တောင်ဝင်ရိုးစွန်းရှိ အိုဇုန်းလွှာအပေါက်ကြီး အန္တာတိကတိုက်ထက် ပိုကြီးမားလာတဲ့အကြောင်း

Nature Science

တောင်ဝန်ရိုးစွန်းမှာ နှစ်စဥ်ဖြစ်ပေါ်နေသော အိုဇုန်းလွှာပေါက်ခြင်းဟာ ယခုအခါ အန္တာတိကတိုက်ထက် ကြီးမားလာတယ် ဟု ဥရောပအဖွဲ့အစည်း Copernicus Atmosphere Monitoring Service မှ သိပ္ပံပညာရှင်များက ၂၀၂၁ ခုနှစ် စက်တင် ဘာလ တုန်းက ပြောကြားခဲ့ပါတယ်။

အိုဇုန်းလွှာတွေက လျော့ပါးလာပြီး သြဂုတ်လ မှ အောက်တိုဘာလ အထိ ဖြစ်တတ်တဲ့ တောင်ကမ္ဘာခြမ်းရဲ့ နွေဦးရာသီတုန်းက အန္တာတိတ်တွင် အပေါက်တစ်ခုဖြစ်လာပါတယ်။

Copernicus ၏ အဆိုအရ ၎င်းဟာ ပုံမှန်အားဖြင့် စက်တင်ဘာလလယ် နှင့် အောက်တိုဘာလလယ် ကြားတွင် ၎င်း၏ အကြီးဆုံးအရွယ်အစားကို ရောက်ရှိမည် ဟု ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က သိသိသာသာကြီးထွားလာပြီး ၁၉၇၉ ခုနှစ်မှစ၍ ​ပြီးခဲ့တဲ့ နှစ်များအထိ အိုဇုန်းလွှာပေါက်မှုတွေနဲ့ ပတ်သတ်ပြီး အဆင့် သတ်မှတ်ချက်များ တူညီကြပေမဲ့ ယခုအခါ အပေါက်ဟာ ၇၅ ရာခိုင်နှုန်းအထိ ပိုမိုကြီးမားလာတာကို တွေ့ရပါတယ်။

Credit: CNN

အပေါက်ဟာ ယခုအခါ ပိုမိုကြီးမားကျယ်ပြန့်လာကာ တိုက်ကြီးများအပေါ်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Copernicus ညွှန်ကြားရေးမှူး Vincent-Henri Peuch က ”ယခုနှစ်မှာ အိုဇုန်းလွှာနဲ့ ပတ်သတ်ပြီး ရာသီအစထဲက မျှော်မှန်းထားတဲ့အတိုင်း ကြီးထွားကျယ်ပြန့်လာတယ်” ဟုဆိုပါတယ်။

“အခု ကျွန်တော်တို့ရဲ့ခန့်မှန်းချက်တွေအရ ဒီနှစ်အတွင်း ပုံမှန်ထက် ပိုကြီးလာမယ်”ဟုပြောပါတယ်။

Copernicus ရဲ့ အဆိုအရ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းထဲက ထူးထူးခြားခြားစတင်ခဲ့သော်လည်း “ ကျွန်ုပ်တို့၏ ဒေတာမှတ်တမ်းတွင် သက်တမ်းအရှည်ဆုံး အိုဇုန်းတွင်းများထဲမှ တစ်ခုဖြစ်တယ် ” ဟုဆိုပါတယ်။

ကမ္ဘာမြေပြင်အထက် ၉ မိုင် မှ ၂၂ မိုင် အတွင်းတည်ရှိသော အိုဇုန်းလွှာဟာ ကမ္ဘာဂြိုဟ်အား ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပါတယ်။

