အပင်တမျိုးမှ လေယာဉ်များအတွက် လောင်စာဆီ ထုတ်လုပ်နိုင်တော့မယ့် အကြောင်း

Innovation Tech

လက်ရှိတွင် တကမ္ဘာလုံးရှိ လေကြောင်းသွားလာမှုများမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု စုစုပေါင်း၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ရှိနေပြီး ကမ္ဘာကြီး ပူနွေးလာမှုအပေါ်မှာ ၃.၅ ရာခိုင်နှုန်းလောက် တာဝန်ရှိနေပါတယ်။

လေကြောင်း ကဏ္ဍမှ ကာဗွန်ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရန်အတွက် သမားရိုးကျ ရုပ်ကြွင်း လောင်စာဆီမှ ရေရှည်တည်တံသည့် အခြားလောင်စာများကို ပြောင်းလဲနိုင်ရန် အတွက် သုတေသီများက အပူတပြင်း ရှာဖွေနေကြပါတယ်။

အဲဒီ့အထဲက နောက်ဆုံး ရွေးချယ်စရာ တခုကတော့ ဂျော်ဂျီယာ တက္ကသိုလ်မှ ရေရှည်တည်တံ့သည့် လေကြောင်း လောင်စာဆီ (SAF) ဖြစ်ပြီး ၎င်းကို မုန်ညင်းပင် အမျိုးအစား တမျိုးမှ ထုတ်လုပ်ခဲ့တာဖြစ်ကာ ကာဗွန်ထုတ်လွှတ်မှုကို ၆၈ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်မှာဖြစ်ပါတယ်။

အဖွဲ့ကို ဂျော်ဂျီယာ တက္ကသိုလ်မှ သိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ Puneet Dwivedi က ဦးဆောင်ခဲ့တာဖြစ်ပြီး ရေရှည်တည်တံ့သည့် ဈေး နှုန်းနှင့် ကာဗွန်ထုတ်လွှတ်မှုတွေကို တွက်ချက်ခဲ့ပြီး မစားသုံးနိုင်သည့် ဆီထွက်သီးနှံ အမျိုးအစားဖြစ်သည့် Brassica Carinata ပင်မှ အဆို ပါ လောင်စာကို ထုတ်လုပ်ခဲ့တာပါ။

Carinata အပင်များ Photo: Courtesy of Bill Anderson

နောက်ဆုံးပေါ် SAF လောင်စာဆီများအတွက် လေ့လာမှုအရေတွက်များဟာ တိုးမြင့်လာပြီး ၎င်းဟာ လေကြောင်းလိုင်းများအတွက် ရု ပ်ကြွင်း လောင်စာဆီ လိုအပ်မှုကို လျှော့ချနိုင်ဖို့ ရည်ရွယ်ထားပါတယ်.

ဥပမာအားဖြင့် Rolls Royce ဟာ ယခုနှစ် အစောပိုင်းတွင် ၁၀၀ ရာခိုင်နှုန်း ရေရှည်တည်တံ့သည့် လေကြောင်းလိုင်းသုံး လောင်စာဆီဖြင့် ဂျက်လေယာဉ်တစင်းမှာ ပထမဆုံး စမ်းသပ်ခဲ့ပါတယ်။

ထို့နောက် အခြား အစားထိုး လောင်စာများဖြစ်သည့် ဟိုက်ဒရိုဂျင် အရည် နှင့် အမိုးနီးယားလောင်စာ အပြင် သုတေသီများဟာ ပလတ် စတစ် အမှိုက်များမှတဆင့် ဂျက်လေယာဉ် လောင်စာဆီသုံး ပစ္စည်းများအဖြစ်တောင် ပြောင်းလဲနိုင်သည့် နည်းပညာတွေကို တီထွင်ခဲ့ပါတယ်။

ယခု လောင်စာဆီအသစ် လေ့လာမှုဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်မှ အဆိုပြုခဲ့တဲ့ Sustainable Aviation Fuel Grand Challenge ၏ တစိတ်တဒေသဖြစ်တဲ့ ရေရှည်တည်တံ့သည့် လောင်စာ အတွက် အခွန်လျှော့ ကိစ္စကြောင့် ဖယ်ဒရယ်အေဂျင်စီများကို SAF လောင်စာဆီ ထုတ်လုပ်နိုင်ဖို့ အရှိန်မြှင့်တင်နိုင်ခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သူ၏ အဆိုပြုချက်အသစ်အရ ဘိုင်ဒင်ဟာ လေကြောင်းလိုင်းများမှ ကာဗွန်ထုတ်လွှတ်မှုကို ၂၀၃၀ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း လျှော့ချပြီး ၂၀၅၀ တွင် သုည ရာခိုင်နှုန်းအထိ ဖြစ်လာစေရန် ရည်မှန်းထားခဲ့တယ်လို့ သိရပါတယ်။

အဆိုပြုထားသည့် အခွန်လျှော့ငွေအတွက် လောင်စာဆီဟာ သက်တမ်းတလျှောက် ကာဗွန်ထုတ်လွှတ်မှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရမှာဖြစ်ပြီး ဂျော်ဂျီယာ တက္ကသိုလ်မှ လောင်စာဆီဟာ အဲဒီ့ လိုအပ်ချက်ထက်တောင် ကျော်လွန်နေပါတယ်။

ဒါ့အပြင် Carinata အပင်ကို အခြေခံတဲ့ SAF လောင်စာဆီဟာ တလီလာလျှင် အနိမ့်ဆုံး ၀.၁၂ ဒေါ်လာမှ ၁.၂၈ ဒေါ်လာအထိ ရှိသည့် အ တွက် လက်ရှိ တလီတာလျှင် ၀.၅ ဒေါ်လာ ကျသင့်သည့် ရုပ်ကြွင်းလောင်စာ အခြေပြု လောင်စာဆီများထက် သက်သာနေပါတယ်။

Carinata အပင်များဟာ အရောင်းအဝယ်ပါးသည့် ကာလများတွင် စိုက်ပျိုးနိုင်ပြီး အစားအစာနှင့် လောင်စာဆီ ပြသနာများကို မဖြစ်ပေါ်စေနိုင်ပါဘူး။

Puneet Dwivedi ၏ အဆိုအရ Carinata အပင်များဟာ ရေ အရည်အသွေး၊ မြေဆီလွှာ ကျန်းမာရေး၊ ဇီဝ မျိုးကွဲများနှင့် ဝတ်မှုံ ကူးခြင်း တို့ နှင့် သက်ဆိုင်သည့် အကျိုးကျေးဇူးများကိုပါ ထပ်မံ ပေးစွမ်းနိုင်ဦးမယ်လို့ ဆိုပါတယ်။

၎င်း၏ လက်ရှိ သုတေသန လုပ်ငန်းများဟာ Carinata အပင်ကို အခြေခံသည့် SAF လောင်စာဆီများကို ဂျော်ဂျီယာ၊ အလာဘားမား နှင့် ဖလော်ရီဒါ တခွင်တွင် အသုံးပြုဖို့ နှင့် ထုတ်လုပ် ဖို့ရာအတွက် စီးပွားရေးအရနှင့် ပတ်ဝန်းကျင်အရ ဖြစ်နိုင်ခြေများကို အာရုံစိုက် လုပ် ဆောင် နေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *