျင် ၉၆ ရာခိုင်နှုန်းကို ထုတ်ယူနိုင်ခဲ့ကြောင်း သုတေသီများက အစီရင်ခံခဲ့ပါတယ်။
တနည်းအားဖြင့် ၎င်းတို့ဟာ ပထမ ၁၅ နာရီအတွင်း အောက်ဆီဂျင် ၇၅ ရာခိုင်နှုန်းကို ထုတ်ယူနိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထုတ်ပြန်တဲ့ သတင်း ထုတ်ပြန်ချက်အရ NASA ရဲ့ Kennedy Space Center မှ သုတေသီ တွေကလည်း လကျောက်ဆောင်များမှ အောက်ဆီဂျင်ကို ထုတ်ယူတဲ့ နည်းပညာကို လုပ်ဆောင်နေကြတယ်ဟု သိရပါတယ်။
ဒါ့ကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ အာကာသမစ်ရှင်များအတွက် အလားအလာကောင်းတဲ့ လုပ်ဆောင်ချက်တွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။