တောင်ပိုင်းကမ္ဘာခြမ်းရှိ အိုဇုန်းလွှာ အပေါက်ဟာ အများအားဖြင့် အန္တာတိက ဆောင်းရာသီ အတွင်း ဓာတ်ကူပစ္စည်းများ တုံ့ပြန် မှုဖြစ်ပေါ်စေသော ကလိုရင်း နှင့် ဘရိုမင်း ကဲ့သို့ ဓာတုပစ္စည်းများ Stratosphereသို့ ရွှေ့ပြောင်း သွားခြင်းကြောင့် ဖြစ်ပါတယ်။

ဒီအိုဇုန်း အပေါက်ဟာ အန္တာတိကတိုက် ဝန်ရိုးစွန်း လေစိုင်ဝဲ ( polar vortex) နှင့် ကမ္ဘာတစ်ဝှမ်း လှည့်ပတ်နေသော လေ အေး လှိုင်းတစ်ခု နှင့်ဆက်စပ်နေပါတယ်။

နွေဦးအနှောင်းပိုင်းတွင် stratosphere တွင်အပူချိန်မြင့်တက်လာတဲ့အခါ အိုဇုန်းလွှာတွေ လျော့ပါးလာခြင်း၊ ဝန်ရိုးစွန်း လေလှိုင်း (polar vortex) အားပျော့လာခြင်း နှင့်နောက်ဆုံးပြိုကွဲသွားပြီး ဒီဇင်ဘာရောက်လျှင် အိုဇုန်းလွှာတွေဟာ ပုံမှန်အဆင့်ကို ပြန်ရောက်လာပါတယ်။

Copernicus နှင့် NASA ၏အဆိုအရ ”ကလိုရင်းနှင့် ဘရိုမင်းကဲ့သို့ ဓာတုပစ္စည်းများဟာ အိုဇုန်းလွှာကိုပျက်စီးစေပြီး အန္တာတိက ဆောင်း ရာသီတွင် ဖြစ်ပေါ်သော ဝန်ရိုးစွန်း လေစိုင်ဝဲ (polar vortex)မှ ဖန်တီးထားသော လေထု၏ သီး​ခြားဖြစ်တည်မှုကို အဆုံးသတ်စေတယ်” ဟုဆိုပါတယ်။

Copernicus က ကွန်ပျူတာပုံစံငယ် နှင့် ဂြိုလ်တု လေ့လာမှုများဖြင့် အိုဇုန်းလွှာကို စောင့်ကြည့်ပြီး အိုဇုန်းလွှာဟာ ပြန် လည် ကောင်းမွန်သည့် လက္ခဏာများ ပြသနေသော်လည်း Copernicus က ၂၀၆၀ သို့မဟုတ် ၂၀၇၀ အထိ လုံးဝ ပြန်လည် ကောင်းမွန်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ရိုးစွန်း လေစိုင်ဝဲ Polar Votex

၎င်းဟာ အိုဇုန်းလွှာကို ပျက်စီးစေသော chlorofluorocarbons (CFCs) များ ထုတ်လွှတ်ခြင်း၏ သက်ရောက်မှုများကို ကြည့်ဖို့ အချိန်ကြာလိမ့်မည် ဟု ဆိုပါတယ်။

ဓာတုပစ္စည်းများနဲ့ ပတ်သတ်​ပြီး Montreal Protocolမှ ပထမဆုံးစည်းမျဉ်း သတ်မှတ်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ပထမဆုံးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီရဲ့ အဆိုအရ ၎င်းဓာတုပစ္စည်းများကို ၂၀၃၀ တွင် အပြီးသတ် ဖယ်ရှားဖို့ မျှော် လင့်ရတယ် ဟု ဆိုပါတယ်။

Nature ဂျာနယ်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလက ထုတ်ဝေခဲ့သော လေ့လာမှုတစ်ခုအရ CFCs ကို တားမြစ်ခြင်းမရှိလျှင် ကမ္ဘာကြီးဟာ 2.5°C မြင့်တက်လာပြီး အိုဇုန်းလွှာပြိုကွဲ သွားလိမ့်မည် ဟု ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *