ကမ္ဘာစစ်တွေဟာ နည်းပညာ တိုးတက်မှု အရှိန်အဟုန်ကို တိုးမြှင့်စေခဲ့ပြီး လျှင်မြန်စွာ ဆက်သွယ်နိုင်တဲ့ အစောပိုင်းပုံစံ ရေဒီယိုနှင့် တယ်လီဖုန်းများကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဒါပေမယ့် ရေဒီယိုလှိုင်းများဟာ ကြားဖြတ်လို့ရပြီး၊ တယ်လီဖုန်းကြိုးများဟာ ရန်သူ့မြင်ကွင်းမှာ ထင်ထင်ရှားရှားမြင်ရပါတယ်။
စာပို့ခိုများကတော့ ကြေးနန်းထက် စာရှည်ရှည် ပိုရေးလို့ရပြီး အံ့အားသင့်စရာကောင်းလောက်အောင် ၉၅ ရာခိုင်နှုန်းလောက် ထိရောက်မှု ရှိခဲ့တာကို တွေ့ရပါတယ်။
တပ်စုများနှင့် တပ်ရင်းများ အကြား ဆက်သွယ်မှုကို ပုံမှန်အားဖြင့် စစ်မြေပြင်ကို ဖြတ်ပြီး သတင်းများ သယ်ဆောင်ပေးသည့် တပ်သား တစ်ယောက်ယောက်က သတင်းပေးပို့ရပါတယ်။

ဒီ့ထက်အဆင့်မြင့်တဲ့ ဆက်သွယ်မှုအတွက်တော့ အချက်ပြ တပ်ဖွဲ့များဟာ စက္ကူသေးသေးလေးထဲတွင် သတင်းများရေးပြီး လိပ်ကာ စာပို့ခိုဖြင့် ပေးပို့ကြပါတယ်။
ခိုများဟာ သံလိုက်လှိုင်းများကို သဘာဝအားဖြင့် အာရုံခံနိုင်သည့်အပြင် ၎င်းတို့၏ ဗီဇကိုက အိမ်ကို ပြန်တတ်သည့် အလေ့အထ ရှိပါတယ်။
ခိုများဟာ အချိန်ခဏလေးအတွင်းမှာ ဝေးလံတဲ့ အကွာအဝေးထိရောက်အောင် ပျံသန်းနိုင်စွမ်း ရှိကြပါတယ်။
ဥပမာ အားဖြင့် Princess လို့ခေါ်တဲ့ စာပို့ခိုလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်တပ်တွေ ကရေတီကျွန်းမှာ တိုက်ခိုက်နေတာကို မိုင် ၅၀၀ အကွာလောက်ရှိ အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားမြို့တွင်ရှိတဲ့ ဗြိတိသျှ တော်ဝင်လေတပ်သို့ သတင်းပေးပို့ နိုင်ခဲ့ပါတယ်။
ခိုများကို စာပို့ရုံ သပ်သပ်သာ အသုံးပြုခဲ့တာ မဟုတ်ပါဘူး။ ပထမကမ္ဘာစစ် အစောပိုင်းမှာ တီထွင်သူများဟာ ခိုများတွင် ကင်မရာများတပ်ကာ စစ်မြေပြင်တွင် အလိုအလျှောက် ဓာတ်ပုံရိုက်ပြီး ပြန်လာအောင် လုပ်ဆောင်ခဲ့ ကြပါသေးတယ်။
မျှော်လင့်ထားသလို ပုံတွေက ဆိုးဆိုးရွားရွားတွေ များပေမယ့် အချို့ပုံများဟာ အသုံးဝင်တာကြောင့် ဒီ တီထွင်မှုဟာ မဆိုးဘူးလို့ ဆိုရမှာပါ။

လူသိအများဆုံး စစ်တွင်းက ခိုလေးတကောင်ကတော့ Cher Ami ( ပြင်သစ်လို ချစ်လှစွာသော သူငယ်ချင်း ) လို့ အမည်ရတဲ့ ခိုလေးဖြစ်ပါတယ်။
၁၉၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ အမေရိကန်စစ်တပ်၏ ပျောက်ဆုံးနေတဲ့ ၁၉၅ ယောက်လောက်ရှိတဲ့ တပ်ရင်းတခုဟာ ရန်သူ့နယ်မြေမှာ ပိတ်မိနေပါတယ်။
၎င်းတို့၏ အနေအထားဟာ ပတ်ပတ်လည်မှာ ဂျာမန်တပ်တွေနဲ့ အဝိုင်းခံထားရတာဖြစ်ပါတယ်။ ပိုဆိုးတာက အမေရိကန် အမြောက်များဟာ သူတို့နေရာကို မိုးသီးမိုးပေါက်ပမာ မှားယွင်းပစ်ခတ်နေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဗိုလ်မှူး Whittlesey ဟာ Cher Ami ခိုလေးနှင့် စာတိုရေးကာ ၎င်း၏ တပ်ဆီ ပေးပို့လိုက်ပါတယ်။ ဒါပေမယ့် Cher Ami ခိုလေးကို ဂျာမန်တွေက မြင်တွေ့သွားက ပစ်ခတ်ကြပါတယ်။
ခိုလေးဟာ ဒဏ်ရာရရှိပြီး မြေပြင်ပေါ် ပြုတ်ကျခဲ့ပေမယ့် ၂၅ မိုင်လောက်ဝေးတဲ့ နေရာကို ၂၅ မိနစ်အတွင်း ရောက်အောင် ပျံသန်းကာ တာ ဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဆိုပါ တာဝန် ထမ်းဆောင်စဉ်မှာ Cher Ami လေး၏ ရင်ဘတ်သို့ ကျည်သင့်ကာ မျက်လုံးတဖက် ကွယ်သွားပြီး စာချည်ထားသည့် ခြေ ထောက်တဖက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပါတယ်
ဒါပေမယ့် ခိုလေး၏ ကျေးဇူးကြောင့် စစ်သည် ၁၉၅ ဦးလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်။
ဒီလို စွမ်းဆောင်မှု ကြောင့် Cher Ami လေးဟာ အမှတ် ၇၇ ခြေလျှင် တပ်ရင်း၏ သူရဲကောင်း အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။
ဆေးတပ် သားများက ခိုးလေး၏ အသက်ကို ကယ်တင်နိုင်ခဲ့ ပေမယ့်၊ ခြေတဖက်ကိုတော့ သစ်သားခြေတုဖြင့် အစားထိုးခဲ့ရပါတယ်။
ခိုကလေး ပြန်လည်ကျန်းမာလာပြီး ပျံသန်းနိုင်တဲ့အချိန်မှာတော့ Black Jack လို့ ခေါ်ကြတဲ့ ဗိုလ်ချုပ်ကြီး John J. Pershing ကိုယ်တိုင် အိမ်သို့ ပြန်လည် ပို့ဆောင် ပေးခဲ့ပါတယ်။
Knowledgeworms Copyright © 2021