၂၀၂၁ တုန်းက လူ့အသက်ကယ် ကိုယ်တွင်းအင်္ဂါ အစားထိုး ကုသမှုအနေနဲ့ စုစုပေါင်း ၄၁၀၀၀ ကျော် အစားထိုးကုသမှုကို အမေရိကန်မှာ ပြုလုပ်ခဲ့ပြီး ကျောက်ကပ်၊ အသည်းနှင့်နှလုံး အစားထိုးမှုများကတော့ အများဆုံး ဖြစ်ပါတယ်။
သို့သော်လည်း အလှူရှင်များရဲ့ ကိုယ်တွင်းအင်္ဂါများ ရှားပါးမှုကတော့ ပြဿနာတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေပါတယ်။
လက်ရှိ အမေရိကန်ပြည်ထောင်စုတွင် လူတစ်သိန်းကျော်ဟာ အစားထိုးကုသမှု စောင့်ဆိုင်း စာရင်းတွင် ပါဝင် နေပြီး တင်း ကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် ကိုယ်တွင်းအင်္ဂါရှားပါးမှုကြောင့် ကုသနိုင်ခြင်း မရှိသေးပါဘူး။
Minneapolis ရှိ Miromatrix ဓာတ်ခွဲခန်းမှ အဖွဲ့တစ်ဖွဲ့ဟာဆိုရင် ရာဘာ ပျားလပို့ဘောင်တစ်ခုကဲ့သို့သာ ကျန်ရှိတော့သည့်အထိ တိရစ္ဆာန်ဆဲလ်များကို ကိုယ်တွင်းအင်္ဂါများမှ ဖယ်ရှားသည့် လုပ်ထုံးလုပ်နည်းကို တီထွင်ခဲ့တာဖြစ်ပါတယ်။
ပြီးမှ လူ့အသည်းဆဲလ်များက တရစ္ဆာန် အသည်းအတွင်းသို့ ပြန်လည် စုပ်ယူသွားပြီး နေရာလွတ်များကို ဖြည့်ပေးကာ ကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ငန်း ဆောင်တာများကို ပြန်လည် လုပ်ဆောင် ပေးတာ ဖြစ်ပါတယ်။
သုတေသီတွေက ပြင်ပဓာတ်ခွဲခန်း စမ်းသပ်မှုတစ်ခုကို စတင်ခဲ့ပြီး ၂၀၂၃ မှာ ပထမဆုံးလူသား စမ်းသပ်မှုပြုလုပ်ဖို့ FDA ခွင့်ပြုချက်ရထားတယ်ဟု သိရပါတယ်။
နယူးယောက်ရှိ Mount Sinai ဆေးရုံမှ အစားထိုးကုသမှု ဒေါက်တာ Sander Florman က “အားလုံးက စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းလို့ ထင်ရပေမယ့် တစ်နေရာရာမှာ စတင်ရမှာပဲ” ဟု ဆိုပါတယ်။

Illustration
သို့သော် ကျင့်ဝတ်နှင့် တရားဥပဒေဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများကလည်း အလှူရှင်များရရှိဖို့ ပိုမိုခက်ခဲစေသည့် အပြင် ကွယ်လွန်သူ အလှူရှင်များထံမှ ရရှိသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများကလည်း ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိပါဘူးလို့ ဆိုပါတယ်။
ယခုဆိုရင် မျိုးရိုးဗီဇ ပြုပြင်ထားသော ဝက်များမှ တစ်ရှူး အမျိုးမျိုးကို လူသားများတွင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာလည်း သုတေသီများက မျိုးရိုးဗီဇပြုပြင်ထားသော ဝက်များမှ အင်ဆူလင်ထုတ်လုပ်သော ပန်ကရိယဆဲလ်များကို ဆီးချိုရောဂါရှိသူများထံ အစားထိုးနိုင်ခဲ့ပါတယ်။
တောင်ကိုရီးယားရှိ သုတေသီ အဖွဲ့တစ်ဖွဲ့ကလည်း အစိုးရခွင့်ပြုချက်ရရှိပြီးတာနှင့် ဝက်မျက်ကြည်လွှာကို လူများထံ အစား ထိုးဖို့ အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့ပါတယ်။
Massachusetts General Hospital မှာဆိုရင် သုတေသီများက ပြင်းထန်သော မီးလောင်ဒဏ်ရာရှိသူအတွက် ယာယီအနာအဖြစ် ဗီဇပြုပြင်ထားသော ဝက်အရေပြားကို အသုံးပြုခဲ့ကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ကြေညာခဲ့ပါသေးတယ်။
သို့သော် အရေပြားအစားထိုးပြုပြင်ခြင်းက လူ့အရေပြားကဲ့သို့ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ပိုမိုခက်ခဲတယ်ဟု ဆိုပါတယ်။
မကြာသေးမီကမှ တိရစ္ဆာန်မှလူသို့ အစားထိုး ကုသမှုများဟာ အာရုံစိုက်မှုများစွာ ရရှိခဲ့ပြီး တိရစ္ဆာန်ဆဲလ်များ၊ တစ်ရှူးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အစားထိုးဖို့ ကြိုးပမ်းမှုများစွာဟာ လွန်ခဲ့တဲ့နှစ် ၆၀ အတွင်း အောင်မြင်မှု အတိုင်းအတာ အမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။