ခိုတွေဟာ အရမ်းကို အံ့ဩစရာ ကောင်းလောက်အောင် ထက်မြက်တဲ့ ငှက်တွေ ဖြစ်ကြပါတယ်။
လူသားတွေဆီမှ အကူအညီဖြင့် ၎င်းတို့၏ စာပို့ခြင်း၊ ကင်ဆာဆဲလ်များ တွေ့ရှိနိုင်ခြင်းနှင့် Pablo Picasso နှင့် Claude Monet တို့၏ ပန်း ချီ များကို ခွဲခြား သိမြင်နိုင်ပါတယ်။
PNAS ဂျာနယ်တွင် ဖော်ပြခဲ့သည့် ခိုများ၏ ဥာဏ်ရည်နှင့် ပတ်သက်သည့် တွေ့ရှိချက်များအရ သိသိသာသာ ဥာဏ်ကောင်းတဲ့ ငှက်များဟာ ပုံမှန် ရေးသားထားသည့် စာလုံးများနှင့် အဓိပ္ပါယ်မရှိ လျှောက်ရေးထားသည့် စာလုံးများကိုပင် ခွဲခြားနိုင်ကြောင်း သိရပါတယ်။
နယူးဇီလန်ရှိ Otago တက္ကသိုလ်နှင့် ဂျာမနီမှ Ruhr တက္ကသိုလ်များမှ သုတေသီများဟာ စာလုံးလေးလုံး ရှိသည့် အင်္ဂလိပ် စာလုံးများကို နှုတ်သီးဖြင့် ဆိတ်ရန် သို့မဟုတ် အဓိပ္ပါယ်မရှိသည့် စာလုံးလေးလုံးကိုတွေ့ပါက အခြား သင်္ကေတဖြင့် ဆိတ်ရန် သင်ကြားပေးခဲ့ပါတယ်။

မြို့ပြခိုတကောင်
အချိန်ကြာလာသည်နှင့်အမျှ သုတေသီများဟာ ခိုငှက် များကို စကားလုံး အရေအတွက် ၂၆ လုံးမှ ၅၈ လုံးအထိ သိအောင် သင်ကြားပေးခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ ခိုများဟာ သူတို့ သင်ယူခဲ့တဲ့ စကားလုံးများကို အောင်မြင်စွာ ဖော်ထုတ်နိုင်ရုံသာမက တခါမှ မမြင်ဖူးသည့် စကားလုံး အသစ်များကို မကြာခဏ ဖော်ထုတ်နိုင်သည်ကို တွေ့ရှိခဲ့ပါတယ်။
ခိုငှက်များတွင် ဝှက်စာဖော်နိုင်သည့် အစွမ်း မရှိပေမယ့် လေ့လာမှုများအရ စာလုံးပေါင်း သတ်ပုံနှင့် ပတ်သက်ပြီး ပြုပြင်နိုင်စွမ်းရှိတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ဆိုလိုတာကတော့ ခိုငှက်များဟာ သူတို့ မြင်ခဲ့သည့် စကားလုံးများကို မဖတ်နိုင်၊ နားမလည်နိုင်ပေမယ့် စကားလုံးများအတွက် သတ်မှတ်ထားတဲ့ စာလုံးပေါင်း သတ်ပုံစနစ် ကိုတော့ ဖော်ထုတ်နိုင်တယ်လို့ ပြောတာပါ။
ဥပမာအားဖြင့် ခိုများဟာ “bigrams” လို့ခေါ်တဲ့ ၂လုံးတွဲပြီး စကားလုံးများကို ဖော်ထုတ်နိုင်မှု ပြုလုပ်နိုင်ပါတယ်။

မြို့ပြခိုတကောင်
ဒီတွေ့ရှိမှုများဟာ သိသာထင်ရှားပါတယ်။
ဒါဟာ ခိုများ၏ ဦးနှောက် အပေါ် ငှက်ဦးနှောက်လေးပါကွာ ဆိုတဲ့ အတွေးမျိုးကို ပျောက်ကွယ်စေပြီး တွေ့ရှိမှုမှ စကားလုံး သတ်ပုံ လေ့လာမှုဟာ လူများအတွက် သပ်သပ် မဟုတ်ဘူး ဆိုတာကို ပြသနေပါတယ်။
လေ့လာတွေ့ရှိမှုတွင် သုတေသီ Onur Güntürkün မှ “ဒီ ခိုငှက်တွေဟာ လူတွေထံမှ နှစ်ပေါင်း သန်း ၃၀၀ လောက် ဆင့်ကဲပြောင်းလဲမှုနှင့် အလွန့်အလွန် ကွဲပြားတဲ့ ဦးနှောက် တည်ဆောက်ပုံရှိပါတယ်”
“ဒီလို စကားလုံး သတ်ပုံ ပုံဖော်ပြုပြင်းခြင်း ကို လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိတာကတော့ အလွန် အံ့အားသင့်စရာ ကောင်းလှပါတယ်” လို့ ပြောခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 18/8/2021