လာမယ့် ရာစုမှာ မျိုးသုဉ်းသွားနိုင်တဲ့ ပိုလာဝက်ဝံတွေ အကြောင်း

Nature Science

အာတိတ်ရေခဲပြင်တွေဟာ ပညာရှင်​တွေ ခန့်မှန်းနှုန်း အတိုင်း ဆက်လက် အရည်ပျော်နေမယ်ဆိုရင် လာမည့် ရာစုနှစ်အကုန်မှာ ပိုလာဝက်ဝံတွေဟာ အစာငတ်ပြတ်မှုကြောင့် မျိုးသုဉ်းသွားတော့မှာပဲ ဖြစ်ပါတယ်။

တိုရွန်တိုတက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာအသစ်မှာဆိုရင် ပိုလာဝက်ဝံအများစုဟာ အစာရေစာ ငတ်မွတ်မှုကြောင့် နှစ်ပေါင်း ၁၀၀ အောက်အတွင်း မျိုးသုဉ်းသွားနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

ပိုလာဝက်ဝံတွေဟာ ၎င်းတို့ရဲ့ အစားအစာ အဓိကအစိတ်အပိုင်းအတွက် ရေခဲပြင်တွေအပေါ်နေထိုင်တဲ့ ဖျံတွေအပေါ် မှီခိုနေရပါတယ်။ အပူချိန် မြင့်တက်လာပြီး ရေခဲပြင် ဧရိယာတွေဟာ ကျုံ့လာတာနှင့်အမျှ အသားစားသတ္တဝါတွေအတွက် အစာရှာဖွေဖို့ စိန်ခေါ်မှုတွေ တိုးလာခဲ့ပါတယ်။

အာတိတ်ဒေသဟာ စက်မှုမထွန်းကားမီ အပူချိန်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်မှာတောင် ကမ္ဘာ့ပျမ်းမျှအပူချိန်ပမာဏထက် နှစ်ဆကျော် ပူနွေးလာတာကို တွေ့ရပါတယ်။

ပညာရှင်တွေကတော့ ပိုလာဝက်ဝံတွေဟာ ရာစုနှစ်အကုန်မှာ ပထမအကြိမ် ခန့်မှန်းထားတဲ့ အချိန်ဇယားအရ မျိုးသုဉ်းသွားမှာ ဖြစ်တယ်ဟု ဆိုပါတယ်။

တိုရွန်တိုတက္ကသိုလ်ဟာ သဘာဝရာသီဥတုပြောင်းလဲမှုဆိုင်ရာ လေ့လာမှုတစ်ခုကို ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ပြီး အာတိတ်ဒေသရှိ ​နို့တိုက်သတ္တဝါတွေရဲ့ အကျပ်အတည်းကို ပထမဆုံးအကြိမ်အဖြစ် အချိန်ဇယားဖော်ပြခဲ့ပါတယ်။

နိုင်ငံအများစုမှာ မျိုးသုဉ်းလုနီးပါးမျိုးစိတ်အဖြစ် သတ်မှတ်ထားတဲ့ ပိုလာဝက်ဝံတွေရဲ့ နေထိုင်ရာနေရာတွေဟာ လျှင်မြန်စွာ အရည်ပျော်သွားပြီဖြစ်ကြောင်း၊ ယခုအခါ ပိုလာဝက်ဝံတွေဟာ ၂၁၀၀ ခုနှစ် မတိုင်ခင် မျိုးသုန်းတော့မှာဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

ပိုလာဝက်ဝံတွေဟာ ဖျံတွေကို အမဲလိုက်ဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ ရေခဲပြင်တွေကို မှီခိုနေရပြီး အပူချိန် မြင့်တက်လာတာနှင့်အမျှ ရေခဲပြင်ဒေသများ ကျုံ့လာပြီး အသားစားသတ္တဝါ​တွေအတွက် အစာရှာဖွေဖို့ စိန်ခေါ်မှုတွေ တိုးလာပါတယ်။

အဆိုပါမျိုးစိတ်တွေဟာ လာမည့်နှစ်ပေါင်း ၈၀ အတွင်း ငတ်မွတ်ခေါင်းပါးနိုင်ပြီး အနည်းငယ်မျှသာ ကယ်တင်နိုင်မှာပဲ ဖြစ်ပါတယ်။

ယခုမှစ၍ အနှစ် ၂၀ အတွင်း ကနေဒါနိုင်ငံတွင် နေထိုင်တဲ့ ပိုလာဝက်ဝံအချို့ဟာ မျိုးပွားမှုဆိုင်ရာ ချို့ယွင်းမှုနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး နှစ် ၄၀ အတွင်း ပိုလာဝက်ဝံအရေအတွက်ဟာ ကျဆုံး ထိခိုက်နိုင်ချေ ပိုများလာမှာ ဖြစ်ပါတယ်။

