အင်္ဂါဂြိုလ်ပေါ်မှာ တည်ဆောက်မည့် ပထမဆုံး မြို့တော် အတွက် အံ့ဩစရာအစီအမံများ

News Science

သိပ္ပံ ပညာရှင်တွေ နဲ့ ဗိသုကာ ပညာရှင်တွေက အင်္ဂါဂြိုလ်ပေါ်မှာ တည်ဆောက်မည့် မြို့သစ် အတွက် ပူပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

ဓာတ်လှေကားများဖြင့် ဆက်သွယ်ထားပြီး ချောက်ကမ်းပါး အတွင်းတွင် တည်ဆောက်မည့် အဆောက်အဦးတွေမှာ နေထိုင်သူ ၂၅၀၀၀၀ နှင့်အထက် နေထိုင်နိုင်မှာ ဖြစ်တယ်ဟု ဆိုပါတယ်။

Mars မြို့တော်ဟာ ရေရှည် တည်တံ့ ခိုင်မြဲမှု ဖြစ်လာစေဖို့ ကမ္ဘာမြေမှ ထောက်ပံ့ရေး လမ်းကြောင်း အပေါ် အပြည့်အဝ မှီခိုအားထားနေရပါတယ်။

အင်္ဂါဂြိုလ်ပေါ်ရှိ Nuwa လို့အမည်ပေးထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ မြို့တော်ဖြစ်ဖို့အတွက် ဗိသုကာ ကုမ္ပဏီတစ်ခုဟာ မြေအောက်လိုဏ်ဂူစနစ်ပါဝင်ပြီး လူပေါင်း 250,000 အထိ ထားရှိနိုင်မည့် ရည်မှန်းချက်ကြီး တစ်ခုကို ထုတ်ပြန် လိုက်ပါတယ်။

Photo: Courtesy of ABIBOO STUDIO/SONET

တရုတ်ဒဏ္ဍာရီလာ နတ်ဘုရားမ Nuwa လို့ အမည်ပေးထားတဲ့ အဆိုပါ မြို့တော်ဟာ နေထိုင်သူတွေကို အန္တရာယ်ရှိတဲ့ ဓာတ်ရောင်ခြည် နဲ့ နေရောင်ခြည်တွေကနေ ကာကွယ်ပေးဖို့အတွက် အလွန် မတ်စောက်တဲ့ ကျောက်နံရံအတွင်းမှာ တည်ဆောက် သွားမည်ဟု သိရပါတယ်။

တကယ်လို့ သင်ဟာ အင်္ဂါဂြိုလ်ပေါ်မှာ ပြောင်းရွှေ့နေထိုင်ဖို့ ဆုံးဖြတ်ထားပါက Nuwa သို့သွားမည့် ခရီးတစ်ကြောင်းစာ ဒေါ်လာ ၃၀၀၀၀၀ တန်လက်မှတ်တွင် စတုရန်းမီတာ ၂၅ မှ ၃၀ ကျယ်ဝန်းတဲ့ လူနေအိမ်ယာတစ်ခု ၊ အဆောက်အဦးတွေကို အပြည့်အဝ ဝင်ထွက်သွားလာခွင့်၊

အသက်ကယ် ဝန်ဆောင်မှု ၊ အစားအသောက်တွေအပြင် မြို့တော်မှပေးအပ်တဲ့ အလုပ်တာဝန်များအတွက် သင့်ရဲ့ အလုပ်အချိန်ကို ၆၀ ရာခိုင် နှုန်း နှင့် ၈၀ရာခိုင်နှုန်း ကြားတွင် မြှုပ်နှံထားရမည့် အလုပ် စာချုပ် တစ်ခု ပါဝင်လိမ့်မည်ဟု ABIBOO အဆိုအရ သိရပါတယ်။

