တောင်တရုတ်ပင်လယ်အတွင်း မစင်များ စွန့်ပစ်နေတဲ့ တရုတ်သင်္ဘောများ အန္တရာယ်

Article Knowledge

တရုတ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်း၌ အညစ်အကြေးများ အလွန်အမင်း စွန့်ပစ်နေကြောင်း အာကာသမှတ်တမ်းမှ တွေ့ရှိနေ ရပါတယ်။

တောင်တရုတ်ပင်လယ်ရှိ တရုတ်သင်္ဘောများမှ မိလ္လာများသည် အဲ့ဒီ့နေရာမှာရှိတဲ့ အဏ္ဏဝါဂေဟစနစ်ကို ပျက်စီးစေပြီး အပျက်အစီးများကို အာကာသမှ မြင်နိုင်ပါတယ်။

တောင်တရုတ်ပင်လယ်ရေပြင်တွင် တရုတ်သင်္ဘော ၂၀၀ကျော် မှ မိလ္လာများသည် အဏ္ဏဝါ၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နေပါတယ်။

ပျက်စီးမှုသည် အလွန်ကျယ်ပြန့်သည်ကို အာကာသထဲမှ မြင်နိုင်သည်ဟု အမေရိကန် ဂြိုဟ်ထု ပုံရိပ်ဖော် ခွဲခြမ်းစိတ်ဖြာသည့် ကုမ္ပဏီ ဖြစ်တဲ့ Simularity ၏ အဆိုအရ သိရပါတယ်။

ဂြိုဟ်တုမှ မြင်ရသော အညစ်အကြေးများ

အဆိုပါ ရေပိုင်နက်ရှိ ကျွန်းများကို ပိုင်ဆိုင်သည့် နိုင်ငံတနိုင်ငံ ဖြစ်သော ဖိလစ်ပိုင်သည် ၎င်း၏ အစီရင်ခံစာကို အတည်ပြုရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ရှိ Spratly ကျွန်းစုများ တစ်ဝိုက်၌ တရုတ် ငါးဖမ်းသင်္ဘော ၂၀၀ကျော်မှ စွန့်ပစ်ထားသော အညစ်အကြေးများသည် သန္တာကျောက်တန်းများကို အကြီးအကျယ်ပျက်စီးစေသည်ဟု အမေရိကန်ဂြိုဟ်ထုပုံရိပ်လေ့လာဆန်းစစ်မှုတစ်ခုဖြစ်သော Simularity က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။

Spratly ကျွန်းစုများရှိ ကျောက်ချထား‌သော သင်္ဘောများမှ မိလ္လာများသည် သန္တာကျောက်တန်းများကိုပျက်စီးစေပြီး ထိုသို့ပျက်စီးနေခြင်းကို အာကာသထဲမှ ကျွန်တော်တို့မြင်နိုင်သည်ဟု Simularity တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Liz Derr က Manila အကြံပေးအဖွဲ့ Stratbase ADR Institute မှ ကျင်းပသော ဒစ်ဂျစ်တယ် ဖိုရမ်တွင်ပြောကြားခဲ့တယ်။

ဂြိုဟ်တုမှ မြင်ရသော သင်္ဘောပုံရိပ်များ (ဘယ်ဘက်) နှင့်၎င်းတို့၏သက်ဆိုင်ရာ အညစ်အကြေးများ တိုးပွားလာမှု (ညာ)

ကျောက်ချထားသော ရာနဲ့ချီတဲ့ သင်္ဘောတွေဟာ သူတို့နေနေသောသန္တာကျောက်တန်းများပေါ်သို့ မိလ္လာများ နေ့စဉ်နဲ့အမျှပစ်ချနေသည်ကို Derrက တင်ဆက်မှုအတွင်း ပြောကြားခဲ့ပြီး သင်္ဘောများ မရွေ့သောအခါ မစင်များတစ်ပုံတစ်ခေါင်းဖြစ်လာသည်ဟု ထပ်၍ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မေလ ၁၄ ရက်မှ ၂၀၂၁ ခုနှစ်ဇွန်လ ၁၇ ကြား ငါးနှစ်တာကာလအတွင်း ရိုက်ကူးခဲ့သော ဂြိုဟ်တုပုံများသည် alga ကြီးထွားမှု၌ သိသိသာသာဆန့်ကျင်နေသည်ကိုပြသည်။ ထိုအချိန်ကာလအတွင်း တရုတ်ရေယာဉ် ၂၃၆ စင်းသည် မလှုပ်မယှက်မှတ်တမ်းတင်ခဲ့ကြောင်းသုတေသီများကတွေ့ရှိခဲ့တယ်။