“ကျွန်ုပ်တို့ရဲ့လေ့လာမှုက ဆိုးရွားတဲ့ကြိုတင်ခန့်မှန်းချက်တွေဟာ ပင်လယ်ရေခဲပြင်အပေါ် ပိုလာဝက်ဝံတွေ မှီခိုအားထားနေရမှုနှင့် လူသား​တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ရေခဲများ လျင်မြန်စွာ ဆုံးရှုံး သွားခြင်းနှင့် တိုက် ရိုက် ပတ်သတ်နေတယ် ” ဟု စာတမ်းကို ပူးတွဲရေးသားသူ Marika Holland က ဆိုပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို အလယ်အလတ်ဖြတ်တောက်ခြင်းဟာ ပိုလာဝက်ဝံတွေရဲ့သက်တမ်းကို အနည်းငယ်တိုးစေနိုင်သော်လည်း ရာစုနှစ်အကုန်မှာ မျိုးသုဉ်းခြင်းကတော့ ကယ်တင်နိုင်မှာမဟုတ်ကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

တကယ်လို့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ လက်ရှိလမ်းကြောင်းအတိုင်း ဆက်ရှိနေမယ်ဆိုရင် ရာစုနှစ်အကုန်မှာ ကျန်ရစ်မည့် တစ်ခုတည်းသော ပိုလာဝက်ဝံတွေဟာ ကနေဒါနိုင်ငံ အာတိတ်ကျွန်းစုရှိ Queen Elizabeth ကျွန်းတွေမှာ နေထိုင်ရဖွယ်ရှိပါတယ်။

သဘာဝတရား ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာ သမဂ္ဂမှ ပြောကြားထားတဲ့အတိုင်း ရာသီဥတု ဖောက်ပြန်မှုဟာ ကမ္ဘာ့လူဦးရေတိုးပွားလာမှု နှင့် ကမ္ဘာကြီးပူနွေးလာမှုဟာ အဓိက အကြောင်းရင်း ဖြစ်တယ်ဟု ဆိုပါတယ်။

သို့ပေမယ့် ပိုလာဝက်ဝံတွေဟာ သူတို့ရဲ့ ရှင်သန်မှုအတွက် တိုက်ပွဲမ၀င်ဘဲ ကျဆုံးသွားမှာ မဟုတ်ပါဘူး။

အာတိတ်ဒေသ အပူချိန် မြင့်တက်လာတာနှင့်အမျှ အဆိုပါဒေသမှာ နေထိုင်တဲ့ အသားစား မျိုးစိတ်တွေရဲ့ ပုံမှန် အမဲလိုက်ကွင်းတွေဟာ အရည်ပျော်သွားပေမယ့် ၎င်းတို့ဟာ အစာရှာဖို့ မြေပြင်ဆီသို့ စတင်ရွေ့လျားလာနိုင်ပါတယ်။

ဥပမာ ၂၀၁၉တုန်းက ရုရှားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ အာတိတ်ဒေသရှိ အာဏာပိုင်တွေဟာ ငတ်မွတ်ခေါင်းပါးနေတဲ့ ပိုလာဝက်ဝံအုပ်စုကို ရွာတွေထဲ ဝင်ရောက်လာမှာ စိုးရိမ်တဲ့အတွက်ကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါသေးတယ်။

ယခင်က ပိုလာဝက်ဝံတွေဟာ သုတ်သင် ရှင်းလင်းမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

၁၉၆၅ ခုနှစ်တုန်းက စီးပွားဖြစ် ပိုလာဝက်ဝံတွေကို အမဲလိုက်ခြင်းကြောင့် မျိုးသုဉ်းပျောက်ကွယ်မှာကို စိုးရိမ်ခဲ့ကြရပါတယ်။

၁၉၇၃ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း အမဲလိုက်ခြင်းကို တားမြစ်လိုက်တဲ့အတွက်ကြောင့် ဝက်ဝံတွေဟာ ပြန်လည်ရှင်သန်လာခဲ့သော်လည်း ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲပြင်တွေ အရည်ပျော်လာတာကို ဖြေရှင်းဖို့က ပိုမိုရှုပ်ထွေးတဲ့ ပြဿနာတစ်ခုဖြစ်လာပါတယ်။

မျိုးစိတ်တွေရဲ့ အနာဂတ်ဟာ ဆိုးရွားလှသော်လည်း ရုပ်ကြွင်း လောင်စာဆီ လောင်ကျွမ်းမှု လျော့ကျခြင်းဟာ အာတိတ်ဒေသရှိ ရေခဲများ ဆုံးရှုံးမှုကို လျှော့ချနိုင်တယ်ဟု လေ့လာမှုက ထောက်ပြခဲ့ပါတယ်။

သို့သော်လည်း အာတိတ်ရေခဲများ အရည်ပျော်ခြင်းကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ပိုလာဝက်ဝံ​တွေအတွက် မျှော် လင့်ချက်ကျန်ရှိနေမယ်ဆိုရင်တောင် ၎င်းဟာ အစွန်းရောက်လူသားတွေရဲ့လုပ်ဆောင်ချက်​တွေအပေါ် မူတည်နေတာ အသေ အချာပဲ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.