ပလပ်စတစ်ကို စားသုံးနိုင်သော ပရိုတိန်းအဖြစ်သို့ ပြောင်းလဲ‌ပေးနိုင်သည့် ‘Food Generator’ကို တီထွင်

News Tech

လူသားမျိုးနွယ်‌တွေအတွက် ပလတ်စတစ်ဟာ ပြဿနာရှိပါတယ် သို့သော်အဲဒီ ပြဿနာများဟာ အရသာမရှိနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

သိပ္ပံပညာရှင်များဟာ အမြဲတမ်းကြီးထွားလာသော ပြဿနာများကို တီထွင် ဖန်တီးမှုဆိုင်ရာ ဖြေရှင်းနည်းများနှင့်အတူ ကြိုးစားနေကြပါတယ်။ ဘက်တီးရီးယားကို အသုံးပြုပြီး အချို့သော ပလပ်စတစ်ပုလင်းများကို အနံ့အရသာရှိတဲ့ အရာအဖြစ် ပြောင်းလဲ‌နေကြပါတယ်။

မကြာသေးမီက သိပ္ပံပညာရှင်နှစ်ဦးဟာ ဒီသဘောထားကို သံယောင်လိုက်ပြီးပလပ်စတစ်များမှ ပရိုတိန်းအဖြစ်သို့ ပြောင်းလဲစေသည့် ‘Food Generator’ အယူအဆကို ဖန်တီးခြင်းဖြင့် ဒေါ်လာ ၂.၁၈ သန်း (ယူရို ၁ သန်း) ၂၀၂၁ ခုနှစ် Future Insight Prize ဆုကို ရရှိခဲ့ပါတယ်။

ကာကွယ်ရေး အဆင့်မြင့်သုတေသန စီမံကိန်းများ အေဂျင်စီ (DARPA) မှ လေးနှစ်‌‌ကျော်ကာလအ‌တွင်း ဒေါ်လာ ၇.၂ သန်းကို သမဝါယမ သဘောတူညီချက် ဆုအဖြစ် စီမံကိန်းနောက်ကွယ်မှ အမည်များကို ကနဦး ငွေကြေးထောက်ပံ့‌‌ပေးခဲ့ပါတယ်။

ကမ္ဘာ့ပလပ်စတစ်ထုတ်လုပ်မှု့ဂရပ်

သူတို့ဟာ အီလီနွိုက်စ် တက္ကသိုလ် Urbana-Champaign မှ ဇီဝအင်ဂျင်နီယာ ပါမောက္ခ Ting Lu နှင့် မီချီဂန် နည်းပညာတက္ကသိုလ်မှ ဇီဝသိပ္ပံတွဲဖက်ပါမောက္ခ Stephen Techtmann တို့ဖြစ်ကြပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်က ဓာတုဗေဒနှင့်အပူပြင်း (pyrolysis) ပေါင်းစပ် အသုံးပြုပြီး ပလပ်စတစ် အမှိုက်များကို ပရိုတိန်းအမှုန့်နှင့်ချောဆီ အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်စဉ် တိုးတက်စေရန်ဖြစ်ပါတယ်။သိပ္ပံပညာရှင်နှစ်ယောက်ဟာ သူတို့ရဲ့ စီမံကိန်းကို Food Generator လို့ခေါ်ပါတယ်။

အစားအစာအဖြစ်သို့ ပြောင်းလဲရန် ပလတ်စတစ်နှင့် စားသုံးရန်မဟုတ်သော အပင်များကို ဖြိုခွဲပြီး သဘာ၀သက်ရှိများဖြင့် ကျွန်ုပ်တို့ စီမံအသုံးပြုခဲ့ကြသည် ဟု Techtmann က ရှင်းပြပါတယ်။ ဒီဆုချီးမြှင့်ခံရလို့ အရမ်းဂုဏ်ယူပါတယ်။ ဒီဆုက အလုပ်ကိုပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ပေးနိုင်ပြီး မြင့်မားတဲ့စွန့်စားမှုများနှင့်မြင့်မားသောဆုလဒ်များကို ရှာဖွေခွင့်ရလိမ့်မည်ဟု ၎င်းကဆိုပါတယ်။

ပလတ်စတစ် အမှိုက်များ နှင့် စားသုံးရန်မဟုတ်သောအပင်များကို အပေါက်တစ်ခုထဲသို့ ထည့်နိုင်တဲ့ စနစ်တစ်ခုကို သုတေသီများက မျှော်မှန်းပါတယ်။ စွန့်ပစ်ပစ္စည်းများကို ဓာတ်ပေါင်းဖို လုပ်ငန်စဉ်အတွင်း ရောက်ရှိစေပြီး အပူကို အသုံးပြုပြီး သူတို့ကို ဖြိုခွဲလိုက်ပါတယ်။

ထို့နောက်ဘေးထွက်ပစ္စည်းများကို ဘက်တီးရီးယား ပေါက်ဖွားမှုနှင့်အတူ ကန်ထဲသို့ ထားရပါမယ်။ ဆဲလ်များကို နောက်ဆက်တွဲ အသုံးပြုရန် ခြောက်သွေ့စေပြီး အမှုန့်အဖြစ်သို့ သိုလှောင်ထားရပါမယ်။

ရရှိလာသောအစားအစာများတွင် လိုအပ်သောအဟာရအားလုံးပါ၀င်ပြီ အဆိပ်မရှိပါဘူး။ ကျန်းမာရေးအကျိုး ခံစားခွင့်များနှင့်တစ်ဦးချင်းလိုအပ်ချက်များ ကိုဖြည့်စွက် ထောက်ပံ့ပေးပါတယ်လို့ စီမံကိန်းကိုငွေကြေးထောက်ပံ့ပြီး အသိအမှတ်ပြုထားသော Merck Group က ဆိုပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *