PepsiCo သို့ Tesla ကုမ္ပဏီ ၏ လျှပ်စစ်စွမ်းအင်သုံး ထရပ်ကားများ ယခုနှစ်အတွင်း ရရှိနိုင်ဖွယ်ရှိ

News Tech

Elon Muskက နှောင့်နှေးကြန့်ကြာမှုများရှိလိမ့်မည်ဟု သတိပေးသော်လည်း ၎င်းရဲ့ပထမဆုံး Tesla Semi ထရပ်ကားများကို ယခုနှစ်မှာပဲ ရောက်ရှိသုံးစွဲလာမည်ဟု PepsiCo မှ ပြောကြားခဲ့တဲ့အကြောင်း

PepsiCo က ပထမအသုတ် Tesla Semi ထရပ်ကားများကိုအသုံးပြုပြီး ၂၀၂၁ နှစ်ကုန်ပိုင်းလောက် ပို့ဆောင်​ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကုမ္ပဏီရဲ့ CEO ဖြစ်သူ Ramon Laguarta က ဒါဟာ သယ်ယူပို့ဆောင်ရေး ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း CNBC သို့ ပြောကြားခဲ့ပါတယ်။

Tesla က အဆိုပါ Semi ထရပ်ကားများကို ၂၀၂၂ မှ ဖြန့်ချီနိုင်မည်ဟု ပြောကြားခဲ့ပါတယ်။ အဆိုပါ Semi ထရပ်ကားတွေကို ၂၀၁၇ တုန်းက ရှေးပြေးပုံစံကို ထုတ်ဖော်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

Doritos သို့မဟုတ် Mountain Dew စတဲ့ စားသောက်ကုန်အချိုရည်တွေကို လျှပ်စစ်အပြည့်အဝ Tesla Semi ဖြင့် စတိုးဆိုင်သို့ ပို့ဆောင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Lays မှ Cheetos အထိ အဆာပြေအစားအစာ အချိုရည်များ ထုတ်လုပ်တဲ့ PepsiCo ဟာ ပထမဆုံး ဘက်ထရီစွမ်းအင်သုံး ထရပ်ကားများကို အသုံးပြုပြီး ယခုနှစ်ကုန်မှာ ပို့ဆောင်ဖြန့်ချီနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Tesla ဟာ ၎င်းရဲ့ မော်တော်ယာဉ် မိတ်ဆက်ပွဲအတွက် နောက်ဆုံးသတ်မှတ်ရက် ပျောက်ဆုံးသွားတဲ့ မှတ်တမ်းရှိသော်လည်း Semi ထရပ်ဟာ Elon Musk မျှော်မှန်းထားတာထက် စောလျင်စွာ လမ်းမပေါ်သို့ ရောက်သွားပုံရတယ် ဟုဆိုပါတယ်။

PepsiCo အမှုဆောင်အရာရှိချုပ် Ramon Laguarta က အဆိုပါ ထရပ်ကားတွေဟာ သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်နေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ ကုမ္ပဏီရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း CNBC တွင် တနင်္လာနေ့တုန်းက ထပ်မံပြောကြားခဲ့ပါတယ်။

“သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုအားလုံးရဲ့ 10% ခန့်​ဖြစ်ပါတယ် ၊ ဒါ့ကြောင့် အရေးကြီးတဲ့အတွက် မတူညီတဲ့ ဖြေရှင်းနည်းများဖြင့် ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု Laguarta ကပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်တို့အနေနဲ့ Tesla မှ လျှပ်စစ်ထရပ်ကားများကို စတင်ဝယ်ယူနေပြီ ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး ဘယ်သူ့ကိုမှ မကြော်ငြာချင်သော်လည်း ဒါဟာ ယခုအချိန်အထိ ကျွန်ုပ်တို့အသုံးပြုနေတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ဒီစတုတ္ထသုံးလပတ်မှာ ကျွန်ုပ်တို့ရဲ့ ပထမဆုံး ပို့ဆောင်မှုကို ရရှိနေပြီဖြစ်တယ် ” ဟု Laguarta ကဆိုပါတယ်။

PepsiCo က ထရပ်ကားပွဲဦးထွက်ပြီးနောက် မကြာခင် ၂၀၁၇ နှောင်းပိုင်းလောက်မှာ Tesla Semis အစီးရေ ၁၀၀ အတွက် ကြိုတင်အမှာစာတင်ထားကြောင်း ကြေငြာခဲ့ပါတယ်။

အစပိုင်းတုန်းက Tesla ဟာ ၂၀၂၀လောက် ထရပ်ကားများကို စတင်ပို့ဆောင်ဖို့ စီစဉ်ထားသော်လည်း နောက်ဆုံးရက်မှာ အကြောင်းအမျိုးမျိုးကြောင့် အနည်းငယ် နောက်ကျသွားခဲ့ရပါတယ်။

ဇူလိုင်လတုန်းက Tesla ဟာ ဘက်ထရီရရှိနိုင်မှုအကန့်အသတ် နှင့် အခြားထောက်ပံ့ရေးကွင်းဆက်စိန်ခေါ်မှုများကို လုပ်ဆောင်ဖို့ Semi ထရပ်ကားတွေရဲ့ ဖြန့်ချီမှုကို ၂၀၂၂အထိ ရွှေ့ဖို့ တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၁ တွင် Semi ထရပ်ကား မည်မျှရရှိရန် မျှော်မှန်းထားကြောင်း PepsiCoရဲ့ အီးမေးလ်ဖြင့် ပေးပို့ထားတဲ့ မေးခွန်းများကို ချက်ခြင်း ဖြေကြားခြင်း မရှိဘူး ဟု သိရပါတယ် ။

သို့ပေမယ့် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ အမျိုးအစားကို မသတ်မှတ်ပဲ လျှပ်စစ်ထရပ်ကား ၁၅ စီးကို ယခုနှစ်ကုန်တွင် ပို့ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Semi ထရပ်ကားတွေဟာ $150,000 နှင့် $180,000 ကြား ကုန်ကျမည်ဖြစ်ပြီး သင်္ဘောတင်သူများအနေနဲ့ အချိန်ကြာလာသည်နှင့်အမျှ လောင်စာဆီဖိုး ရာနှင့်ချီ သက်သာစေမည်ဟု ဆိုပါတယ်။

ကုမ္ပဏီဟာ Walmart၊ FedEx နှင့် Anheuser-Busch ကဲ့သို့သော ကုမ္ပဏီကြီးများမှ ကြိုတင်မှာယူနိုင်ဖို့အတွက် ဆွဲဆောင်မှုတွေကို ပြုလုပ်ထားတယ်ဟုလည်း သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *