ပြင်သစ်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲများအတွင်း ခရီးသည်တွေအတွက် အနည်းဆုံး ပျံသန်းနိုင်သော လမ်းကြောင်းနှစ်ခု ဖန်တီးရန် ပြင်သစ်မြို့တော်အပြင်ဘက်ရှိ စမ်းသပ်နေရာအသစ်တွင် လျှပ်စစ်စွမ်းအင်သုံး လေကြောင်းတက္ကစီတွေကို စတင် စမ်းသပ်တော့မယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။
ပြင်သစ် သယ်ယူပို့ဆောင်ရေးဝန်ကြီး Jean-Baptiste Djebbari က ပါရီမြို့ အနောက်မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ လေယာဉ် ကွင်း၌ ကြာသပတေးနေ့တုန်းက စတင်ဖွင့်လှစ်ခဲ့တဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာ စမ်းသပ်နေရာသစ်ကို တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
“မိတ်ဖက်တွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ စမ်းသပ်နယ်မြေတွေ၊ စည်းမျဉ်းတွေ၊ ဘဏ္ဍာငွေတွေ အားလုံးက အဆင်သင့်ဖြစ်နေပြီး အောင်မြင်မှုအတွက် ပါဝင်ပစ္စည်းအားလုံး ရှိနေပါတယ်။ ကျန်တာကတော့ အဲဒါကို ဖြစ်မြောက်အောင်လုပ်ဖို့ပဲ” လို့ Djebbari က ပြောကြားခဲ့ပါတယ်။

ပထမအိုလံပစ်လမ်းကြောင်းက Paris-Charles de Gaulle နှင့် Le Bourget လေဆိပ်များကြားတွင် ခရီးသည်တွေကို ပို့ဆောင်ပေးမှာဖြစ်ပြီး ဒုတိယတစ်ခုက Parisian ဆင်ခြေဖုံးမြို့နှစ်ခုကို ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။
ထုတ်လုပ်သူ ၃၀ ခန့်က eVTOLs ၏ အစိတ်အပိုင်းအမျိုးမျိုးကို စမ်းသပ်ခဲ့ပြီး သူတို့အတွက် လုံခြုံသော လေဆိပ် အခြေခံ အဆောက်အအုံ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။
Volocopter GmbH၊ Airbus SE၊ Vertical Aerospace Group Ltd နှင့် Lilium NV တို့ ပါဝင်သော လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေကလည်း ပရောဂျက်တွင် ပါဝင်နေပါတယ်။
ပါရီမြို့အနီးရှိ လေယာဉ်ကွင်းတွင် လေယာဉ် ဆင်းသက်ပျံသန်းသည့်နေရာ၊ တက္ကစီလမ်းကြောင်းတွေ၊ ကားရပ်နားရန်နေရာ၊ ဂိုဒေါင် အစီ အစဉ် နှင့် အခြား အရာတွေ ပါ၀င်ရန် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

သွေးအိတ်များနှင့် ကျန်းမာရေးကိရိယာများအပြင် ယာဉ်တိုက်မှုဆန့်ကျင်ရေးနှင့် အားပြန်သွင်းသည့်စနစ်တွေကဲ့သို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ သယ်ဆောင်သည့် ဒရုန်းတစ်စင်းဖြင့် လေဆိပ်တွင် စမ်းသပ်ပျံသန်းနေပြီ ဖြစ်ပါတယ်။
လန်ဒန်နှင့် လော့စ်အိန်ဂျလိစ်တို့ အပါအဝင် မြို့ကြီးတွေအတွက် ပျံသန်းနိုင်သော တက္ကစီအချက်အချာ ၆၅ ခုကို ယခုနှစ် စက်တင်ဘာလတွင် စီစဉ်ထားခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော အင်္ဂလန်ရှိနေရာတစ်ခုကို ပထမဆုံးနေရာ ဖြစ်လာရန် စီစဉ်ထားပါတယ်။
စက်တင်ဘာလတွင် NASA က ကယ်လီဖိုးနီးယား အခြေစိုက် Joby Aviation မှ တည်ဆောက်ထားသော eVTOL လေယာဉ်ကို မြို့မှမြို့တွင်း သယ်ယူပို့ဆောင်ရေး ပုံစံသစ်ကို ဖန်တီးရန် မျှော်လင့်ချက်နှင့် အတူ တရားဝင် စမ်းသပ် ပျံသန်းမှု စတင်ခဲ့ပါတယ်။
Joby က အိုလံပစ်စမ်းသပ်သည့် နေရာအသစ်နှင့် ပတ်သတ်ပြီး ပါရီတွင် လေကြောင်း တက္ကစီတွေကို စမ်းသပ်လျက်ရှိပါတယ်။

eVTOL တွေက ခရီးသည်တွေ၊ ဆေးပညာအထောက်အပံ့တွေနှင့် ကုန်ပစ္စည်းတွေကို လေပိုင်နက်မှတဆင့် နေ့စဉ် သယ်ဆောင်လာနိုင်မှာလား။
သူတို့က ပြင်သစ်အစိုးရနှင့် NASA အတွက် လုံလောက်အောင် ကောင်းတယ်ဆိုရင် ဆက်လက်စမ်းသပ်မှုတွေက လေကြောင်းတက္ကစီတွေကို အနည်းဆုံးတော့ ငွေကြေးတတ်နိုင်တဲ့သူတွေအတွက် ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခု ဖြစ်စေနိုင်ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။