အင်္ဂါဂြိုလ်ပေါ်မှာ လူတွေ ဘေးကင်းစွာ နေထိုင်နိုင်ဖို့ ဘာတွေ လိုအပ်မလဲ

ABIBOO ဟာ နေထိုင်သူတွေကို ဓါတ်ရောင်ခြည်မှ အကာအကွယ် ပေးနိုင်မည့် နည်းလမ်းများကို စီစဉ်ပေးထားပြီး အကြီးမားဆုံး လို အပ် ချက် ကို ဖြည့်စည်းပေးထားပါတယ်။

နေထိုင်မည့်သူတွေ ရေရှည်နေထိုင်နိုင်ဖို့အတွက် အစားအစာ အသီးအနှံတွေ စိုက်ပျိုး ထုတ်လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။

လိုအပ်တဲ့ အစာအားလုံးကို ကမ္ဘာမြေမှ ယူဆောင်မည့် အစီအစဥ်ကတော့ အလွန်ရှုပ်ထွေးပြီး အန္တရာယ်လည်းများပါတယ်။

အခြေချနေထိုင်သူတွေဟာ အင်္ဂါဂြိုဟ်ပေါ်မှာပဲ နောက်ဆုံးအချိန်ထိ နေထိုင်သွားဖွယ် ရှိကြောင်း Elon Musk က ဆိုပါတယ်။

Photo: Courtesy of ABIBOO STUDIO/SONET

အဆိုပါ ပြဿနာတွေကို ဖြေရှင်းဖို့ ABIBOO ဟာ ပြင်ပ ဂြိုဟ်ဖြစ်တဲ့ Proxima-B ကို ရှာဖွေ တွေ့ရှိခဲ့တဲ့ နက္ခတ္တဗေဒ ပညာ ရှင် Guillem Anglada ဦးဆောင်ပြီး နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့ဖြစ်တဲ့ SONet ကွန်ရက်နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး Tempe Mensa ဟုခေါ်တဲ့ အင်္ဂါဂြိုဟ်ချောက်ကမ်းပါးမှ Nuwa ကို တည်ဆောက်လိမ့်မည်ဟု ဆိုပါတယ်။

ဦးဆောင်သူအဖွဲ့ဟာ နေထိုင်သူတွေကို ဓာတ်ရောင်ခြည် ဒဏ်တွေကနေ ကာကွယ်ဖို့ နှင့် အလင်းရောင် တိုက်ရိုက် ရရှိမည့် နေရာ မှာ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ မျှော်မှန်းနေကြပါတယ်။

လူတွေဟာ ကမ်းပါးယံအတွင်းမှာ နေထိုင်ကြရမည်ဖြစ်ပြီး လိုအပ်တဲ့အခါမှသာ ပိုမိုထင်ရှားတဲ့ အ​ပေါ် မျက်နှာပြင်ကို သွားရေ ာက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

နေထိုင်သူတွေဟာ ချောက်ကမ်းပါးအပြင်ဘက်တွင် ရထား​တွေ၊ ဘတ်စ်ကားတွေ နဲ့ သွားလာနိုင်မည် ဖြစ်ပြီး ချောက်ကမ်း ပါး အတွင်းမှာတော့ ကြီးမားတဲ့ ဓာတ်လှေကား စနစ်များဖြင့် သွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

​ချောက်ကမ်းပါးရဲ့ အခြေတောင်ကြားတွင် လူမှုဆက်ဆံ သွားလာအပန်းဖြေနိုင်ဖို့ ကြီးမားတဲ့ စင်ကြီးတွေ ရှိပါတယ်။

Photo: Courtesy of ABIBOO STUDIO/SONET

အဆိုပါ စင်ကြီးတွေကို အင်္ဂါဂြိုလ်ရဲ့ လှပတဲ့ရှုခင်းများကို ကြည့်ရှုနိုင်ဖို့ တောက်ပတဲ့အမိုးအကာများဖြင့် ဒီဇိုင်းရေးဆွဲထားပါတယ်။