Simularity ၏အရောင်းဒုဥက္ကဌ Peter Koning က သူတို့သင်္ဘောများကို လနှင့်ချီစောင့်ကြည့်နေပြီး သဘေင်္ာများသည် မလှုပ်မယှက်ပဲအဲ့လောက်အကြာရှိနေခြင်းမှာ ပုံမှန်မဟုတ်ကြောင်း Insider သို့ emailမှပြောကြားခဲ့တယ်။

ပိုလျှံသောမိလ္လာသည်ရေတွင် အောက်ဆီဂျင်ပြတ်လပ်မှုကိုဖြစ်ပေါ်စေသော phytoplankton ကြီးထွားမှုကို အားပေးသည်။ရေတွင်အောက်ဆီဂျင်လုံလောက်စွာမရရှိပါက သန္တာကျောက်တန်းများကျက်စားရာနေရာများသည် သေဆုံးနိုင်ပါတယ်။

ဒီဘက်တီးရီးယားတွေက ငါးတွေအတွက်ပုံမှန်ရနိုင်မယ့် အောက်ဆီဂျင်ကို စားသုံးပြီး ငါးတွေ သေဆုံးနိုင်တဲ့ ဇုန်တစ်ခုကို ဖန်တီးနေတယ်ဟု Simularity က သူ၏ အစီရင်ခံစာ၌ ပြောကြားခဲ့ပါတယ်။

သန္တာကျောက်တန်းများသည် ဖွဲ့စည်းရန်နှစ်ပေါင်း ၁၀၀၀၀ အထိအချိန်ယူရပါတယ်။ အတားအဆီးသဖွယ် ကျောက်တန်းများနှင့် Atoll လို့ခေါ်တဲ့ ကွင်းပုံစံ ကျောက်တန်းများဟာ အပြည့်အဝပုံဖော်ရန် နှစ်ပေါင်း ၁သိန်း မှ သန်း ၃၀ အထိ ကြာမြင့်ပါတယ်။

လျော့နည်းသွားသော အမဲရောင် နယ်မြေ များက လွန်ခဲ့သောငါးနှစ်အတွင်း ရေညှိများ ကြီးထွားမှုကို ညွှန်ပြ နေပါတယ်။

ဒါဟာ ကြီးမားသော ကပ်‌ဘေးတခုဖြစ်လာပြီး ကျွန်တော်တို့ဟာ အဆုံးထိလုပ်ဖို့ လိုအပ်နေပြီဟု Derrက ပြောခဲ့ပါတယ်။

Simularity က တောင်တရုတ်ပင်လယ်အတွင်း သန္တာကျောက်တန်းများသာ အန္တရာယ်ရှိနေရုံမက ဒေသအတွက် အရေးကြီးသော အစား အစာအရင်းအမြစ် ဖြစ်သော ငါးသိုလှောင်မှုကိုပါ အန္တရာယ်ရှိနေကြောင်း သတိပေးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အရေး တောင်းဆိုသူတစ် ဦးဖြစ်သော ဖိလစ်ပိုင်က ၎င်းသည် Simularity ၏အစီရင်ခံစာကို အတည်ပြုရန်လုပ်ဆောင်နေသည်ဟု ဆိုပါတယ်။

ကျွန်တော်တို့ ဒီအညစ်အကြေးတွေကို စွန့်ပစ်တာကို အတည်ပြု လုပ်‌ဆောင်နေစဉ် ဒီလိုတာဝန်မဲ့‌သော လုပ်ရပ်တွေက ဒီနေရာ ဒေသရဲ့ အဏ္ဏဝါဂေဟစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ကျွန်တော်တို့ယူဆတယ်” ဟုကာကွယ်ရေး ၀ န်ကြီး Delfin Lorenzana က Reuters သတင်းဌာနတွင် ဖော်ပြထားပါတယ်။

တရုတ်က ကျွန်တော်တို့ကို အိမ်သာလို့ သဘောထားတာဟာ ပြည်တွင်းနဲ့ ပြည်ပနှစ်ခုလုံး ရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို သိသာစွာ ချိုးဖောက်မှု တစ်ရပ်ဘဲဟု ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် Grace Poe က Inquirer ကို အစီအရင်ခံစာထဲတွင် ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်နှင့်အင်ဒိုနီးရှား ငါးနိုင်ငံက တောင်တရုတ်ပင်လယ်မှာရှိတဲ့ ကျွန်းတွေကို ပိုင်ဆိုင်ခွင့်ရှိတယ်ဟုတောင်းဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာတရားရုံး (သို့မဟုတ်) The Hague သည် တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်းတောင်းဆိုမှုများကို ငြင်းပယ်ခဲ့ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.