အဆိုပါ အမိုးအကာတွေဟာ ပြင်ပ ဓာတ်ရောင်ခြည်တွေဒဏ်ကနေ ကာကွယ်ပေးပါတယ်။

ချောက်ကမ်းပါး တူးဖော်မှုမှရရှိလာတဲ့ ပစ္စည်းတွေကို ဓါတ်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့ အမိုးများပေါ်တွင် စွန့်ပစ်ထားပါတယ်။

ချိုင့်ဝှမ်းအတွင်းမှာဘဲ ဆေးရုံတွေ ၊ကျောင်းတွေ ၊ တက္ကသိုလ်တွေ၊ စျေးဝယ်စင်တာတွေ၊ အာကာသ လွန်းပျံယာဥ်တွေနဲ့ ဆက်သွယ်ပေးတဲ့ ​နေရာတွေကိုလည်း တည်ဆောက်ဖို့ ရည်ရွယ်ထား တယ်ဟု ဆိုပါတယ်။

ABIBOO က မြို့ကြီး ရေရှည် တည်တံ့မှု မဖြစ်မှီ ကမ္ဘာမြေမှ ထောက်ပံ့ရေးပစ္စည်း​တွေကို အချိန်အကန့် အသတ် တစ်ခု သာ လိုအပ်တယ်ဟု ဆိုပါတယ်။

ဤကဲ့သို့ ဒီဇိုင်းတွေနဲ့ မတူညီတဲ့ အင်္ဂါရပ်တွေနှင့် ဆက်စပ်နေတဲ့ ချို့ယွင်းချက်တွေအတွက် အစီအစဥ်တွေဆွဲထားသင့်တယ် ဟု ဆိုပါတယ်။

အဆိုပါ မြို့တော်ဟာ လူပေါင်း ၂၅၀၀၀၀ ခန့် နေထိုင်နိုင်တယ်ဟု ဆိုသော်လည်း တစ်ဝက်ခန့်ဟာ ကမ္ဘာမြေပေါ်မှ အာကာသယာဥ် စီးနင်းလာမှုကြောင့် နေမကောင်းဖျားနာမှုတွေကြောင့် ခေတ္တအနားယူမှုတွေ ခံယူနေရရင် ဘာဖြစ်လာမလဲ?

နိုင်ငံသားတိုင်း တန်းတူအကျိုးခံခွင့်ရရှိဖို့အတွက် ညီမျှတဲ့ အချက်တွေလည်းပါရှိမှာ ဖြစ်ကြတယ်။

Nuwa မြို့တော်အတွက် အစီအစဥ်တွေမှာ သီးနှံပင်တွေအပြင် မွေးမြူရေးတိရစ္ဆာန်များလည်း ပါဝင်ပါတယ်။

Photo: Courtesy of ABIBOO STUDIO/SONET

လှေကားထစ်တွေ ၊ အမြင့်တည်ဆောက်ထားတဲ့ အသစ်အဆန်းအဆောက်အဦးတွေဟာ တောတောင်ဝန်းကျင်မှာ နေထိုင်ဖူးသူတွေအတွက်တော့ ရင်းနှီးနေမှာပါ။ များသောအားဖြင့် လူတော်တော်များများက တောတောင်တွေရဲ့ လယ်ယာလုပ်တဲ့ ကုန်းမြေအမြင့်က မြေပြန့်လွင်ပြင်မှာ နေထိုင်ချင်တာ များပါတယ်။

(ဘာကြောင့်လဲဆိုတာ သင်မသိရင်တော့ မတ်စောက်တဲ့ ချောက်ကမ်းပါးမှာရှိတဲ့ အိမ်တစ်အိမ်ကနေ တစ်အိမ်အလည် သွား လာဖို့ စဥ်းစားကြည့် နိုင်ပါတယ်။)

Elon Musk က 2050 မှာ အင်္ဂါဂြိုဟ်ပေါ် မြို့ကြီးတည်ဆောက်ဖို့ စီစဉ်နေသော်လည်း ABIBOO မှ ပြောရေး ဆိုခွင့် ရှိသူက Nuwa ကို 2054 တွင်စတင်ဆောက်လုပ်မည်ဆိုသော မှားယွင်းတဲ့ သတင်းများထွက်ပေါ်နေကြောင်း၊ တည်ဆောက်မည့်နှစ် အတိအကျ မရှိသေးကြောင်း Popular Mechanics သို့ ပြောကြားခဲ့ပါတယ်။

အင်္ဂါဂြိုလ်ပေါ်မှာ နေထိုင်နိုင်မည့် အစီအစဥ်အများစုဟာ နေထိုင်မည့်သူတွေအတွက် မြေအောက်လိုဏ်ဂူတွေမှာ နေထိုင်နိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။

လူတွေကို ချောက်ကမ်းပါးမှာ ထားရတာ ဆန်းသစ်ပေမယ့် တွင်းအောင်းလူ ဖြစ်လာတာမှလွဲပြီး မြေအောက်အမိုးအကာတွေရဲ့ပေါင်းစပ်ထားတဲ့ အကျိုးကျေးဇူးကြောင့် နေထိုင်နိုင်မည့် နည်းလမ်းကောင်းတစ်ခုဘဲ ဖြစ်ပါတယ်။

Photo: Courtesy of ABIBOO STUDIO/SONET

Musk ရဲ့ အင်္ဂါဂြိုလ်ပေါ် အခြေချနေထိုင်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုကဲ့သို့ပင် Nuwa နှင့်ပတ်သက်သည့်အရာအားလုံးဟာ အလွန်ကောင်းမွန်သော်လည်း “ရေရှည်တည်တံ့ခိုင်မြဲမှု”အတွက်တော့ ကြီးမားတဲ့ မေးခွန်းဖြစ်နေဆဲ ဖြစ်ပါတယ်။

ABIBOO ကပြောကြားချက်ရ ` ကမ္ဘာမြေပေါ်မှ အထောက်အပံ့နဲ့ အရင်းအနှီး တွေဟာ အချိန် ခဏတာသာ လိုအပ်မှာ ဖြစ်ပြီး နောက်ပိုင်း အင်္ဂါဂြိုဟ်ပေါ်ရှိ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဟာ ကိုယ်ပိုင် နည်းလမ်းနဲ့ ရေရှည် တည်တံ့မှုဟာ ကြီးထွားလာပါလိမ့်မည်။

မြို့တော်တည်ဆောက်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေအပြင် ​ကာဗွန်နှင့် အခြားသတ္တုတွေကိုပါ အင်္ဂါဂြိုဟ်ပေါ်မှ တူးဖော်ရရှိလိမ့်မည်” ဟု ဆိုပါတယ်။

ABIBOO က နေထိုင်သူတွေကို ၂၁ လ တစ်ကြိမ် ကမ္ဘာမြေကို ပြေးဆွဲတဲ့ လွန်းပြန်ယာဥ်ကို ၁ လ နဲ့ ၃လ ကြား တစ်ကြိမ်ပျံသန်း ပြေးဆွဲနိုင်အောင် ကြိုးစားမည် ဟုဆိုပါတယ်။

သို့ပေမယ့် လူတွေအတွက် ကမ္ဘာမြေမှ ဆေးဝါး သို့မဟုတ် အခြား ထောက်ပံ့ရေး ပစ္စည်းတွေကို အရေးပေါ် လိုအပ်နေရင် စောင့်မျှော်ရမည့်အချိန်ဟာ အနည်းဆုံး လများစွာကြာလိမ့်မည် ဖြစ်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက လူသားတွေရဲ့ ပင်လယ်ခရီးရှည် အစောပိုင်း နေ့ရက်တွေကို ဖြတ်သန်းရတဲ့ ပုံစံနဲ့တူပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 29/10/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *